ဒူးရင်းပင် ပြုစုပုံနဲ့ ကိုင်းရှင်းပုံကိုရှင်ပြပေးပါ အဓိက ဘာရောဂါကို အကြောက်ဆုံးလည်းဆိုတာ ရှင်းပြပေးပါခင်ဗျာ့ ကျွန်တော်အခုမှစိုက်တာမို့ ကောင်းကောင်းနားမလည်လို့ပါ လေ့လာရင်းစိုက်ရင်းပေါ့
အာဟာရဓာတ်ပါဝင်မှုမြင့်မားတဲ့ ဒူးရင်းသီး စိုက်ပျိုးနည်း စာတန်းကို နှိပ်ပြီး လေ့လာကြည့်ပါရှင့် ဒူးရင်းမှာ ကျရောက်တတ်တဲ့ပိုးတွေအကြောင်းနဲ့ အပင်ပြုစုနည်းတွေပါ ရှင်းပြပေးထားပါတယ်ရှင့်
ကိုင်းရှင်းရခြင်း ရည်ရွယ်ချက်မှာ လေဝင်လေထွက်ကောင်းစေရန် ရောဂါနှင့်ပိုးကြောင့်ပျက်စီးနေသောကိုင်းများ ကို ဖယ်ရန် ကိုငိးဟောင်းများကိုဖယ်ရှားပြီး ကိုင်းသစ်များ ရရှိစေရန် အစာကိုင်း လေကိုင်းများသည် အပင် အစာချက်လုပ်မှုကို နှောငိ့ယှက်သဖြင့် ဖယ်ရှားပေးရန် သီးနှံ အထွက်တိုးစေရန် စသည်တို့ ဖြစ်သည်။ကိုင်းရှင်းရာတွင် များသောအားဖြင့် ဒီဇငိဘာလမှ ဖေဖေါ်ဝါရီလ အတွင်း အပင်နားချိန်တွင် ရှင်းလေ့ရှိပါသည်။အဓိအားဖြင့် မိုးများ လွန်းသောအချိန်တွင် ကိုင်းရှင်းခြင်း မပြုလုပ်သင့်ပါ။စပျစ်နှင့် ဇီးပန်းသီးပင်ကို တော့ တနှစ်လျှင် နှစ်ကြိမ် ရှင်းတတ်ပါသည်။လိမ္မော်ကို ဇန်နဝါရီ တွင် ကိုင်းရှင်းပါသည်။ အပင်ကိုင်းရှင်းနည်းကို ၁ open center ရှင်းခြင်း ၂ one main trank ရှင်းခြင်း ၃ စည်းရိုးတန်းပုံရှင်းခြင်း one main trank ရှင်းခြင်း ဆိုပြီး ခွဲခြားပါမည်။ open center ရှင်းခြင်း အပင်ငယ်နှစ်သားတွင် ပင်ခြေမှ အနည်းဆုံး ၃ပေ မှ ၄ပေအမြင့်အထိ ပင်စည် တဖြောင့်တည်း ဖြစ်ကာ ကျန်ကိုင်း များကို ၃ကိုင်း မှတဆင့် တကိုင်း ကို ကိုင်းသေး၂ကိုင်းနှုန်း မွေးရပါမည်။ အလယ်ကိုတော့ ပွင့်နေစေရန် အတွင်း ကိုင်းများကို ရှင်းပေးရပါမယ်။ အပင်၃နှစ်ထက်အပင်များတွင် စတင်ရှင်းပါက အလယ်ကိုင်း အတွင်းအကျ ဆုံးကိုင်းများကို အရင်ရှင်းရပါမည်။ အစာကိုင်း လေကိုင်းတို့ကိုလည်း ရှင်းရပါမည်။ အပင်အမြင့် ၈ပေ ၁၀ပေအထက်ရှိပါက heavy pruning or topping လုပ် သည်ဟုခေါ်ပြီး ၈ပေအမြင့်အထိသာ ထာ ပြီးနှိမ့်ပါသည်။ ရောဂါနှင့် ပိုးကျကိုင်း များ dieback ကျနေသောကိုင်းများ ကိုလည်းရှင်းရပါမည်။ one