သင်္ဘောပင်ကိုတနစ်တခါဘယ်လိုမြေဆီများထဲ့ပေးရပါသလဲထဲ့ပေးရင်လဲဘယ်တိုင်းတါထိထဲ့ပေးပါရသလဲဗျာတပင်ကိုဘယ်လေါက်ထဲ့ရပါသလဲဗျာရှင်းပြပေးပါဗျ
သင်္ဘောစိုက်ပျိုးရာတွင် နိုက်ထရိုဂျင်ဓါတ်၊ ဖော့စပရပ်ဓါတ်၊ ပိုတက်စီယံဓါတ်တို့ အရေးပါသည်မှာ အထင်အရှားပါ။ ရေသွင်းစိုက်ပျိုးသည့် အခြေအနေတွင် သဘောင်္ပင်အား တစ်ပင်လျင် တစ်နှစ်စာအတွက် နိုက်ထရိုဂျင်ဓါတ် ၄၀ဝ ဂရမ်၊ ဖော့စပရပ်ဓါတ် ၂၅၀ ဂရမ်၊ ပိုတက်စီယံဓါတ် ၄၀ဝ ဂရမ် (သို့မဟုတ်) ယူရီးယား ၈၇၀ ဂရမ် (၅၃ကျပ်သား)၊ တီစူပါ ၅၅၅ ဂရမ် (၃၄ကျပ်သား)၊ ပိုတက် ၆၆၆ ဂရမ် (၄၀ကျပ်သား) တို့ကို (၆) ကြိမ်ခွဲပြီး ထည့်သွင်းပေးသင့်သည်။ မိုးနှင့် စိုက်ပျိုးသောသင်္ဘောခင်းတွင်လည်း မိုးဦးတွင် တစ်ကြိမ်နှင့် မိုးနှောင်းတွင် တစ်ကြိမ်စုစုပေါင်း (၂) ကြိမ်ခွဲကျွေးပါ။ မိုးကာလရှည်ပါက သုံးကြိမ်ခွဲကျွေးနိုင်ပါသည်။ တစ်နှစ် တစ်ကြိမ် တစ်ပင်ခြင်းအတွက်မြေဆွေး ၁၂-၁၅ ပိဿာခန့် ထည့်သွင်းပေးသင့်သည်။ မြေသြဇာကျွေးသည့် အချိန်တွင်မြေတွင် လုံလောက်သော အစိုဓာတ် ရှိနေရမည်။ မြေသြဇာများကို သင်္ဘောပင်ပတ်လည်ရှိ ရေသွင်းမြောင်းတွင်သာ တူးဆွ၍မြေနှင့် သမအောင်လုပ်ပါ။ အသီးမခူးမီ ၆ လ အလိုတွင်မြေသြဇာကျွေးခြင်းအား ရပ်နားရမည်ဖြစ်သည်။ သင်္ဘောပင် စိုက်ပျိုးနည်း
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါ အကိုတို့ သဘောၤပင်အတွက် သဘာဝမြေသြဇာတေ ကျွေးရင် ဘာတေကောင်းပါသလဲ သိရင် ပြောပြပါ အကိုတို့
ဖြေကြားချက် 2 ခု
ဘာဖြစ်တာလဲမသိဘူးဗျာ နည်းလေးပေးကြပါအုံးဆရာတို့
ဖြေကြားချက် 6 ခု
ကျွန်တော် သင်္ဘောပင်လေးတွေ ပုံပါအတိုင်း ဖြစ်နေလို့ ဘယ်လိုလုပ်မလဲ မသိလို့ပါ သိတဲ့အကိုများ ကျေးဇူးပြု၍ ဘာလုပ်ရမ...
ဖြေကြားချက် 7 ခု
ဘာရောဂါလည်းမသီဘူး
ဖြေကြားချက် 2 ခု
ဘာလုပ်ရမှာလည်း
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။