အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၄ ခု

1,103 လွန်ခဲ့သော ၆ နှစ် က

လောင်၂၅ဖြန်းပါ

233 လွန်ခဲ့သော ၆ နှစ် က

မီးရှို့ပါ

အတည်ပြုပြီး 95,063 လွန်ခဲ့သော ၆ နှစ် က

ကာကွယ်နှိမ်နင်းနည်းများ ၁။ ခံနိုင်ရည်ရှိမျိုးများ ပြောင်းလဲစိုက်ပျိုးပါ။ ယာယီအားဖြင့် မြန်မာနိုင်ငံတွင်ရနိုင်သော CIP-24, Kufrijyoti နှင့် စပ်မျိုးစေ့များ အသုံးပြုပါ။ ၂။ မှိုသတ်ဆေးကို အာလူးစိုက်ပြီး မိုးဖြိုင်ဖြိုင်စရွာသည့်ကာလတွင် (မိုးမရွာသည့်မနက်ပိုင်း၌ အချိန်လု၍) စတင် ပက်ဖျန်းပါ။ မိုးအုံ့မှိုင်းခြင်း၊ မိုးဆက်တိုက်ရွာခြင်းများ ရက်ဆက်ဆိုသလို ဖြစ်ပေါ်နေပါက မိုးအခြေအနေကို ကြည့်၍ ၅ ရက်ခြားထပ်ဖျန်းပါ။ နေပူသည့်နေ့များဆက်တိုက်ဖြစ်ပေါ်နေပါက ဆေးဖျန်းရက်ကို သင့်တော်သလို ခြားနိုင်ပါသည်။ Meltalaxyl + mancozed (ဥပမာ- Fortazeb) ၊ chlorothalonil (ဥပမာ- ဘန်ကိုနေး၊ ဖော်နေးလ်)၊ mancozeb (ဥပမာ- ဒိုင်သိမ်း၊ အဂရိုဇက်၊ အင်ဒိုဖေးလ်)၊ iprovalicarp + propineb (ဥပမာ- အင်ဗင်တို)၊ ကော့ပါးအခြေခံမှိုသတ်ဆေးများ (ဥပမာ- ကိုဆိုက်၊ ဘော်ဒိုထုံး + ဒုတ္တာဖျော်ရည်) တို့ကို ဆေးထုပ်ပါ အညွှန်းအတိုင်းသုံးပါ။ ၃။ မတ် - ဧပြီလတွင်စိုက်သည့် ကုန်းအားလူးသည် နောက်ပိုင်းကာလအနည်းငယ်သာ ရောဂါကျတတ်ပြီး ဧပြီ-မေတွင်စိုက်သည့် မိုးအာလူးသည် စိုက်ချိန်အလယ်ပိုင်းခန့်တွင် ရောဂါကျတတ်ပါသည်။ ဩဂုတ်လစိုက် အာလူး တွင်မူ အပင်ပေါက်ကတည်းက မိုးများသဖြင့် ရောဂါစကျနိုင်ပြီး ဆေးကြိုတင်ပက်ဖျန်းရန် လိုအပ်ပါသည်။ မည်သည့် အချိန်တွင် စိုက်သည်ဖြစ်စေကာမူ မိုးစွေသော ကာလများရှိလာပါက ဆေးဖျန်းသင့်ပါသည်။ ရောဂါ မြင်ရမှ ဆေးစဖျန်းလျှင် နိုင်ရန်မလွယ်ပါ။

20,386 လွန်ခဲ့သော ၆ နှစ် က
You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။