စပါးပင် အမြစ်များ တွင် သံချေးရောင်ကပ်နေပြီး အရွက် ထိပ်ပိုင်း တွေ ခြောက်နေပါသည် ဘာဖြစ်နေတာလဲ ဖြေရှင်းပေးပါဦးခင်ဗျား။ လေးစားစွာ တောင်းဆိုအပ်ပါသည်။
စပါးခင်းဟာ သံချေးရောင်/နီညိုရောင်သန်းနေမယ်.အပင်တွေပုနေမယ်.အပင်ကြီးထွားနှုန်းမကောင်းဘူး.ပင်ပွားနည်းမယ်.အမြစ်ကသံချေးရောင်ပေါက်နေမယ်. အမြစ်အားနည်းနေမယ်. အပင်ကိုနှုတ်ကြည့်ပြီးအပင်အောက်ပိုင်း/အမြစ်က်ုနမ်းကြည့်ရင် သံချေးနံ့ နံမယ်. အဲဒါဆိုရင် သံဆိပ်သင့်တာပါ။ဖော့စ်ဖိတ်နဲ့ပိုတက်မြေဆီ ကျွေးရပါမယ်။သမန်း(တမန်း)နှိုးပေးရပါမယ်။စပါးပြီးစပါး(မိုးစပါးပြီးနွေစပါး)ဆက်တိုက်စိုက်တဲ့အခင်းတွေမှာဖြစ်တတ်ပါတယ် မြေပြင်ချိန်မှာ စပါးခွံဖွဲပြာထည့်ပေးရပါမယ်။သီးလှည့်အနေနဲ့မိုးစပါးပြီးရင်အခြားသီးနှံ(ပဲတစ်မျိုးမျိုး)စိုက်သင့်ပါတယ်။
ဆက်စပ်မေးခွန်းများ
11ရက်သားပါ အရွက်တေွဝါပြီးသေကျနေလို့ပါ
ဖြေကြားချက် 1 ခု
ဘာဖြစိတာလဲ သိပါလားခင်ဗျာ
ဖြေကြားချက် 2 ခု
ဆရာတို့စပါးသံဆိပ်သင့်တာဘာလုပ်သင့်လဲ
ဖြေကြားချက် 2 ခု
စပါးပင်က အမြစ် နဲ့ အရွက်က ဒီလိုဖြစ်နေပါတယ် ဘာလုပ်ရမလဲ
ဖြေကြားချက် 4 ခု
စင်းသုခ စပါး ၂လသား ဘာဆက်လုပ်သင့်လဲ ဘာဖြစ်တာလဲ ကူညီကြပါဗျာ အကြံညဏ်လေးပေးကြပါနော် ဆရာများခမျ အခုလို ဆိုးဆိုးရွား...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။