ဖြေကြားချက် ၆ ခု
ကြွက်နှိမ်နင်းနည်းတွေက တစ်ရွာတစ်ပုဒ်စမ်း နည်းမျိုးစုံရှိပါတယ်။နည်းတချို့မျှဝေပေးပါ့မယ်။မြေရေအိုးတစ်လုံးကိုမြေကြီးကိုတွင်းတူးပြီးနှုတ်ခမ်းသားချန်ပြီးမြှုပ်ပါ။ရေတစ်ဝက်ကျော်ကျော်ဖြည့်ထားပါ။ပြီးရင်လှော်ထားသောဖွဲနုမှုန့်ကို အဲဒီမြေအိုးထဲကရေမျက်နှာပြင်အပြည့်ဖျူးချပေးပါ။ကြွက်တက်လာနိုင်အောင်အိုးနှုတ်ခမ်းနဲ့မြေကြီးကို သစ်သား ချောင်းတစ်ချောင်းဖြင့်ဆက်သွယ်ပေးပါ။လှော်ထားတဲ့ဖွဲနုမှုန့်အနံ့ကြောင့် ကြွက်ကလျှောက်လမ်းအတိုင်းတက်လာပြီးအိုးထဲကိုခုန်ချပါလိမ့်မယ်။အဲဒီမှာရေနစ်သေပြီပေါ့ဗျာ။တစ်ခုတော့ရှိတယ်..ကြွက်နှိမ်နင်းရေးမှာအချိန်ဘဲ။ဘယ်အချိန်မှာအဆိပ်ချမလဲ..ဖမ်းမလဲ။သီးနှံပင်တွေပွင့်သီးချိန်လုပ်လို့ကတော့မထိရောက်ပါဘူး။သူစားသောက်ဖို့အစဥ်သင့်ရှိနေတော့တခြားဟာကိုစိတ်မဝင်စားဘူး။ဒါကြောင့်သီးနှံပင်ငယ်စဥ် အပင်ဖြစ်ထွန်းစအချိန်မှာလုပ်မယ်ဆိုရင်ပိုမိုထိရောက်ပါလိမ့်မယ်။(ရှဥ့်ငပေါတွေကိုလည်းဒီနည်းနဲ့ဖမ်းနိုင်ပါတယ်။)
ကြွက်ကို ညဘက်နှိမ်နင်းတာ ပိုကောင်းပါတယ်ရှင့် ဒါပေမယ့်မြွေတော့သတိထားပေါ့ အဆိပ်ချတာကသိပ်တော့ မကောင်းဘူး အခြားကြွက်ထောင်ချက်တွေဆင်မယ် ကန်သင်းတွေကို ရှင်းလင်းထားမယ် ကြွက်တွင်းတွေ ပိတ်မယ် တမာရွက်တို့ ဆေးရွက်ကြီးတို့နဲ့ ကြွက်တွင်းဝတွေမှာ မီးခိုးမှိုင်းတိုက်မယ် ကွင်းပတ်လည် ကြွက်တွေ မခိုနိုင်အောင် အမှိုက်တွေ ရှင်းလင်းထားမယ် ကြွက်ကိုစားတဲ့အကောင်တွေမွေးမယ် အဲ့လိုနည်းတွေ သုံးနိုင်ပါတယ်ရှင့်
ရိုးရိုးရှင်းရှင်း ကြွက်နှိမ်နင်းနည်း ဒီနူည်းလမ်းလေးကိုလေ့လာကြည့်ပါရှင်။
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်းငမြှောင်တောင်ဘယ်လိုနှိမ်နင်းမလဲ
ဖြေကြားချက် 2 ခု
ပဲတီပင်ရွက်ဝါရောဂါသည် အဝါရောင်မိုစိတ်ဗိုင်းရပ်ရောဂါဖြစ်ပြီး ယင်ဖြူမှတဆင့်ကူးစက်သည်ဟု အကြမ်းဖျင်းသိရပါသည်။ကျွန်...
ဖြေကြားချက် 2 ခု
ဘိုကိတ်ပဲဝယ်ထားတာများသွားလို့စားမကုန်တော့ဘူးဘယ်လိုအသစ်အစမ်းလုပ်ရမလဲအစိမ်းကောဒီတိုင်းစားလို့ရလား
ဖြေကြားချက် 4 ခု
ပဲတီစိမ်းက တစ်ခါကောက်ပြီးပါပြီ မိုးမရွာဘူး ရေမတင်ဘူး ပုလဲနဲ့လက်ချား ဖြန်းလို့ အဆင်ပြေပါ့မလား ဆရာတို့ အကြံပေးကြ...
ဖြေကြားချက် 1 ခု
ပဲတီအားဆေး ဘာတေကောင်းလဲဗျ
ဖြေကြားချက် 0 ခု