ဖြေကြားချက် ၁ ခု
@ဇေယျာစိုး ဘူးပင် ပင်စည်ရိုးကွဲအစေးထွက်ရောဂါ(Gummy Stem Blight )ရောဂါကျတာပါ၊ဒီ ရောဂါသည် Stagonosporopsis မှိုပိုးကြောင့် ဖြစ်ပွားပြီး အစိုဓာတ်များခြင်း၊ ရေဝပ်ခြင်းနှင့် လေဝင်လေထွက် မကောင်းခြင်းတို့ကြောင့် ပိုမိုဆိုးရွားတတ်ပါတယ်။ ရောဂါသက်သာစေရန် တစ်ပင်လုံးနှင့်ပင်စည်အရင်း ရောဂါရနေသော မြေဆီလွှာထဲသို့ Difenoconazole + Cyprodinilသိူ့မဟုတ် Azoxystrobin+Difenoconazole သို့မဟုတ်ကာဗင်ဒါဇင် (Carbendazim)၊ သိုင်အိုဖနိတ် မီသိုင်း (Thiophanate-methyl) မှိုသတ်ဆေးတစ်မျိုးမျိုးကို စနစ်တကျ ဖျန်းပေးရပါမယ်။ တစ်ပြိုင်နက်တည်းမှာပင် ရောဂါပြင်းထန်သည့်အပင်များကို နှုတ်ယူမီးရှို့ခြင်း၊ ရေနုတ်မြောင်းကောင်းမွန်အောင် ပြုပြင်ခြင်းနှင့် နောက်ရာသီတွင် အနွယ်ဝင်သီးနှံမဟုတ်သော အပင်များနှင့် သီးလှည့်စိုက်ပျိုးခြင်းတို့ကို လုပ်ဆောင်ရပါမယ်။မဆွေးမြည့်သေးသော နွားချေးစိမ်းများကို သုံးပါက မှိုပိုး ပိုမိုပွားများတတ်သဖြင့် လုံးဝ (လုံးဝ) မသုံးရပါ။ နောက်နှစ်မှာထရိုင်ကိုဒါးမား (Trichoderma) ကဲ့သို့သော အကျိုးပြုမှိုများကို မြေဆွေးနှင့် ရောစပ်ပြီး မြေခံတွင် ထည့်သွင်းပေးပါ။
ဆက်စပ်မေးခွန်းများ
ဘူးသီးတွေအတွင်းမာ ပုပ်ကုန်ပြီး အဲ့လိုအရည်တွေထွက်ပုပ်ကုန်တာ ဘာကြောင့်လဲဗျ ပိုးဆိုရင်လည်းဘာပိုးလဲရယ် ဘယ်လိုနှိမ်...
ဖြေကြားချက် 2 ခု
ဘူးသီးပျိုးပင်တွေ မြေပေါ်ချပြီး ၃ ၄ရက်နေတာနဲ့ခါးတွေ ညိ့ပြီး အပက်တွေသေ အရိုးတွေကွဲဖြစ်ကုန်လို့ တချို့ဆို အပင်...
ဖြေကြားချက် 1 ခု
အသီးမာအမည်းစက်လေးတွေအပေါက်ကလေးတွေဖြစ်နေပါတယ် အသီးပုပ်တာမျိုးတော့မရှိပါဘူး ပိုးကောင်လည်းသိပ်မတွေ့ပါဘူး မှိုရော...
ဖြေကြားချက် 2 ခု
ဘူးပင်ကိုဘယ် ရာသီတွေမှာစိုက်တာအကောင်းဆုံးလဲဗျ
ဖြေကြားချက် 2 ခု
ကျွန်တော်စိုက်ခင်းမှာ အဓိက ဘူး၊ရွှေဖရုံ၊ကျောက်ဖရုံစိုက်ပါတယ်။ သီးလာတဲ့ အသီးတွေကြတော့ ပျားကိုက်လို့ ပုက်ကုန်ပါ...
ဖြေကြားချက် 1 ခု