main trank ရှင်းခြင်း ဌင်းကဲ့သို့ ရှင်းခြင်းကို သရက် ဒူးရင်း ပိန္နဲ ကဲ့သို့ အပင်များကို ရှင်းရပါမည်။အပင်ခြေမှ ၃ပေကျော်မှ စတင်ပြီး ထိပ်ညွန့်ကို ဖြတ်ချပြီး ကိုင်း ဖြာအောင်လုပ်ပါသည်။နောက်တဆင့် အနေဖြင့် အပင် ၆ပေကျော်လျှင် အပင် ကို ထိပ်ပိုင်းဖြတ်ပြီး topping လုပ်ပါသည်။ ထိုသို့ အစဉ်ပုံစံသွင်းပါက အပင်သည်ပုံမှန်ထက် နိမ့်နိမ့်နှင့်သီးပါသည်။ ၃ စည်းရိုးတန်းပုံရှင်းခြင်း ထိုစနစ်ကို စပျစ် Y ပုံစံတွင် အသုံးများ ပါသည်။ဝိုင်စပျစ်စိုက်ခင်းမှာသုံးပါတယ်။ အပင်ကို အမြင့်၃ပေကျလျှင် ထိပ်မှ ဖြတ်ချပြီး ကိုင်း၂ကိုင်းကို ကြိုးတန်းပေါ် T ပုံမွေးပါတယ်။ပြီးမှ လိုအပ်တဲ့ကိုင်းကို ေဝတာပါ။ ကိုင်းရှင်းနည်း အကြမ်းမျဉ်းပါ။ ကိုင်းရှင်းပြီးပြီးချင်း နွားချေး ကြက်ချေးကဲ့သို့မြေသြဇာထည့်ရန် အရေးကြီးပါတယ်။သို့မှသာ နောက်အသစ် ထွက်မယ့်ကိုင်းက သန်စွမ်းပြီး ပန်းများ ပါလာပါလိမ့်မယ်။တချို့စိုက်ပျိုးရေးသမား တွေ လွဲနေတာရှိပါတယ် ။သရက်ကို ခုတ်ရင် အိုတယ် ဆိုတာမျိုးပေါ့။တကယ်တမ်းကျတော့ လေ ဝင်လေထွက်ကောင်းအောင် အပင်နိမ့်နိမ့်လေးနဲ့ခူးနိုင်အောင် ရောဂါ ပိုးဝင်နေသောကိုင်းများ ရှင်းခြင်းတ်ု့ ပြုလုပ်ပေးမှသာ အသီးထွက် နှုန်းကောင်းစေရန်အထောက်အပံ့ဖြစ်စေ ပါတယ်ခင်ဗျာ။Source: စိုက်ပျိုးနည်းများ
ဆက်စပ်မေးခွန်းများ
ဒူးရင်းသီးကို ပဲခူးတိုင်းအနောက်ပိုင်းမှာစိုက်လို့ရနိုင်ပါသလား ဖြစ်ထွန်းနိုင်ပါသလား ဒူးရင်းက နှုန်းဆန်တဲ့မြေ...
ဖြေကြားချက် 4 ခု
ကျနော်ဒူးရင်းရွက် တွေအဲလိုဖြစ်နေတယ်ဘယ်လိုလုပ်ရမလဲမိုဆေတွေလဲဖြန်းတာပဲဖြစ်တာပါပဲ မိုးတွင်းဆိုပိုဖြစ့်တဲ အဲတာဘယ်...
ဖြေကြားချက် 4 ခု
၂ နှစ်သားလောက်ရှိတဲ့ ဒူးရင်းပင်အောက်ခြေကပေါင်းမြက်တွေကိုမြက်ခြောက်အုပ်ပြီးသတ်ရင် ဒူးရင်းပင်အတွက်ဆိုးကျို းဖြစ်...
ဖြေကြားချက် 2 ခု
ရေအများကြီးလောင်းရန်လို့အက်ပါသလား
ဖြေကြားချက် 2 ခု
အစာ ကြွေးနည်းလေးကူညီပါလားဆရာတို့ ဒူးရင်းအသီးပင်အစာကျွေးမယ်ပေါ့နော် 3ကြိမ် ကျွေးမယ် အဖူးမဖူးခင် 1-2လအလို 25%...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။