ဖြေကြားချက် ၅ ခု
ကျွန်တော်ပြောခဲ့သလိုဘဲ ရာသီဥတုပြောင်းလဲမှုတွေကိုအစဥ်သတိထားပြီးစိုက်ပျိုးလုပ်ကိုင်ရပါတော့မယ်။ရှေးထုံးတွေမပယ်နဲ့ဆိုပေမဲ့ ရာသီဥတုနဲ့ပါတ်သက်တာတော့ပယ်ရပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ မုတ်သုန်မိုးအဝင်နောက်ကြတယ်၊အထွက်စောတယ်။မိုးရွာရက်နည်းသွားပြီ။အပူချိန်တွေမြင့်တက်လာတယ်။အချိန်အခါမဲ့မိုးတွေရွာတတ်တယ်။အညာဒေသကမိုးကိုဘယ်ကအများစုရသလဲဆိုတော့ ဘင်္ဂလားပင်လယ်အော်မှမုန်တိုင်းကမဟုတ်ဘူး။တောင်တရုတ်ပင်လယ်ကမုန်တိုင်းအကြွင်းအကျန်မှရတာပါ။ဟုတ်ပြီ..ပြောင်းလဲလာတဲ့ရာသီရတုနဲ့ကိုက်ညီအောင် သက်တမ်းတိုအထွက်ကောင်မျိုးတွေပြောင်းလဲစိုက်ရပါမယ်။ဥပမာ..ဒေသပဲစင်းငုံမျိုးရဲ့သကတမ်းက ၉လ..၁၀လရှိတယ်၊အဲဒီအစား ၆လသက်တမ်းရှိရွှေဒင်္ဂါးအထွက်ကောင်းမျိုးတွေကိုပြောင်းလဲစိုက်ရပါမယ်။ဒေသမျိုးကိုမေလမှာစိုက်ကြပြီးဇူလိုင်မိုးခေါင်ကာလလဲရောက်ရောအပင်တွေသေကြေပျက်စီးမှုတွေကြုံတွေ့ရပါတော့တယ်။ရွှေဒင်္ဂါမျိုးကိုတော့ သြဂုတ်လမှစိုက်ရင်ဖြစ်တာမို့ မိုးခေါင်ဒါဏ်ကိုမကြုံတွေ့ရတော့ပါဘူး။ကျန်သီးနှံတွေလည်းဒီအတိုင်းပါဘဲ။သက်တမ်းတိုအထွက်ကောင်းမျိုးတွေစိုက်ရပါမယ်။နောက်တစ်ခုကစိုက်ချိန်ပါဘဲ။ရာသီပြောင်းလဲလာတာကြောင့်စိုက်ချိန်တွေပြောင်းရပါမယ်။အညာမှာ နှမ်းစိုက်ချိန်ကိုသောက်ရေအိုးဆိုတဲ့အယူအဆနဲ့စိုက်ကြပါတယ်။ဆိုလိုတာကသင်းကြန်ကျပြီး၁၄၆ရက် ကြည်လွဲမိုးရွာပြီးမှစိုက်လေ့ရှိပါတယ်။အစွဲပေါ့။ရှေ့နားမှာမိုးကောင်းကောင်းရွာပြီးအစိုဓာတ်လုံလောက်ပေမဲ့မစိုက်ကြဘူး။အဲဒီတော့အသီးဝင်ချိန်မှာအစိုဓာတ်မရှိတာကြောင့်အောင်မြင်တဲ့အသီးတွေမရဘဲ အထွက်မကောင်းခဲ့တာပါဒါကြောင့်ဇူလိုင်လကုန်..သြဂုတ်လဆန်းမှာမိုးလုံလောက်စွာရမယ်ဆိုရင် စောနိုင်သမျှစောစောစိုက်သင့်ပါတယ်။ကျွန်တော်ဆွေးနွေးခဲ့တာ..ရာသီဥတုပြောင်းလဲလာမှုကိုအလေးထားဖို့ရယ်...ပြောင်းလဲလာတဲ့ရာသီဥတုနဲ့လိုက်လျောညီထွေစွာ သက်တမ်းတိုအထွက်ကောင်းမျိုးတွေပြောင်းလဲအသုံးပြုဖို့ရယ်...စိုက်ချိန်တွေပြောင်း လဲဖို့ရယ်ဆွေးနွေးပြီးပါပြီ။နောက်အချိန်ရရင်ဆက်ဆွေးနွေးပေးပါ့မယ်။
