ဖြေကြားချက် ၂ ခု
နှမ်းစိုက်ပျိုးထုတ်လုပ်ခြင်း မျိုးအမည် - ဆင်းရတနာ ၃၊ ၄၊ ၅၊ နှမ်းနီ သက်တမ်း - ၁၀၀-၁၁၀ ရက် စိုက်ချိန် - မေ-ဇွန် (မိုးရာသီ)၊ စက်တင်ဘာ (မိုးနှောင်း)၊ ဖေဖော်ဝါရီ (မိုးကြို) မြေပြုပြင်ခြင်း ထယ်နှစ်စပ်၊ ထွန်တစ်စပ်၊ နောက်ဆုံးမြေညှိခြင်းလုပ်ဆောင်ပါ။ အပင်အကွာအဝေး - ၁၅ x ၄ လက်မ မျိုးစေ့နှုန်းထား - တစ်ဧက သုံးပေါင်နှုန်း (၂ ပြည်ခန့်) မြေဩဇာနှုန်းထား - သဘာဝမြေဩဇာ ၂ ဧက/တစ်တန်၊ ကွန်ပေါင်းမြေဩဇာ (၁၅ : ၁၅ : ၁၅) တစ်ဧက တစ်အိတ်နှုန်း မစိုက်ခင်ကျွေးပါ။ ပန်းစပွင့်ချိန်နှင့် ပန်းလှိုင်လှိုင်ပွင့်ချိန်တွင် ယူရီးယားကို တစ်ဧက ၂၈ ပေါင်နှုန်းစီ ကျွေးပါ။ အပင်ပြုစုစောင့်ရှောက်ခြင်း - မျိုးစေ့ကို ၁ - ၁.၅ လက်မအနက် စိုက်ပျိုးပေးရမည်။ - စိုက်ပြီး ၁၄ ရက်သားတွင် အနည်းဆုံး တစ်ကျင်းတစ်ပင်ထားပြီး အပင်မှုန်းပေးရမည်။ - အပင်အညှောင့်ပေါက်ပြီးတစ်လအတွင်း ပေါင်းရှင်းအောင်ဆောင်ရွက်ပေးရမည်။ - နှမ်းပင်သည် ပျိုးပင်အဆင့်နှင့် ပန်းပွင့်ချိန်တို့တွင် ရေရှိရန်လိုအပ်သည်။ သို့သော် ရေမဝပ်ရန် သတိထားရမည်။ ပေါင်းရှင်းခြင်း • မြေပြင်ချိန် စနစ်တကျလုပ်ဆောင်ခြင်းဖြင့် ပေါင်းရှင်းအောင် ဆောင်ရွက်ပေးရမည်။ • မြေသြဇာကျွေးရာတွင် အပင်ကရရှိပြီး ပေါင်းစားသုံးမှုလျော့နည်းစေရန် အပင်နားကပ်ပြီး ဂရုတစိုက် ကျွေးပေးရမည်။ • စိုက်ခင်းပတ်ဝန်းကျင် ကန်သင်းများတွင်လည်း ပေါင်းရှင်းရန် ဆောင်ရွက်ရပါမည်။ • ပေါင်းပင်ကို ပန်းပွင့်မတည်ခင် စောနိုင်သမျှ စောစော ပေါင်းရှင်းပေးရပါမည်။ • ပေါင်းကို ပေါက်ပြားဖြင့် ဖြစ်စေ၊ တံဇဉ်ဖြင့်ဖြစ်စေ၊ မြက်ရိတ်စက်ဖြင့် ဖြစ်စေ မြေဖုံးပြီးဖြစ်စေ ဆောင်ရွက်ပေးရပါမည်။ • နှမ်းပင်အုပ်ဆိုင်းသည်အထိ ပေါင်းရှင်းနေအောင် ဂရုစိုက်ပေးရပါမည်။ လက်ပေါင်းလိုက်ခြင်း • ပေါင်းပင်တွေ့လျှင် တွေ့ချင်း လက်ပေါင်းလိုက်ခြင်းကို လုပ်ဆောင်ရမည်။ • စိုက်ပြီး ၃-၈ ပတ်အကြာ ပေါက်ပြားလိုက်ခြင်းကို လုပ်ဆောင်ပေးရပါမည်။ ပေါင်းသတ်ဆေးဖျန်းခြင်း • အပင်မပေါက်ခင် ဖျန်းသည့် ပေါင်းသတ်ဆေး Pendimentalin ကို တစ်ဧက ၁.