နှမ်းစိုက်ပျိုးထုတ်လုပ်ခြင်း

28/11/2018 14:40 PM တွင် Thein Soe Min Thein Soe Min မှ ရေးသား ပြီး ACARE ACARE မှ ပေးပို့ထားပါသည်။

မျိုးအမည် - ဆင်းရတနာ ၃၊ ၄၊ ၅၊ နှမ်းနီ

သက်တမ်း - ၁၀၀-၁၁၀ ရက်

စိုက်ချိန် - မေ-ဇွန် (မိုးရာသီ)၊ စက်တင်ဘာ (မိုးနှောင်း)၊ ဖေဖော်ဝါရီ (မိုးကြို)

မြေပြုပြင်ခြင်း 

ထယ်နှစ်စပ်၊ ထွန်တစ်စပ်၊ နောက်ဆုံးမြေညှိခြင်းလုပ်ဆောင်ပါ။ အပင်အကွာအဝေး - ၁၅ x ၄ လက်မ

မျိုးစေ့နှုန်းထား - တစ်ဧက သုံးပေါင်နှုန်း (၂ ပြည်ခန့်)

မြေဩဇာနှုန်းထား - သဘာဝမြေဩဇာ ၂ ဧက/တစ်တန်၊ ကွန်ပေါင်းမြေဩဇာ (၁၅ : ၁၅ : ၁၅) တစ်ဧက တစ်အိတ်နှုန်း မစိုက်ခင်ကျွေးပါ။ ပန်းစပွင့်ချိန်နှင့် ပန်းလှိုင်လှိုင်ပွင့်ချိန်တွင် ယူရီးယားကို တစ်ဧက ၂၈ ပေါင်နှုန်းစီ ကျွေးပါ။

အပင်ပြုစုစောင့်ရှောက်ခြင်း 

- မျိုးစေ့ကို ၁ - ၁.၅ လက်မအနက် စိုက်ပျိုးပေးရမည်။

- စိုက်ပြီး ၁၄ ရက်သားတွင် အနည်းဆုံး တစ်ကျင်းတစ်ပင်ထားပြီး အပင်မှုန်းပေးရမည်။

- အပင်အညှောင့်ပေါက်ပြီးတစ်လအတွင်း ပေါင်းရှင်းအောင်ဆောင်ရွက်ပေးရမည်။

- နှမ်းပင်သည် ပျိုးပင်အဆင့်နှင့် ပန်းပွင့်ချိန်တို့တွင် ရေရှိရန်လိုအပ်သည်။ သို့သော် ရေမဝပ်ရန် သတိထားရမည်။

ပေါင်းရှင်းခြင်း

• မြေပြင်ချိန် စနစ်တကျလုပ်ဆောင်ခြင်းဖြင့် ပေါင်းရှင်းအောင် ဆောင်ရွက်ပေးရမည်။

• မြေသြဇာကျွေးရာတွင် အပင်ကရရှိပြီး ပေါင်းစားသုံးမှုလျော့နည်းစေရန် အပင်နားကပ်ပြီး ဂရုတစိုက် ကျွေးပေးရမည်။

• စိုက်ခင်းပတ်ဝန်းကျင် ကန်သင်းများတွင်လည်း ပေါင်းရှင်းရန် ဆောင်ရွက်ရပါမည်။

• ပေါင်းပင်ကို ပန်းပွင့်မတည်ခင် စောနိုင်သမျှ စောစော ပေါင်းရှင်းပေးရပါမည်။

• ပေါင်းကို ပေါက်ပြားဖြင့် ဖြစ်စေ၊ တံဇဉ်ဖြင့်ဖြစ်စေ၊ မြက်ရိတ်စက်ဖြင့် ဖြစ်စေ မြေဖုံးပြီးဖြစ်စေ ဆောင်ရွက်ပေးရပါမည်။

• နှမ်းပင်အုပ်ဆိုင်းသည်အထိ ပေါင်းရှင်းနေအောင် ဂရုစိုက်ပေးရပါမည်။

လက်ပေါင်းလိုက်ခြင်း

• ပေါင်းပင်တွေ့လျှင် တွေ့ချင်း လက်ပေါင်းလိုက်ခြင်းကို လုပ်ဆောင်ရမည်။

• စိုက်ပြီး ၃-၈ ပတ်အကြာ ပေါက်ပြားလိုက်ခြင်းကို လုပ်ဆောင်ပေးရပါမည်။

ပေါင်းသတ်ဆေးဖျန်းခြင်း

• အပင်မပေါက်ခင် ဖျန်းသည့် ပေါင်းသတ်ဆေး Pendimentalin ကို တစ်ဧက ၁.၅ - ၂ လီတာ နှုန်းဖျန်းပေးရမည်။ (ဥပမာ - Stomp)

• အပင်ပေါက်ပြီး ဖျန်းသည့် ပေါင်းသတ်ဆေး Glyphosate တစ်ဧက ၁.၅ - ၂ လီတာနှုန်း ဖျန်းပေးရမည်။ (ဥပမာ - Roundup, Sarosate, or Fitscosate) 

ရိတ်သိမ်းခြင်း

• နှမ်းသီးထောင့် ၇၅ ရာခိုင်နှုန်း ရင့်မှည့်ချိန် (အဝါရောင်ပြောင်းချိန်) ရိတ်သိမ်းခြင်းကို လုပ်ဆောင်ပေးရမည်။

• စိုက်ပြီး ရက် ၉၀ - ၁၃၀ အတွင်း စတင်ရင့်မှည့်ပါသည်။

ရိတ်သိမ်းပြီး နှမ်းများကို ခြောက်သွေ့အောင် နှင့် အရွက်များကြွေသည်တိုင်အောင် အခြောက်ခံပေးရပါမည်။

 မြေဩဇာကျွေးခြင်း

မြေပြင်ချိန် (မြေခံ) - ပုလဲ အိတ်ဝက်၊ တီစူပါ အိတ်ဝက်၊ ပိုတက် ၃ ပုံ ၁ပုံ၊ နွားချေး (၁၀ - ၁၂) စီး

အဖူးဝင်ချိန် - ပုလဲ ၃ ပုံ ၁ပုံ

ပန်းပွင့်ချိန် - ပုလဲ ၃ ပုံ ၁ပုံ

ရိတ်သိမ်းချိန်နောက်ပိုင်း လုပ်ဆောင်မှု

• နှမ်းများကို ရိတ်သိမ်းပြီး ကွင်းထဲတွင်ဖြစ်စေ တလင်းပြင်တွင်ဖြစ်စေ အရွက်များကြွေသည် အထိ နေပူလှန်းပေးရမည်။

• နှမ်းခါသည့်အခါ နှမ်းစေ့များသည် သေးငယ်ပြီး နူးညံ့သည့်အတွက် ဂရုတစိုက် လုပ်ဆောင်ပေးရမည်။

အချိန်ကာလကြာ သိုလှောင်မှုအတွက် သန့်ရှင်းပြီးနှမ်းစေ့ကို အစိုဓါတ် ၆ ရာခိုင်နှုန်းထက်မပိုပဲ အေး၍ ခြောက်သွေ့သောနေရာတွင် သိုလှောင်ပေးရမည်။ 

Source- ACARE စိုက်ပျိုးရေးတက္ကသိုလ်


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်