ဖြေကြားချက် ၁ ခု
လေ့လာခဲ့ဖူးတဲ့ အော်ဂဲနစ် သရက်ဝိုင် လုပ်နည်းလေး မျှဝေပေးချင်ပါတယ်ရှင့်။ ဖန်ပုလင်း ဗူး၊ စဉ့်အိုး၊ သစ်သားစည် များထဲသို့ သရက်သီးစိတ်များကို တလွှာထည့်ပါ။ ၎င်းအပေါ် သကြားတလွှာ ထည့်ပါ။ ဗူး ပုလင်း 80%ပြည့်ရင် သကြား ဆား (ဝိုင်အလျင် =ယခင်လက်ကျန်ဝိုင်) ထည့်ပါ ။ သရက်သီး ချိုချဉ်နှုန်းကြည့်ပီး သကြားကို လိုတိုးပိုလျော့ လုပ်ပါ။ စီးပွားဖြစ်လုပ်သူများ ကတော့ Yeast ထည့်ကြပါတယ်။ အေး၍မှောင်မည်းသော နေရာတွင်ထားပါ။ အပူချိန်ပြင်းပီး နေရောင် တိုက်ရိုက်ထိရင် အလျင်သေတတ်ပါတယ်။ အဖုံးကို စက္ကူနဲ့ပိတ်ပြီး သရေကွင်းနဲ့ ချည်ထားမှ ဓါတ်ပြုပီး Gas ထွက်သွားမှာဖြစ်ပါတယ်။ အဖုံးကို အပေါ်မှ ဖြေးဖြေး အသာအယာ ပိတ်ထားပေးပါ။ အလုံ မပိတ်ပါနှင့်။ ဗူး ပုလင်းကို စက္ကူ ဂျာနယ် ဂျပ်များနဲ့ပတ်ပီး သိမ်းရင် ထိခိုက် ကွဲရှ သက်သာစေပါတယ်။ ၂၁ ရက်ခန့်ကြားပြီးနောက်မှာ စတင်ရရှိနိုင်ပေမယ့်လည်း နှစ်ကြာလေ ပိုအရသာရှိ ပိုပြင်းသော ပိုတန်ဖိုးမြင့်သော ဝိုင် အကောင်းစားကို ရရှိစေပါတယ်။ လုပ်ငန်းစဉ်တလျှောက်လုံး သန့်ရှင်းမှုကိုလည်း အလေးထားပေးပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မြေမဲ့ စိုက်ပျိုးနည်းနှင့် စိုက်ပျိုးပုံ အဆင့်ဆင့်ကို သိချင်ပါတယ်
ဖြေကြားချက် 1 ခု
သံပုရာပင်ကိုင်းကူးစိုက်ထားပါတယ် အမြန်သီးအောင်ဘာတွေလုပ်ပေးရမလဲ သိလိုပါတယ်
ဖြေကြားချက် 8 ခု
မျောက်ငိုးသီး တစ်နည်းအားဖြင့် သစ်လိမ်သီးပင်စိုက်နည်းလေးပြောပြကြပါဦးဗျာ။ #yekyaw
ဖြေကြားချက် 0 ခု
USA Lemon အပင်လေး လိုချင်ပါတယ် ခင်ဗျာ .ဘယ်မှာ .ရနိုင်ပါသလဲ ခင်ဗျ . ရနိုင်မယ် ဆိုရင် .လည်း လိပ်စာလေးနဲ့ ဖုံးနံ...
ဖြေကြားချက် 2 ခု
အဲဒီပိုးတေကိုဘာဆေးနဲ့ဖျန်းရမလဲနော်
ဖြေကြားချက် 0 ခု