အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုချမ်း
လွန်ခဲ့သော ၅၅ မိနစ် က · ပြင်ဦးလွင်

ဘာဆေးဖျန်းရမလဲခင်ဗျ

ပိုးမွှားရောဂါ မေမြို့
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 475,583 လွန်ခဲ့သော ၄၀ မိနစ် က

@ကိုချမ်း ပုံထဲက မေမြို့ပန်းပင်ရဲ့ အောက်ခြေအရွက်တွေ ဝါခြောက်လာတာဟာ အောက်တာနေးရီးယား ရွက်ခြောက်ရောဂါ (Alternaria Leaf Blight) ကြောင့် ဖြစ်ပါတယ်။ ဒီရောဂါကို ထိန်းချုပ်ဖို့အတွက် Tebuconazole + Trifloxystrobin သို့မဟုတ် Azoxystrobin + Difenoconazoleလို ပင်လုံးပျံ့နှံ့အာနိသင်ရှိတဲ့ မှိုသတ်ဆေးတွေကို ၅ ရက်မှ ၇ ရက်ခြား တစ်ကြိမ်၊ ၂ ကြိမ်မှ ၃ ကြိမ်ခန့် အရွက်အပေါ်အောက် နှံ့စပ်အောင် ဖျန်းပေးရပါမယ်။ ဆေးယဉ်ပါးမှုမဖြစ်အောင် ဆေးအုပ်စုမတူတာကို တစ်လှည့်စီ ပြောင်းဖျန်းပေးပါ။ ဒါ့အပြင် ရောဂါရနေတဲ့ အောက်ခြေအရွက်ဟောင်းတွေကို ခူးယူမီးရှို့ဖျက်ဆီးပြီး အပင်ပေါ်ကနေ ရေပန်းနဲ့ဖျန်းလောင်းတာကို ရှောင်ကြဉ်ကာ အပင်ခြေရင်းကိုသာ မနက်ပိုင်း ရေလောင်းပေးပါ။ ပုလဲမြေဩဇာကို ခဏရပ်ထားပြီး အပင်ခံနိုင်ရည်ရှိစေဖို့ ပိုတက်စီယမ် (Potassium) နဲ့ ကန့် (Sulphur) ပါတဲ့ ရွက်ဖျန်းအားဆေးတွေကို တွဲဖက်အသုံးပြုပေးပါခင်ဗျာ။ဆေးတစ်ခါဖျန်းပြီးတိုင်းရောဂါကျအရွက်များဆက်လက်ပျံ့ပွားခြင်းရှိမရှိအမြဲစစ်ဆေးပါ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။