စိုက်ပျိုးရေးအတွက် ရာသီဥတုဖြစ်စဉ်ဟာ အရေးပါပါတယ်။ နေ့စဉ်ခန်မှန်းချက်ကို အကြမ်းဖျဉ်းလေ့လာကြည့်လို့ရနိုင်ပြီး ဥတုဖြစ်စဉ်ဇယားကိုလည်း ထားရှိရပါမည်။ နှစ်စဉ်ပြောင်းလွဲနေသော ရာသီခွင်အတိမ်းအစောင်းဇယားတွင် စိုက်ပျိုးသီးနှံများကို ထည့်သွင်းပြီး စနစ်ချထားသောသူမှသာလျှင် ဥတုအလှည့်ပြောင်းနှင့် လိုက်လျောညီထွေးသော စိုက်ပျိုးမှုပုံစံကို ကျင့်သုံးနိုင်မှာဖြစ်ပါတယ်။ ကျနော်က ခေတ်နောက်ပြန်ဆွဲးတာတော့မဟုတ်ပါဘူး။ရုက္ခမူလတို့ရဲ့ အကျင့်သဘောအရ ဥတုကို ခန္ဓာဗေဒနှင့် သဘာဝသစ်ပင်ပန်းမံကိုနိုင်းရပြုကြပါတယ်။ဒီရေအတက်အကျဖြစ်စဉ် ရေရဲ့ ပြောင်းလွဲခြင်းနှင့်လေတိုက်နုန်းနှင့် လေရဲ့ပြောင်းနေမှုဖြစ်စဉ်ကို မှတ်တမ်း ထားရပါတယ်။ပြီး ခန္ဓာဗေဒမှာ နိုင်းရပြုပါတယ်။နေထွက်ခြင်းနှင့် နေဝင်ခြင်းကို မှတ်တမ်းထားရပါတယ်။ လေတိုက်နုန်းနှင့် နိုင်းရပြုပြီး၊ ခန္ဓာဗေဒမှာ အမှတ်အသားပြုရပါတယ်။ကိုယ်နှင့်တကွယှဉ်၍ကျင့်ရခြင်းကြောင့်၊ ရုက္ခဇီဝနှင့်ယှဉ်သော ဗဟုကမ္မဖြစ်စဉ်ကို အခြေပြုခြင်းကြောင့်၊ အသိသစ် အမြင်သစ်နဲ့ စိုက်ပျိုးရေးနှင့်စပ်ဆိုင်သော ဉာဏ်အမြင်သစ်တွေကို ဖြစ်စေပါတယ်။ပိုမိုတိကျတဲ့ အနုစိပ်ဖြစ်စဉ်ဇယားကို ကိုယ်နှင့်ဆောင်ယူသော အကျင့်ဖြင့် ရေသားမှတ်သားလေ့ကျင့်ရခြင်းကြောင့် စိုက်ပျိုးရေး၏ အလေ့ကျင့်ကောင်းများကို စနစ်တကျပြဌာန်းတည်ဆောက်ပေးဖို့လိုအပ်ပါတယ်။
နှမ်းအထွက်နှုန်းနည်းတယ်လို့ပြောတယ်နော်။နည်းမှာပေါ့ဗျာ။မိုးဦးမိုးရွာလာတာနဲ့တောင်သူကမနေနိုင်ဘူးဗျ။ထွန်တုံးကိုင်ပြီ။စိုက်ပြီ။မိုးလေဝသရာသီဥတုကိုအခြေအနေကိုဆန်းစစ်မှုမရှိဘူး။မေလစိုက်တယ်။ဇူလိုင်မှာမိုးခေါင်တာတစ်လလုံး။သွားရော..အပင်တွေသေ။ကျန်ခဲ့တဲ့အပင်ကရသမျှနဲ့ကျေနပ်လိုက်ရတယ်။ဒါကြောင့်ရာသီဥတုအခြေနေကိုအမြဲသိရှိအောင်ကြိုးစားရတော့မယ်။ယခင်ကဆရာကြီးဦးထွန်းလွင်ကFMရေဒီယိုကနေကြိုတင်ခန့်မှန်းပေးနေခဲ့တယ်။ဆရာကြီးကွယ်လွန်သွားတော့ ယခု su su sanအမည်နဲ့Fbမှာနေ့စဥ်နီးပါးခန့်မှန်းပေးနေပါတယ်။အဲဒီတော့ အညာဒေသ မိုးဦးမှာ သီးနှံတွေကိုစိုက်နေဦးမယ်ဆိုရင်အထွက်နည်းနေဦးမှာပါ။ဒါကြောင့် တောင်သူတွေအနေနဲ့ရာသီဥတုပြောင်းလဲမှုအခြေအနေကိုသိရှိနေအောင် မိုးလေဝသမှတ်တမ်းထားသင့်ပါတယ်။နောက်ဆုံး၃နှစ်အတွင်းမိုးအခြေအနေကိုလေ့လာပါ။မိုးရွာသွန်းမှုပုံစံကိုကြည့်ပြီးစိုက်ပျိုးမှုပုံစံက်ိုပြောင်းရမှာပါ။ဒါမှဆုံးရှုံးမှုနည်းလာမှာပါ။(ဒုတိယပိုင်းဆွေးနွေးမှုပါ)
