ကျနော့်နှမ်းခင်းလေး အသီးတင်မှုအားနည်းနေသလားလို့ပါ အပွင့်ကလဲမတိတ်သေးပါ အားဆေးဖြန်းစရာလိုသေးလား ဆီစုပ်ပိုးကရော ဘယ်အချိန်ထပ်ဖြန်းရမယ် ကျေးဇူးပြု၍ဖြေပေးစေချင်
အသီးတင်ဖို့ဆိုရင် ပုလဲ+လက်ချား သီးပွင့်အားကောင်းဆေး ဖျန်းပေးပါရှင့်။ အပင်တွေအရမ်းကြပ်နေရင်လည်း အသီးတင်မှုအားနည်းတတ်တာမို့ နောက်ရာသီစိုက်မယ်ဆိုရင် တမြုံမှာအနည်းဆုံး ၃ ပင်ထားပြီး အပင်မှုန်းတာကိုလုပ်ဆောင်ပေးပါရှင့် စုပ်စားပိုးတော့ အထူးဂရုစိုက်ပေးပါ။ တွေ့ကတည်းက ပင်လုံးပျံ့၊ ထိသေ ပိုးသတ်ဆေး ဒါမှမဟုတ် သဘာဝတမာပိုးသတ်ဆေးရည်ကို ဖျန်းပေးပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နှမ်းပင်အပွင့်တုံးနေပါပီအသီးအောင်ဖို့အမှဲ့ညီဖို့ဘာဆေးဖျန်းရမလဲဆရာတို့
ဖြေကြားချက် 4 ခု
ရောဂါရှိနေတဲ့ ဒီလိုအပင်တွေကိုဆက်ထားသင့်ပါသလား။ကုသလို့ကောရနိုင်ပါသလားဗျ ?
ဖြေကြားချက် 3 ခု
နှမ်းသီးတွေမှာသီးလုံးအပေါက်တွေမြင်းနေရပါတယ် သီးလုံးဖောက်ပိုးလိုထင်းရပါတယ် နောက်ပီကျနော်တို့ဘက်မှာရိပ်သိမ်းခါ...
ဖြေကြားချက် 2 ခု
ဖြုတ်စိမ်းဗျာ သီးရှဉ်းကပ်နေချိန် အပွင့်ဖြိုင်နေချိန်မှာ ပိုးကျနေတာဗျ ဘာပိုးဆေးပက်လို့အဆင်ပြေမလဲဗျ ဆေးပက်ရင်ရော...
ဖြေကြားချက် 3 ခု
ဝါနေတယ်ဘာဖြစ်တာလည်း
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။