အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဇေယျာစိုး
လွန်ခဲ့သော ၃၈ မိနစ် က · ကျွန်းစု

ဒီခရမ်းပင်က ဘာရောဂါကျရောက်နေပါသလဲခင်ဗျာ? ကုသနိုင်မည့်နည်းလမ်းများကိုလည်း သိလိုပါတယ်

ပိုးမွှားရောဂါ ခရမ်းသီး
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 477,757 လွန်ခဲ့သော ၅၈ စက္ကန့် က

@ဇေယျာစိုး ပုံပါခရမ်းပင်သည် ဗာတီစီလီယမ်ပင်စည်ညှိုးရောဂါ (Verticillium wilt) ထက် ဖြုတ်စိမ်း (Leafhopper / Jassids) စုပ်စားပိုးကျရောက်ခြင်း ဖြစ်နိုင်ခြေ အများဆုံးဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ပင်စည်ညှိုးရောဂါဖြစ်ပါက အပင်တစ်ပင်လုံး နေ့လယ်ခင်းတွင် သိသိသာသာ ညှိုးနွမ်းနေတတ်သော်လည်း ယခုပုံတွင် အပင်မှာ လန်းဆန်းနေဆဲဖြစ်ပြီး အရွက်အနားသတ်များသာ ဝါလာခြင်း (Hopperburn) ကို တွေ့ရသောကြောင့် ဖြစ်ပါတယ်။ သေချာစေရန် မနက်စောစောတွင် ဝါနေသောအရွက်အောက်ဘက်ကို လှန်ကြည့်ပါက ဘေးတိုက်ပြေးတတ်သည့် အစိမ်းနုရောင်ပိုးကောင်လေးများကို တွေ့ရပါမယ်။ ကာကွယ်နှိမ်နင်းရန်အတွက် ပိုးကျမှုနည်းပါက တမာပိုးသတ်ဆေး (Neem oil) နှင့် ပိုးများပါက အင်မီဒါကလိုပရစ် (Imidacloprid) သို့မဟုတ်အက်ဆီတာမီပရစ် (Acetamiprid) ကဲ့သို့ စုပ်စားပိုးသတ်ဆေးတစ်မျိုးမျိုးကို အရွက်အောက်မျက်နှာပြင် နှံ့စပ်အောင်တောင်သူအများစုကတော့ ဖျန်းပေး သုံးစွဲလေ့ရှိတယ်။ဝါနေပြီးသား အရွက်ဟောင်းများမှာ ပြန်စိမ်းလာမည် မဟုတ်ပါ။ ဆေးဖျန်းပြီးနောက် ထွက်လာမည့် အရွက်သစ်များ စိမ်းလန်းကျန်းမာနေပါက ပိုးနှိမ်နင်းမှု အောင်မြင်ပါတယ်။ အပင်အားပြန်ပြည့်စေရန် ပိုတက်စီယမ် (Potassium) နှင့် အမိုင်နိုအက်ဆစ် (Amino acid) ပါဝင်သော ရွက်ဖျန်းအားဆေးကို ဖျန်းပေးနိုင်ပါတယ်။အကယ်၍ ဖြုတ်စိမ်းမတွေ့ဘဲ အပင်ပါ ညှိုးလာပါက မြေကြီးနှင့်ကပ်နေသော ပင်စည်အောက်ခြေကို ဓားဖြင့် ဒေါင်လိုက်ခွဲကြည့်ပါ။ အတွင်းသား (အစာရေကြော) တွင် အညိုရောင် အစင်းကြောင်းများ တွေ့ရမှသာ Verticillium wilt ရောဂါ ဖြစ်ပါတယ်ခင်ဗျာ။ အပင်တွေကိုမတ်တပ်ညှိုးသေစေတဲ့ ဗာတီစီလီယမ်ပင်ညှိုးရောဂါ ဗဟုသုတအဖြစ် ဆောင်းပါးြို ထည့်ပေးထားလိုက်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။