အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
121
လွန်ခဲ့သော ၅ နှစ် က · တောင်ကြီး

အာလူးအရွက်ညှိးခြောက်ချင်နေတယ်ဗျ ဘာဆေးသုံးရမလည်းဗျ

ပိုးမွှားရောဂါ အာလူး အာလူးနှောင်းပင်ကျနာရောဂါ
Post image
Post image

ဖြေကြားချက် ၁၀ ခု

176 လွန်ခဲ့သော ၅ နှစ် က

transformက ဥအတွက်လည်းဖျန်းလို့ရလား အကိုဗျ

1,045 လွန်ခဲ့သော ၅ နှစ် က

ဒါမှမဟုတ် 09768500389

1,045 လွန်ခဲ့သော ၅ နှစ် က

Hein Soe account ကို add ပေးပါ

1,045 လွန်ခဲ့သော ၅ နှစ် က

အကိုfacebook သုံးလား

1,045 လွန်ခဲ့သော ၅ နှစ် က

အကို့ပုံပါအတိုင်းဆိုရင်တော့အဆင်ပြေ လောက်တယ်

270,769 လွန်ခဲ့သော ၅ နှစ် က

ကို heinsoe အစ်ကိုရဲ့ transform ဆေးက ဘာအတွက်ထုတ်ထားတဲ့ဆေးလဲ။ ဘာရောဂါ၊ ပိုးမွှားအတွက်လည်းရှင့်။

270,769 လွန်ခဲ့သော ၅ နှစ် က

ဦးစောကိုကို ရဲ့ပုံမှာ အရွက်မဲခြောက်နေတာကို ရှင်းရှင်းလင်းလင်းမမြင်ရတဲ့အတွက် ဆောင်းပါးလေးတစ်ပုဒ်ညွှန်းချင်ပါတယ် အာလူးနှောင်းပင်ကျနာ (လောင်းမည်း) ရောဂါ (Late Blight of Potato) စာတန်းကိုနှိပ်ပြီးလေ့လာလို့ရပါတယ်။ လောင်မည်းရောဂါလက္ခဏာနဲ့တူလားဆိုတာ လေ့လာကြည့်ပါရှင့် မဲခြောက်တယ်ပြောလို့ပါ။ ဆောင်းပါးထဲမှာလက္ခဏာပုံတွေလည်းပါပါတယ်။

270,769 လွန်ခဲ့သော ၅ နှစ် က

အပင်ခြောက်တာက အစိုဓာတ်လိုအပ်ခြင်းကြောင့်လည်းဖြစ်တတ်သလို ပိုးမွှားရောဂါကျရင်လည်းဖြစ်တတ်ပါတယ်။ အရင်ဆုံးလူကြီးမင်းရဲ့ အခင်းမှာ အခြားထိခိုက်ဒဏ်ရာများရှိလားစစ်ဆေးပါ အဲ့လိုရှိတယ်ဆိုရင် ပိုးမွှားရောဂါကြောင့်ဆိုတာသုံးသပ်ရပါမယ်။ မြေတွင်းအစိုဓာတ်လိုအပ်တတ်တဲ့ဒေသမျိုးဖြစ်တယ်ဆိုရင် အစိုဓာတ်ကိုထိန်းရမှာပဲဖြစ်ပါတယ် အခုအခြေအနေအရဆိုလည်း အရမ်းခြောက်နေတာမျိုးမရှိပါဘူး သေချာလေ့လာစစ်ဆေးပြီးမှ ဆေးသုံးသင့်တာဆေးသုံးရင်အကောင်းဆုံးပါပဲ ပိုးသတ်ဆေး မှိုသတ်ဆေးသုံးရမယ်ဆိုရင်တောင် အခင်းမှာ ပိုးမွှားရောဂါကျရောက်တဲ့ရာခိုင်နှုန်းက စီးပွားရေးအရထိခိုက်နိုင်မှု ရှိမှ သုံးသင့်တာပါ ဆေးသုံးတာများရင် သီးနှံပင်ကိုလည်းထိခိုက်သလို စိုက်ခင်းမြေ၊ ရေကိုပါပျက်စီးစေပြီး သီးနှံမျိုးအနေနဲ့လည်း ဆေးကိုခံနိုင်ရည်ရှိသွားနိုင်တဲ့အခြေအနေတွေအများကြီးပါ။ အခင်းအခြေအနေကိုသေချာစစ်ဆေးပြီး ပြန်ပြောပေးပါဦးနော်။

121 လွန်ခဲ့သော ၅ နှစ် က

ဟုတ် အကိုဗျ ပီးတော့အရွက်ကမဲခြောက်ချင်နေပီ လောင်ကျတဲ့ပုံစံလားမသိဘူး ဘာမှိုသတ်ဆေးသုံးရမလည်း အကိုဗျ

1,045 လွန်ခဲ့သော ၅ နှစ် က

အကိုရေ transform သဘာဝအားဆေးလေးသုံးကြည့်ပါလား

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။