၅ - ၂ လီတာ နှုန်းဖျန်းပေးရမည်။ (ဥပမာ - Stomp) • အပင်ပေါက်ပြီး ဖျန်းသည့် ပေါင်းသတ်ဆေး Glyphosate တစ်ဧက ၁.၅ - ၂ လီတာနှုန်း ဖျန်းပေးရမည်။ (ဥပမာ - Roundup, Sarosate, or Fitscosate) ရိတ်သိမ်းခြင်း • နှမ်းသီးထောင့် ၇၅ ရာခိုင်နှုန်း ရင့်မှည့်ချိန် (အဝါရောင်ပြောင်းချိန်) ရိတ်သိမ်းခြင်းကို လုပ်ဆောင်ပေးရမည်။ • စိုက်ပြီး ရက် ၉၀ - ၁၃၀ အတွင်း စတင်ရင့်မှည့်ပါသည်။ ရိတ်သိမ်းပြီး နှမ်းများကို ခြောက်သွေ့အောင် နှင့် အရွက်များကြွေသည်တိုင်အောင် အခြောက်ခံပေးရပါမည်။ မြေဩဇာကျွေးခြင်း မြေပြင်ချိန် (မြေခံ) - ပုလဲ အိတ်ဝက်၊ တီစူပါ အိတ်ဝက်၊ ပိုတက် ၃ ပုံ ၁ပုံ၊ နွားချေး (၁၀ - ၁၂) စီး အဖူးဝင်ချိန် - ပုလဲ ၃ ပုံ ၁ပုံ ပန်းပွင့်ချိန် - ပုလဲ ၃ ပုံ ၁ပုံ ရိတ်သိမ်းချိန်နောက်ပိုင်း လုပ်ဆောင်မှု • နှမ်းများကို ရိတ်သိမ်းပြီး ကွင်းထဲတွင်ဖြစ်စေ တလင်းပြင်တွင်ဖြစ်စေ အရွက်များကြွေသည် အထိ နေပူလှန်းပေးရမည်။ • နှမ်းခါသည့်အခါ နှမ်းစေ့များသည် သေးငယ်ပြီး နူးညံ့သည့်အတွက် ဂရုတစိုက် လုပ်ဆောင်ပေးရမည်။ အချိန်ကာလကြာ သိုလှောင်မှုအတွက် သန့်ရှင်းပြီးနှမ်းစေ့ကို အစိုဓါတ် ၆ ရာခိုင်နှုန်းထက်မပိုပဲ အေး၍ ခြောက်သွေ့သောနေရာတွင် သိုလှောင်ပေးရမည်။ Source- ACARE စိုက်ပျိုးရေးတက္ကသိုလ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နှမ်းမျိုးကောင်းမျိုးသန့်နှင့်နှမ်းစိုက်နည်းနှမ်းကျဲနည်းများကိုကျေးဇူးပြု၍အလင်းပြပေးပါ
ဖြေကြားချက် 0 ခု
စိုက်ပျိုးနည်း သိချင်လို့ပါ
ဖြေကြားချက် 2 ခု
အခု မိုးနှောင်းနှမ်းစိုက်ရင် အထွက်နှုံး ဘယ်လိုရှိလဲ သိချင်ပါတယ်
ဖြေကြားချက် 1 ခု
စပါးရိတ်သိမ်းပြီးနှမ်းပြန်စိုက်မလို့ပါဘယ်လိုစိုက်စနစ်နဲ့လှပ်ရမလဲအကြံပြုပေးပါခင်ဗျာကျေးဇူးတင်တယ်
ဖြေကြားချက် 3 ခု
အခုချိန်နှမ်းနက်စိုက်ရင်ဖြစ်နိုင်လာဗျ
ဖြေကြားချက် 6 ခု