ဖြေကြားချက် ၃ ခု
အခုတလော၊ငရုတ်ခင်းတွေ၊ပဲခင်းတွေ၊ရေများ၊အစိုများပြီး အမြစ်လေးတွေ ရေငုံရာမှတဆင့် အစာေကြာ၊ရေကြောပိတ်ပြီး ညှိုးသေေတွေ့ရတယ်။ အရင်ဆုံး အမြစ်လေးတွေ လေရှူနိုင်အောင်ဖွင့်ပေးပါ။ပြာဖြူးခြင်း၊ဂျစ်ဆန်၊ကေဟူးမစ် ဖြူးခြင်း အရင်ပြုလုပ်ပါ။ အပင်မှိုင်နေတုန်း အားဆေးဖျန်းခြင်း၊မှိုဆေးဖျန်းခြင်းမပြုလုပ်ပါနဲ့။ မြေဖန့်လာရင် အပေါ်ယံေမြကြော ဖွင့်ပေးပါ။အမြစ်မထိခိုက်ပါစေနဲ့။ အားလုံးပြီးလို့ အပင်၊အညွန့်လေးတွေလန်းလာမှ၊fosetyl ဖျန်းပါ။metalaxyl တမျိုးတည်း နုန်းထားအမြင့်မဖျန်းပါနဲ့။
@Aye thiri nwe မိုးကြီးရွာပြီးမှ ငရုတ်ပင်များ ကွက်ကြားကွက်ကြား အစိမ်းညှိုးသေဆုံးခြင်းမှာ မြေတွင်းအစိုဓာတ်များလွန်းခြင်းကြောင့် ဖြစ်ပွားတတ်သော ဘက်တီးရီးယားပင်ညှိုးရောဂါ (Bacterial Wilt) သို့မဟုတ် မှိုကြောင့်ဖြစ်သော ပင်စည်ရင်းပုပ်ရောဂါ (Phytophthora Blight) ကြောင့် ဖြစ်ပါတယ်။ ရောဂါအမျိုးအစား ခွဲခြားရန် ပင်စည်အောက်ခြေကို ဖြတ်၍ ရေကြည်ဖန်ခွက်ထဲ စိမ်ကြည့်ပါက နို့နှစ်ရောင်အမျှင်တန်းများ ထွက်လာလျှင် ဘက်တီးရီးယားရောဂါဖြစ်ပြီး ပင်စည်ရင်းအခေါက် မည်းပုပ်နေပါက မှိုရောဂါ ဖြစ်ပါတယ်။ ကုသရန်အတွက် ရောဂါရအပင်များကို အမြစ်ပါမကျန် ချက်ချင်းနုတ်ယူ မီးရှို့ဖျက်ဆီးပြီး ကျင်းနေရာတွင် ထုံးဖြူးပေးပါ။ ထို့နောက် ကျန်ရှိသော အပင်ကောင်းများ မကူးစက်စေရန် ဘက်တီးရီးယားရောဂါအတွက် ကော့ပါး (Copper Oxychloride/ Copper hydroxide) သို့မဟုတ် ကာဆူဂါမိုင်စင် (Kasugamycin)၊ Bismerthiazole၊ Oxolinic acid ဆေးတစ်မျိုးမျိုးကိုလည်းကောင်း၊ မှိုရောဂါအတွက် မက်တယ်လက်ဇီး(Metalaxyl) သို့မဟုတ် ဖော့စီတိုင်းအလူမီနီယမ် (Fosetyl-Al) ဆေးကိုလည်းကောင်း အပင်ခြေရင်းသို့ ဖျန်းပေးရပါမယ်။ ယူရီးယား (ပုလဲ) မြေသြဇာကျွေးခြင်းကို ခေတ္တရပ်နားထားပြီး ရေနုတ်မြောင်းများကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပေးပါခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ။ဘာကြောင့်ဖြစ်လဲသိနိုင်ရန် ဖန်ခွက်ထဲစိမ်ကြည့်ပါဗျ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ဒီနှစ် ငရုပ်စျေးနဲ့ပြောင်းစျေးလေး ကောင်းနိုင်လားရှင့် မနှစ်က ငရုပ်စျေးလေးလောက်ရှိရင်အဆင်ပြေပါတယ် စျေးကောင်းရ...
ဖြေကြားချက် 2 ခု
ဆရာတို့ခင်ဗျာ မီးဖိုချောင်မှထွက်သောပြာကို ငြုပ်/ပြောင်းပင် တို့မှာ မြေသြစာအဖြစ် အသုံးပြု၍ရပါသလားဗျ ကောင်းကျိုး...
ဖြေကြားချက် 2 ခု
ငရုတ်ဒီလို့ ဖစ်နေလို့ ဘာဆေးဖျန်းရမလဲ
ဖြေကြားချက် 1 ခု
ဘာဆေးပတ်ရင်မြန်မြန်ပျောက်နိုင်မလဲဗျ
ဖြေကြားချက် 1 ခု
ငရုတ်အရွက်တွေပုံထဲကလိုဖြစ်နေလို့ဘာပိုးကျ ဘာဆေးဖျန်းရမလဲဆရာတို့
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