အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပြောင်းအပင်မညီပြဿနာ

ပြောင်းအပင်မညီပြဿနာ

ye

ye

232

လွန်ခဲ့သော ၉ လ က

ပြန်ကြားချက် ၃ ခု

အပင်အရပ်က 4ပေလောက်ပဲရှိတယ်ဗျ ဆောင်တွင်းမို့အပင်မမြင့်တာလား၊အဖူး ဖူးနိုင်သေးလား၊ အဖူးက‌ေရာအပင်နဲ့ဆိုင်လားဗျ

ပြောင်း

ကိုညီညီ

ကိုညီညီ

3

လွန်ခဲ့သော ၂ နှစ် က

ပြန်ကြားချက် ၁ ခု

ဆရာတို့ မင်္ဂလာပါ။ ကျွန်တော့်ပြောင်းခင်းရဲ့ အခြေအနေအတွက် အကြံဉာဏ်များ တောင်းခံ အပ်ပါတယ်။ စိုက်ထားတဲ့ ပြောင်းမျိုးက ပြောင်းချို 702မျိုးပါ ပြင်ဦးလွင် အရှေ့ဖက်နယ်မှာ တခြားတောင်သူများနည်းတူ ရေ၊မြေ၊မျိုး၊ပြုစုပုံများနှင့်အညီ စိုက်ထားတာပါ။ မြေကြီးအနေနဲ့ လမ်းခင်းဗြုံး(ကျောက်စရစ်) အနည်းငယ်ခင်းထားတဲ့ အပိုင်းတချို့ပါဝင်နေပါတယ်။ ဒေသအခေါ် ထွန်စက် ဂေါ်နဲ့ မြေလှန်ထားတဲ့မြေလို့လဲ သိရပါတယ်။ စစိုက်တဲ့ 11/8‌ ရက်မှာ ကြက်ချေးထည့်ပြီးစိုက်ပါတယ် အပင်သက် တစ်လ နေတော့ အာမို15ပတ်လည်+ကြက်ချေး ကြဲပြီး ပေါင်းလှည့် ပင်ခြေမြေပြုပြင်ထားပါတယ်။ အခုဆို ရက်ပေါင်းငါးဆယ်ရှိသွားချိန်မှာ ပုံထဲကလို အပင်တက် မညီတာ ကြီးတဲ့အပင်တွေမှာလဲ အောက်ရွက်ဝါတာတွေတွေ့နေရလို့ပါ။ ပိုးဖောက်သလိုအပေါက်‌တွေတွေ့တာ စသည်ဖြင့် အားရဖွယ် မရှိလို့ပါ။ ဘယ်လိုကုစားလို့ရနိုင်ပါမလဲ ခင်ဗျ။ ကျေးဇူးပါခင်ဗျ။

ပြောင်း

ဦးထိန်လင်းမောင်

ဦးထိန်လင်းမောင်

235

လွန်ခဲ့သော ၅ နှစ် က

ပြန်ကြားချက် ၆ ခု

အပင်မညီလို့ ‌‌‌ဘာကြောင့်ဖြစ်တာလဲခဗျ ဘယ်လိုလုပ်ရမလဲ တစ်လသားအပင်လေးတွေပါ

ပြောင်း

စိုင်းမိန်း

စိုင်းမိန်း

လွန်ခဲ့သော ၇ နှစ် က

ပြန်ကြားချက် ၁ ခု

အစေ့ထုတ်ပြောင်း ၈၀၈က သက်တမ်း ၁လနဲ့ ၁ဝ ရက်ရှိပါပြီ အပင်ထွက်မညီဘူးဖြစ်နေတယ် အပင်သေးလေးတွေကို မြေသြဇာ ပုလဲ ကျွေးလို့ ရမရနဲ့ မိုရယ်မုန်း အားဆေး ဖျန်းရမရ ဖြေကြားပေးပါ မိုးကလည်း မမှန်တော့ အောက်ခံ မြေအစိုဓာတ်ကလည်း နည်းနေပါတယ် နမ်စန် ရှမ်းတောင်ကပါ ရေငတ်ဒဏ်ခံနေရတော့ အရွက်တွေက ချွန်ပြီး လိပ်လာတယ် အရွက်အနားတွေအရောင်က အညိုရောင် သမ်းနေပါတယ် အပင်က ကြီးတဲ့အပင်က ခါးလောက်ရှိနေပြီး သေးတဲ့အပင်ကျတော့လည်း ၁ပေလောက်ပဲရှိတယ် ဖြေပေးပါ

ပြောင်း

ဇော်ဇော်အောင်

ဇော်ဇော်အောင်

464

လွန်ခဲ့သော ၇ နှစ် က

ပြန်ကြားချက် ၆ ခု

ပြောင်းပင်က ၂လသားပြည့်တော့မယ် အပင်မညီလို့ပါ ဘယ်လိုလုပ်ရမလဲ ပြောပေးပါ ဒီနှစ်မှ စစိုက်ကြည့်တာပါ အဆင်မပြေဘူးဖြစ်နေတယ်

ပြောင်း

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။