နှမ်းခင်းလေးဘယ်လိုလဲဗျာရေမပေးဘူးဆေးခုဖျန်ပြီတာအချေနေလေးပြောခဲ့အုန်း
အပင်သန်စွမ်းဖြစ်ထွန်းမှုအလွန်ကောင်းပါတယ်ဗျာ။ဆေးကဘာဆေးဖျန်းတာလဲဗျ။ဒီအချိန် ပုလဲ+လက်ချား ဖျန်းပေးပါလား။နောက်၇ရက်ချားမှာတစ်ကြိမ် ထပ်ဖျန်းပေးနိုင်ရင်အကောင်းဆုံးပေါ့။နှမ်းပင်တွေက တအားကျပ်နေတယ်။အထွက်နှုန်းနည်းသွားတာပေါ့။သီးအားလည်းမကောင်းနိုင်တာကြောင့် အပင်ငယ်စဥ်(၂ပါတ်သား)မှအပင်မှုန်းပေးပါ။တစ်မြုံကိုအသန်ဆုံး၃ပင်ခန့်ဘဲထားပြီးမှုန်းပေးပါ။နှမ်းအထွက်ကောင်းပြီးစျေးကောင်းရပါစေ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မိုးနှမ်းကိုဘယ်လလောက်စိုက်ပျိုးနိုင်လဲခင်ဗျ ဘယ်လိုစိုက်ပျိုးရမလဲသိချင်လို့ပါ
ဖြေကြားချက် 1 ခု
နှမ်းစိုက်ပျိုးမူနည်းပညာများဖလှယ်ပေးစေခြင်ပါသည် အညာဒေသ တွင် နှမ်းထွက်နုန်းဟာ တစ်နှစ်ထက်တနှစ် တိုးတက်မလာပဲ...
ဖြေကြားချက် 5 ခု
မိုးဦ ကျတော့မယ် နှမ်း ကိုကြဲပုံကြဲနည်း နှင့်ပေါင်းနှိမ်းနင်နည်းကို ဆရာ များ ဆင်ပြပေးပါ အသိစိပ်
ဖြေကြားချက် 1 ခု
နှမ်း
ဖြေကြားချက် 1 ခု
နမ်းပင်းအသီးကောင်းအောင်လုပ်နည်းလေသိချင်ပါတယ်
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။