ညောင်ဦးနယ်ကလား။ဆွေးနွေးဖို့အကြောင်းအရာကများမယ်ဗျ။လိုရင်းအချက်ကိုဘဲပြောကြည့်မယ်လေ။ကျွန်တော်အညာဒေသမှာ၂၀၁၆ ကနေ ၂၀၁၉ထိ စီမံကိန်းတာဝန်ထမ်းဆောင်ဖူးပါတယ်။ညောင်ဦးတဖက်ကမ်း ....ပခုက္ကူ..ရေစကြိုကရွာတွေအနှံ့ရောက်ခဲ့ပါတယ်။၃နှစ်တာကာလအတွင်းအတွေ့အကြုံအရဆိုရင်..အဲဒီဒေသကမိုးခေါင်ရေရှားဒေသပေါ့။မိုးရေချိန်လက္မ ၃၀ခန့်ဘဲရှိတယ်လေ။မြေကသဲဆန်တယ်။မြေအောက်ရေကငန်တယ်။မိုးဦးသီးနှံစိုက်မရတာဆယ်စုနှစ်၂ခုခန့်ရှိပြီ။ကျွန်တော်တို့စိုက်ပျိုးရေးပြောလေ့ရှိတယ်။မြေ.မျိုး.ပိုးအရေးကြီးတယ်ဆိုပြီးပေါ့လေ။တစ်ခုထပ်ထည့်ရမယ်။မိုးလေဝသရာသီဥတုဘဲ။ဒီဒေသကတောင်သူတွေကပြောတယ်..ငွေမလိုဘူး ရေဘဲလိုတယ်တဲ့။သူတို့မှာစိုက်ပျိုးရေးအတွေ့အကြုံတွေကရှိပြီးသား။အဲဒီတော့ယခုအချိန်အညာဒေသစိုက်ပျိုးရေးမှာအရေးကြီးလာတာက ရာသီဥတုပြောင်းလဲလာမှုအပေါ်လိုက်လျောညီထွေဖြစ်စေမဲ့ စိုက်ပျိုး ရေးစံနစ်ဘဲဗျ။(ဒါကပထမပိုင်းဆွေးနွေးမှုပေါ့)
ဟုတ်ကဲ့ပါအစ်ကို ဒီအစိမ်းရောင်လမ်းထဲမှာလည်း ပညာရှင်တွေ၊ နှမ်းစိုက်တောင်သူတွေအများကြီးရှိပါတယ်။ ဆွေးနွေးနိုင်မှာပါရှင့်။ နည်းစနစ်ကျကျစိုက်ပျိုးနည်းတွေကိုလည်း အစိမ်းရောင်လမ်းရဲ့ စိုက်ပျိုးနည်းသိချင်တယ်ဆို စိုက်ပျိုးနည်းအလိုက် ပိုးမွှားရောဂါအကြောင်းဆို ပိုးမွှားရောဂါအလိုက် ကဏ္ဍအသီးသီးမှာလေ့လာလို့ရပါတယ်ရှင့်။ အကို့တို့ဒေသမှာ ဖြစ်နေတဲ့ပြဿာနာပေါ်မူတည်ပြီးလည်း အမေးအဖြေကဏ္ဍမှာ ပါဝင်မေးမြန်းနိုင်ပါတယ်။ အကိုပြောပုံအရဆိုရင်တော့ မျိုးကိုလည်း တစ်ချက်ပြန်ကြည့်ရမယ်။ စိုက်ပျိုးနေတဲ့အခြေအနေကောပေါ့ ဥပမာ ဒီမြေမှာ နှမ်းပဲစိုက်ပျိုးဖြစ်နေလား၊ ရာသီဥတု၊ မြေအမျိုးအစား၊ ပိုးမွှားရောဂါ၊ အာဟာရကျွေးမှု၊ ရေပေးသွင်းမှု စသဖြင့်ပေါ့ အားလုံးပြန်စမ်းစစ်နိုင်ရင်ပိုကောင်းပါတယ်။ ဖြစ်နေတဲ့ပြဿနာတွေကိုလည်း အစိမ်းရောင်လမ်းမှာ ဆွေးနွေးအဖြေရှာသွားနိုင်ပါစေ လို့လည်း အကြံပြုချင်ပါတယ်ရှင်။
ဆက်စပ်မေးခွန်းများ
မိုးဦ ကျတော့မယ် နှမ်း ကိုကြဲပုံကြဲနည်း နှင့်ပေါင်းနှိမ်းနင်နည်းကို ဆရာ များ ဆင်ပြပေးပါ အသိစိပ်
ဖြေကြားချက် 1 ခု
နှမ်းကစိုက်ပီးဘယ်နရက်နေအပွင့်စပွင့်တာလဲ
ဖြေကြားချက် 2 ခု
ကျနော်နှမ်းပင်တွေထူနေလို့သက်တမ်းဘယ်လောက်မှာမှုန်းသင့်ပါသလဲခင်ဗျ
ဖြေကြားချက် 2 ခု
မိုးနှမ်းကိုဘယ်လလောက်စိုက်ပျိုးနိုင်လဲခင်ဗျ ဘယ်လိုစိုက်ပျိုးရမလဲသိချင်လို့ပါ
ဖြေကြားချက် 1 ခု
နှမ်းခင်းလေးဘယ်လိုလဲဗျာရေမပေးဘူးဆေးခုဖျန်ပြီတာအချေနေလေးပြောခဲ့အုန်း
ဖြေကြားချက် 1 ခု