ဖြေကြားချက် ၄ ခု
အလျား.အနံ.အနက်.၃ပေပတ်လည်ကျင်းတူးပါ။ထိုကျင်းထဲကို ဟင်းသီးဟင်းရွက်စွန့်ပစ်ပစ္စည်းများကိုနေ့စဥ်ထည့်ပေးပါ (ပလတ်စတစ်များမပါစေရ)ပြီးရင် ဆန်ဆေးရည်လောင်းချပေးပါ။အိမ်ခြံဝင်းအတွင်းကြွေကျနေသောသစ်ရွက်များလည်းထည့်နိုင်ပါတယ်။သစ်သီးပုပ်,အိုးခွက်ပုဂံဆေးရည်များလည်းထည့်နိုင်ပါတယ်။ကောင်းမွန်သောမြေဆွေးများရလာပါလိမ့်မယ်။မီးဖိုချောင်စွန့်ပစ်ပစ္စည်းဖြစ်တဲ့ သား/ငါး..အရိုး/အမြီး/ကလီစာများကိုတော့ ဓားနဲ့နုတ်နုတ်စင်းပြီးဆီပုံးအဝါ(အခွံ)ထဲထည့်ပါ။ အဲဒီအထဲကိုထန်းလျက်၁ပိဿာခန့်ထည့်ထားပါ။အဖုံးကိုလုံအောင်ပိတ်ခါအေး၍မှောင်ပြီးခြောက်သောနေရာတွင်ထားပါ။သားငါးစွန့်ပစ်ပစ္စည်းတွေကိုရရှိတဲ့အခါတိုင်းထည့်ပေးပါ။အဖုံးကိုလုံအောင်ပြန်ပိတ်ထားပါ။၂လ..၃လ ကြာတဲ့အခါစစ်ရည်ကိုစစ်ယူပြီး ဗူး/ပုလင်းထဲထည့်ထားပါ။ရေတစ်ဂါလံကို စစ်ရည်၃ဇွန်းရောပြီး အပင်ကြီးထွားစဥ်ကာလတလျောက်ပက်ဖျန်းနိုင်ပါတယ်။စစ်ဖတ်များကိုအပင်ခြေတွင်ပုံပေးခြင်း သို့မဟုတ် မြေဆွေးကျင်းထဲထည့်ပေးနိုင်ပါတယ်။
ဒီပုံလေးလို ဥယျဉ်အသေးစားလေးလုပ်လို့ရပါတယ်။ သူကတော့ မြေဆွေးပုံတင်မကပဲ သီးပင်စားပင်ပါစိုက်လို့ရတဲ့ပုံစံပါ။ပြုလုပ်နည်းကိုတော့ ဒီဆောင်းပါးမှာဖတ်နိုင်ပါတယ်ရှင့်။ပဉ္စလက် ဉယျာဉ်လေးများ လုပ်ရအောင်
ဆက်စပ်မေးခွန်းများ
ပုံပါ အတိုင်း အပင်တွေ ခြောက်လာလို့ပါ..... ဘာတွေ လိုအပ်လို့ပါလဲ ခဗျ.....
ဖြေကြားချက် 2 ခု
စိုက်ပျိုးဖို့အတွက် မြေပြုပြင်ပုံနှင့် စိုက်ပျိုးမှုနည်းစနစ်များ သိချင်လို့ပါခင်ဗျ အတွေ့အကြုံရှိသုများ မျှဝေ...
ဖြေကြားချက် 2 ခု
အပင်မစိုက်ခင် ကိုယ့်မြေကြီးမှာ ဘာအပင်နဲ့ သင့်တော်သလဲ သိနိင်ရန် မြေကြီး ကို ဘာတွေ စမ်းသပ် စစ်ဆေးခြင်း များပြု...
ဖြေကြားချက် 3 ခု
ပဲတီစိမ်းခင်းကပထမအကြိမ်ဆွတ်နေပါပြီ အပင်တဝက်လောက်က ဝါလိုက်လာလို့ပါ ရေပေးလို့ရပါသလား အပင်အားဆေးပေးသင့်ပါသလား ဆေး...
ဖြေကြားချက် 2 ခု
ဒန့်သလွန်ရွက်တွေ ပုံထဲကလို ဝါလာပြီး ခြောက်သွားတာ ဘာလိုအပ်လို့ပါလဲခင်ဗျ ကူညီပေးကြပါဦး
ဖြေကြားချက် 1 ခု