အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုလတ်
လွန်ခဲ့သော ၂ နာရီ က

မြေပဲက ၃၅ရက်သားရနေပါပြီခင်ဗျာ ပိုးလည်းက ကျ ရေဂါလည်းရ ​ေ​နပါပြီ မှိုသတ်ဆေး/ပိုးသတ်ဆေး/ရွက်ဖျန်းအား​တို့ကို ရောသုံးလို့ကောရလား ဆိုတာလည်း ရှင်းပြပေးပါခင်ဗျာ ဆွယ်ဆင်းအားကောင်းအောင် အားဆေးလည်း သုံးချင်ပ့တယ်

ပိုးမွှားရောဂါ မြေပဲ
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

ကိုလတ်
ကိုလတ် 536 လွန်ခဲ့သော ၁ နာရီ က

@သော်ဇင် မှိုဆေးက တကြိမ်ပဲ ဖျန်းရလားခင်ဗျာ

သော်ဇင်
သော်ဇင် 475,016 လွန်ခဲ့သော ၁ နာရီ က

@ကိုလတ် မြေပဲသက်တမ်း ၃၅ ရက်သားတွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် ရွက်ဖျန်းအားဆေး သုံးမျိုးစလုံးကို တစ်ပုံးတည်း ရောစပ်ပက်ဖျန်းခြင်း မပြုသင့်ပါဘူး။ ဆေးပြင်းအားများပြီး အရွက်နုများ ဆေးလောင်နိုင်သကဲ့သို့ ဆေးဓာတ်ပြယ်ခြင်းလည်း ဖြစ်တတ်သောကြောင့် ဦးစွာ ပိုးသတ်ဆေးနှင့် မှိုသတ်ဆေး နှစ်မျိုးကိုသာ ရောစပ်ပက်ဖျန်းရပါမယ်။ ငမြောင်တောင်ပိုးအတွက် Emamectin benzoate သို့မဟုတ် Chlorantraniliprole နှင့် ရွက်နက်ပြောက်ရောဂါအတွက် Difenoconazole သို့မဟုတ် Azoxystrobin တို့ကို ညနေနေဝင်ရီတရောအချိန်တွင် ဦးစွာပက်ဖျန်းပေးပါ။ ထို့နောက် ၃ ရက်မှ ၅ ရက်အကြာ အပင်သက်သာလာချိန်တွင်မှ စွယ်ဆင်းအားကောင်းစေရန် ကယ်လ်စီယမ်နှင့် ဘိုရွန် (Calcium + Boron) ပါဝင်သော ရွက်ဖျန်းအားဆေးကို သီးသန့်ဖျန်းပေးခြင်းက အပင်အတွက် အထိရောက်ဆုံးနှင့် အန္တရာယ်အကင်းဆုံး နည်းလမ်းဖြစ်ပါတယ်။စွယ်စဆင်းချိန်တွင် ဂျစ်ဆမ်မြေဩဇာကျွေးပေးနိုင်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။