ဖြေကြားချက် ၃ ခု
၅၅၅ ဖြန်းပါ
ငရုတ်သီး အစပ်တောင့် အရှည် စိုက်ပျိုးနည်း အသေးစိတ်ကို ဒီဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်အစ်ကို
၄။ မြေဆီသြဇာ နှင့် သဘာဝမြေဆွေး ငရုတ်ပင်သည် မြေဆီသြဇာ နှင့် သဘာဝမြေဆွေးကောင်းစွာ ထည့်ပေးလျှင် ကောင်းစွာ ကြီးထွား၍ အထွက်နှုန်းကိုကောင်းစွာပေးနိုင်သော သီးနှံဖြစ်သည်။ စီးပွားဖြစ် စိုက်ပျိုးပါက မြေကိုအရင်စမ်းသပ်ပြီး မြေချဉ်ငန်ဓာတ်ကို စစ်ဆေးရမည်။ ရရှိလာသော စစ်ဆေးချက်ကို လိုက်၍ လိုအပ်သည့် အာဟာရဓာတ်များကိုသေချာ စိစစ်ထည့်သွင်းသင့်သည်။ ယေဘုယျ အားဖြင့် သဘာဝအတိုင်းကောင်းစွာဆွေးမြည့်သော တိရစ္ဆာန် အညစ်အကြေးကို တစ်ဧကလျှင် ဆယ်တန်မှ ဆယ့်နှစ်တန်ထိ ထည့်သွင်းပါ။ မိုးအားကိုးစိုက်သောအခင်းတွင် ဖော့်စဖရပ် ခြောက်ပိသာနှင့် နိုက်ထရိုဂျင် ခြောက်ပိသာကို မြေပြင်ပြီး အပင်မရွှေ့ခင် စိုက်ခင်းထဲသို့ထည့်ပါ။ ဒုတိယတစ်ကြိမ်ခြောက်ပိသာကို အပင်ရွှေ့စိုက်ပြီး တစ်လအကြာတွင်ထည့်ပါ။ ရေသွင်းစိုက်ပျိုးရသော အခင်းတွင် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်ကို လေးကြိမ်ခွဲကျွေးပါ။ စိုက်ပြီးလျှင်ပြီးခြင်း တစ်ကြိမ် လေးပတ်ကြာလျှင် ဒုတိယကြိမ်၊ ခုနှစ်ပတ်ကြာလျှင် တတိယကြိမ် နှင့် ခြောက်ပတ်ကြာလျင် စတုတ္ထအကြိမ် ထည့်ပါ။ တစ်ကြိမ်တွင် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ် အချိုးကို ခြောက်ဆယ်သား၊ သုံးဆယ်သား၊ သုံးဆယ်သား အချိုးဖြင့်ကျွေးပါ။ ကြားပေါင်းလိုက်ခြင်းကို အမြစ်တိမ်သော အပင်ဖြစ်၍ ပေါက်ပြားအသေးဖြင့်သာ လိုက်သင့်သည်။ ပေါင်းသတ်ဆေး သုံးလိုပါက သုံးပါ။ မသုံးလိုပါက ကောက်ရိုးုဖြင့်မြေကို ဖုံးအုပ်၍စိုက်ပါ။ ပန်းမပွင့်မှီ မြေဘောင်တင်ခြင်းကို ပြုလုပ်ခြင်းသည် အပင်၏ အသီးသီး နှုန်းကို ပိုစေသောကြောင့် ပေါင်းနှိမ်ခြင်း ပြုလုပ်ရင်း တစ်ပါတည်း လုပ်သင့်သည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ငရုတ်ပင် အပင်အာဟာရလိုအပ်ပါသလားး
ဖြေကြားချက် 1 ခု
ပျိုးခင်မှရွှေ့စိုက်ပြီး ၁၀ ရက်ကျော် ဘာအဟာရလို့ နေလဲ ရေလားဆေးလား အပင်လဲ ခဲးပူဟပ်သလိုခါးကျိုးပြီးသေပါတယ် အကြံ...
ဖြေကြားချက် 2 ခု
ရေငံဓာတ်ပါလျှင်ငရုတ်ပင်ကိုမည်သို့အကျိုးအပြစ်ရှိစေပါသလဲ
ဖြေကြားချက် 2 ခု
ငရုပ်ပင် တွတ် ဆေးကောင်များရှိရင် ကူညီကြပါအုံးtea တို့
ဖြေကြားချက် 3 ခု
paclobutrazol ကို ငရုတ်မှာအသုံးပြုလို့ရပါသလားဗျ ဘယ်လိုအကျိုးရှိမလည်းခင်ဗျ
ဖြေကြားချက် 1 ခု