ဖြေကြားချက် ၃ ခု
ထောပတ်သီးက အအေးကြိုက်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ပြင်ဦးလွင်မှာတော့ ကောင်းကောင်းဖြစ်ထွန်းနေတာ တွေ့ရပါတယ်။ သို့သော် နေရောင်ခြည်ရရှိဖို့ လိုအပ်ပါသည်။ အရိပ်ကျနေရင် အပင်က အသီးမတင်ပါဘူး။ တင်ခဲ့ရင်လည်း အလုံးသေးသွားတတ်ပါတယ်။ မြေကြီးက ချဉ်ငန်ဓာတ် ၆ မှ ၇ ကြားဆို ကောင်းမွန်ပါတယ်။ ပုံကတော့ ထောပတ်သီးအစေ့မှ အပင် ဖောက်နည်း ဖြစ်ပါတယ်။ Photo: Wikipedia
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘယ်ဒေသမှာ Organic Mango Farm တွေရှိသလဲ?
ဖြေကြားချက် 5 ခု
Ginko အပင်၏ မြန်မာ့အခေါ်ဝေါ် ပေါက်ရာဒေသ သိပါရစေ ခင်ဗျာ
ဖြေကြားချက် 0 ခု
နဂါးမောက် ပင်စည်ပုပ်တာရယ် ပင်စည်အဆီခန်းခြောက်တာရယ် အသီးက သေး သေး ဆိုယင် ဘယ်လိုလုပ်ရပါ့မလဲ?ကျေးဇူးပြုပြီးဖြေ...
ဖြေကြားချက် 2 ခု
(1) နွားချေးကို မီးရှို့လိုက်လျှင် အပင်အတွက် အကျိုးရှိတဲ့အဟာရဓာတ်တွေ ',အဏုဇီဝပိုးလေးတွေ ',ပဋိပစွီး တွေ မဆုံး...
ဖြေကြားချက် 2 ခု
အပင်တွေမှာ ဘာဖြစ်လို့ ပိုတက်မြေသြဇာကို ကျွေးဖို့လိုအပ်တာလဲ။ ကျွေးလိုက်ရင် ဘာထူးမှာမို့လို့လဲ။
ဖြေကြားချက် 4 ခု
ရေပန်းစားသော အကြောင်းအရာများ