အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

(1) နွားချေးကို မီးရှို့လိုက်လျှင် အပင်အတွက် အကျိုးရှိတဲ့အဟာရဓာတ်တွေ ',အဏုဇီဝပိုးလေးတွေ ',ပဋိပစွီး တွေ မဆုံး...

(1) နွားချေးကို မီးရှို့လိုက်လျှင် အပင်အတွက် အကျိုးရှိတဲ့အဟာရဓာတ်တွေ ',အဏုဇီဝပိုးလေးတွေ ',ပဋိပစွီး တွေ မဆုံးရှုံးကုန်ဘူးလား (2)နွားချေးကို ပြာ ချပြီးသုံး တာနဲ့ ဒီအတိုင်းသုံးတာ ဘယ်ဟာကပိုကောင်းလဲ (3)နွားချေးပြာနဲ့ အခြား ပြာ အာနိသင် ဘာကွာလဲ

မြေဆီလွှာ ဥယျာဉ်ခြံ သီးနှံ၊ သစ်သီးဝလံ

ဖြေကြားချက် ၂ ခု

12,778 လွန်ခဲ့သော ၈ နှစ် က

နွားချေးကို မီးရှို့လိုက်ရင် အပင်အတွက်အကျိုးရှိတဲ့အာဟာဓာတ်/အဏုဇီဝသက်ရှိတွေ မဆုံးရှုံးကုန်ဘူးလား။ အပင်အတွက်အကျိုးရှိတဲ့အာဟာဓာတ်/အဏုဇီဝသက်ရှိတွေ ဆုံးရှုံးကုန်တဲ့ ရှု့ထောင့်ကကြည့်ရင် ဆုံးရှုံးကုန်တာပေါ့။ နွားချေးအဆွေးကို စိုက်ပျိုးမြေတွေမှာ တိုက်ရိုက်ထည့်သွင်းတဲ့ အဓီကရည်ရွယ်ချက်က Organic Matter Amendment အနေနဲ့ထည့်တာ။ ဒီမှာလည်း အပင်တွေက နွားချေးကို Organic Matter Source အနေနဲ့ ထည့်လိုက်ပေမယ့် အပင်တွေက အာဟာရဓာတ်တွေကို Organic Form အနေနဲ့ မစားသုံးနိုင်၊မစုပ်ယူနိုင်ပါဘူး။ Inorganic form ကို ပြောင်းပေးဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် အချိန်ကာလတစ်ခုကြာပါတယ်။ နွားချေးကို ပြချသုံးတဲ့ ဒီ Cattle manure Ash ရဲ့ ရည်ရွယ်ချက်က Organic Matter Source အနေနဲ့ ထည့်သွင်းတာမဟုတ်ဘဲ တခြားအဓိက ရည်ရွယ်ချက် (၂) ခုနဲ့ လုပ်တာပါ။ နွားချေးက ပါလာတဲ့ ပေါင်းမြက်စေ့တွေကို မီးရှို့လိုက်ခြင်းဖြင့် သေသွားစေချင်တာရယ် မီးရှို့လိုက်လို့ရလာတဲ့ ပြာက Potash ဓာတ်ကို အပင်တွေအတွက် အဓိကရစေလိုခြင်းဖြစ်ပါတယ်။ ပြီးတော့ မီးရှို့လိုက်ခြင်းကြောင့် အပင်အတွက်အနှောင့်အယှက်ပေးမယ့် ပိုးမွှားရောဂါတွေလည်း တားဆီးပြီးသားဖြစ်သွားတယ်။ နွားချေးကို ဒီအတိုင်းထည့်တာထက် မီးရှို့ပြာချပြီးထည့်တာ အပင်အတွက် Potash ဓာတ်ကို ပိုမိုမြန်မြန်ရစေတယ်။ နွားချေးကို ပြာချသုံးတာနဲ့ ဒီအတိုင်းသုံးတာ ဘယ်ဟာက ပိုကောင်းလဲ။ သူ့ရည်ရွယ်ချက်နဲ့သူ (၂) ခုစလုံးကောင်းပါတယ်။ ကောင်းကျိုးဆိုးပြစ်ကတော့ (၂) ခုစလုံးမှာ ရှိတာပါပဲ။ နွားချေးပြာနဲ့ အခြားပြာ အာနိသင်ဘာကွာလဲ။ Nutrient composition/rate တွေ တူမှာ မဟုတ်ပါဘူးလို့ ယူဆပါတယ်။ ဒါကတော့ သုံးတဲ့ materials တွေပေါ်မူတည်ပြီး Analysis လုပ်ကြည့်မှပဲ အတိအကျသိနိုင်ပါလိမ့်မယ်။ Han Phyo Aung (Horticulture)

12,778 လွန်ခဲ့သော ၈ နှစ် က

ဒါ ဆရာက Sustainable Agriculture Extension Manual စာအုပ်တစ်အုပ်ကနေ ဘာသာပြန်ပြီး ရေးထားတာပါ။ ကျွန်တော်လည်း ကိုသန့်ဇင်စိုးလိုပဲ သဘောတူပါတယ်။ ပြာမချရင် နွားချေးထဲမှာ ပါတဲ့ ပေါင်းစေ့တွေ ပေါက်လာပြီး ပေါင်းပြသနာတော့ ရှိလာမှာပါ။ ပေါင်းစေ့ကို သတ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ အချိန်မရတဲ့သူတွေအတွက်ပေါ့။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။