ငှက်ပျော အမှည့်မှာ သီးထိုးယင်လာလာထိုးနေလို့ ဘယ်လိုလုပ်ရမလဲ ခင်ဗျ methyl eugenol နဲ့ ထောင်ခြောက်လုပ်ဖမ်းရတယ်လို့ပြောလို့ ဘယ်မှာဝယ်ရခင်ဗျ
@nay myo naing ငှက်ပျောသီးထိုးယင်ကို နှိမ်နင်းရန်အတွက် ဆွဲဆောင်ဆေးဖြစ်သော မီသိုင်းယူဂျီနော (Methyl Eugenol) ကို မြို့နယ်ရှိ စိုက်ပျိုးရေးဆေးဆိုင်ကြီးများတွင် မေးမြန်း ဝယ်ယူရရှိနိုင်ပါတယ်။ အကယ်၍ ဆေးဝယ်ယူရန် ခက်ခဲပါကအသီးများကို အစွပ်စွပ်ပေးခြင်းနှင့် ပုပ်အက်ကြွေကျနေသော အသီးများကို မြေမြှုပ်ဖျက်ဆီးခြင်းဖြင့် သီးထိုးယင်အန္တရာယ်ကို အထိရောက်ဆုံး ကာကွယ်နိုင်ပါလိမ့်မယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
တနင်္သာရီတိုင်းတွင် တင်လဲရည်ဝယ်ယူရန်မလွယ်ပါသောကြောင့် ငါးအမိုင်နို့နင့် သဘာဝမြေဩဇာလုပ်ရာတွင့်အသုံးပြုသော တင်လဲ...
ဖြေကြားချက် 1 ခု
ငှက်ပျောပင်ကို မေလ နှင့် လာမဲ့ နိုဝင်ဘာလတွေမှာ စိုက်လို့ရလားဗျ
ဖြေကြားချက် 2 ခု
ငှက်ပျောချဥ်ပင်ပိုးကျလို့အကုန်လုံးကိုခုတ်ပစ်လိုက်ပါတယ်။အခုပြန်လည်အသစ်ထွက်နေပါပြီ။အခိုးအသစ်ထွက်နေတဲ့အဲဒီအပင်လေး...
ဖြေကြားချက် 1 ခု
ငပျောပင်ကြီးခုတ်လိုက်လို့ ထပ်ပေါက်လာတဲ့ ငှက်ပျောပင်လေးတွေကို ရွေ့စိုက်လို့ရလား? ထားမယ်ဆိုရင်ရော ဘယ်နှစ်ပင်သင့်...
ဖြေကြားချက် 1 ခု
ပူတာအိုဒေသမှာ ဘယ်လိုငှက်ပျောသီးစိုက်ပျိုးရင်ဖြစ်ထွန်းမလည်း။ စိုက်ပျိုးနည်း လည်းအသေးစိတ်လမ်းညွန်ပေးပါ။ ငှက်ပြော...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။