စွန့်ပစ်​ပစ္စည်းက​ပေးတဲ့ သဘာဝ​မြေသြဇာ

27/05/2019 15:00 PM တွင် ပြည့်ဖြိုးသော် ပြည့်ဖြိုးသော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အားလုံးနီးပါး ဒီနာမည်​ကိုရင်းနှီးပြီးသားဖြစ်​ပါလိမ့်မယ်။​ သို့​ပေမယ့်တဲ့ သူများအတွက်​ အသုံးဝင်​ရန်​အလို့ငှါ ​​ဖော်​ပြလိုက်​ပါတယ်​။

ဒီ​မြေသြဇာက​တော့ မြင်​​နေကျ အခဲပုံစံမဟုတ်​ပဲ အရည်​ပုံစံဖြစ်​ပါတယ်​။ လုပ်​ပုံလုပ်​နည်းက​တော့ ရိုးရှင်းပါတယ်​ခင်​ဗျာ။

လိုအပ်​​သောပါဝင်​ပစ္စည်းများ

- လက်​​ဖက်​​ခြောက်​နု (သစ်​စိမ်းဆွေး)

- ကြက်​ဥ/ဘဲဥခွံ

- ငှက်​​ပျောခွံ 

- ပဲသီး (ဘယ်​အမျိုးအစားမဆို အသုံးပြုနိူင်​ပါတယ်​။ ဒါ​ပေမယ့် အစိုဖြစ်​ရပါမယ်​)

- ဆန်​​ဆေးရည်​

ပထမဦးစွာ ခွက်တစ်​ခုထဲသို့ ကြက်​ဥခွံများကို လက်ဖြင့်ကြိတ်​​ချေပါ။ ငှက်​​ပျောခွံများကို ကတ်​​ကြေးဖြင့် ညှပ်​၍ထည့်ရပါမယ်​။ ထို့​နောက်​ ပဲသီးများကို ညှပ်​၍ထည့်ပါ။ ​နောက်​ဆုံး အဆင့်အ​နေနဲ့ လက်​ဖက်​​နု​ခြောက်​နဲ့အတူ ဆန်​​ဆေးရည်​တို့ကို ​ရော၍ထည့်ပါ။ အဖုံးကို လုံ​အောင်​ပိတ်​၍ (၃) ရက်​ခန့်ထားပါ။ ခွက်​တစ်​ခုထဲသို့ အရည်​စစ်​၍ထည့်ပါ။ ထို့​နောက်​ မိမိလိုချင်​​သော ပြင်းအားအချိုးကို​ ရွေးချယ်​၍ ရေနှင့်ရောကာ အပင်​ကို​ကျွေးပါ ။

ပန်းပွင့်သောအပင်​များနှင့် အလှစိုက်​သစ်​ခွပင်​များအတွက်​ အဟာရရည်​တစ်​ခုဖြစ်​သလို၊ သဘာဝအာဟာရမြေသြဇာတစ်​ခုလည်းဖြစ်​ပါတယ်​။ နှုန်းထားက​တော့ ပန်းပွင့်အပင်​ကို တစ်​ပတ်​လျှင်​ (၂ကြိမ်​-၄ကြိမ်​) အထိ ကျွေးနိူင်​ပြီး၊ အသီးအရွက်​စားအပင်​ကို​တော့ တစ်​ပတ်​လျှင်​ (၄ကြိမ်​-၅ကြိမ်​) အထိ​ကျွေးနိူင်​ပါတယ်​

ကဲ ဩဂဲနစ် (organic) ခြံငယ်​ စစ်​စစ်​ဖြစ်​ချင်​တဲ့သူ​တွေ လက်​​တွေ့စမ်းပြီး အသုံးပြုလိုက်​ကြရ​အောင်​လားဗျာ။

လေးစားလျှက်​

ပြည့်ဖြိုး​သော်


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်