အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Win Tunn
Win Tunn 2
လွန်ခဲ့သော ၄၄ မိနစ် က · ဗဟန်း

ငရုတ်ပင်များအပွင့်ပွင်ပြီးလျှင်အရွက်များညိုပြီးမီးလောင်သလိုဖြစ်ဆက်မကြီးတော့ပါ၊ ပန်းအိုးနဲ့စိုက်တာဖြစ်ပါတယ်၊ ကြက်သဟင်းပင်လည်းအရွက်နု့လေးတွေလိပ်လာတပ်ပါတယ်၊ ဘယ်လိုလုပ်ရမလဲအကြံပေးပါ၊ Singappore မှဖြစ်ပါတယ်။ ကျေးဇူးပါ။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက် အညွန့်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ
ပိုးမွှားရောဂါ ငရုတ်သီး
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 463,269 လွန်ခဲ့သော ၂၉ စက္ကန့် က

@Win Tunn ပုံပါ ငရုတ်ပင်၏ အရွက်များ ဝါခြင်း၊ အညိုရောင်သန်းပြီး မီးလောင်သလို ခြောက်သွေ့နေခြင်းမှာ Broad Mite (မွှားပင့်ကူတစ်မျိုး) နှင့် လှေးပိုး (Thrips) ကဲ့သို့သော ပင်ရည်စုပ်စားပိုးများ ကျရောက်နေခြင်း ဖြစ်ပါတယ်။ ဤပိုးမွှားများသည် အညွန့်နုနှင့် အရွက်အောက်မျက်နှာပြင်တွင် ခိုအောင်းစုပ်စားသောကြောင့် အရွက်များ တွန့်လိပ်ခြင်း၊ အညွန့်တုံးပြီး အပင်ဆက်မကြီးခြင်းနှင့် အနီးရှိ ကြက်သဟင်းပင်သို့ပါ ကူးစက်ခြင်းတို့ ဖြစ်ပေါ်နေခြင်း ဖြစ်ပါတယ်။ ထို့အပြင် ပန်းအိုးအတွင်း မြေဆီလွှာနှင့် ရေဝပ်မှုကြောင့် မဂ္ဂနီဆီယမ် (Magnesium) ကဲ့သို့ အာဟာရစုပ်ယူမှု အားနည်းခြင်းလည်း ပါဝင်ပါတယ်။ စင်ကာပူ (Singapore) ကဲ့သို့ ပူပြင်းစွတ်စိုသော ရာသီဥတုတွင် ပန်းအိုးဖြင့် စိုက်ပျိုးပါက ရေလောင်းများ၍ အမြစ်မွှားများ ပုပ်ခြင်း၊ သို့မဟုတ် မြေချဉ်ငန်ဓာတ် (pH) မမှန်သဖြင့် မဂ္ဂနီဆီယမ် (Magnesium) နှင့် သံဓာတ် (Iron) စုပ်ယူမှု အားနည်းခြင်းတို့ ဖြစ်တတ်ပါတယ်။ကုသရန်အတွက် ရောဂါရ အရွက်များကို ဦးစွာ ညှပ်ထုတ်ပြီး တမာဆီ (Neem Oil) သို့မဟုတ် Abamectin ပါဝင်သော ပိုးသတ်ဆေးကို အရွက်အောက်မျက်နှာပြင်အနှံ့ ၅ ရက်ခြား တစ်ကြိမ်နှုန်းဖြင့် ၃ ကြိမ်ခန့် ဖျန်းပေးရပါမယ်။ တစ်ဆက်တည်းတွင် အပင်အားပြန်ပြည့်စေရန် အနည်းလိုအဟာရပါရွက်ဖျန်းအားဆေး(Ca,B,Zn,Mn) နှင့် Seaweed Extract သို့မဟုတ် အမိုင်နိုအက်စစ်အားဆေးရည်တို့ကို ဖျော်စပ်ပြီး အနီးရှိ ကြက်သဟင်းပင်ကိုပါ တစ်ပြိုင်နက် ဆေးဖျန်းကုသပေးရန် လိုအပ်ပါတယ်။ပန်းအိုးအောက်ခြေမှ ရေကောင်းစွာ စီးဆင်းမှု ရှိ၊ မရှိ စစ်ဆေးပါ။ အပေါ်ယံမြေ ခြောက်သွေ့မှသာ ရေလောင်းပေးပါခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။