အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
 မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ

မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ

Dr. Kyaw Phyo Lwin
Dr. Kyaw Phyo Lwin 18/09/2026

ခံတွင်းကင်ဆာ (Oral Cancer) သည် မြန်မာနိုင်ငံ၌ အဖြစ်အများသော ကင်ဆာရောဂါတစ်ခု ဖြစ်သည်။ စောစောသိလျှင် ကုသပျောက်ကင်း နိုင်ခြေ အလွန်မြင့်မားသော်လည်း လူအများစုမှာ သတိမထားမိကြဘဲ ရောဂါရင့်မှသာ ဆေးရုံ ရောက်လာတတ်ကြပါသည်။

ခံတွင်းကင်ဆာဆိုတာ ဘာလဲ။

ခံတွင်းကင်ဆာဆိုသည်မှာ နှုတ်ခမ်း၊ လျှာ၊ သွားဖုံး၊ ပါးစောင်၊ အာခေါင် နှင့် လျှာအောက်ခြေတို့တွင် ဖြစ်ပွားတတ်သော ကင်ဆာရောဂါအမျိုးအစား ဖြစ်သည်။

သတိပြုရမည့် ရောဂါလက္ခဏာများ

ခံတွင်းထဲတွင် အောက်ပါလက္ခဏာများရှိနေပြီး ၂ ပတ်ထက်ကျော်လွန်ကာ မသက်သာဘဲ ဖြစ်နေပါက ဆရာဝန်နှင့် အမြန်ဆုံး ပြသသင့်သည်။

  • အနာများ - ခံတွင်း သို့မဟုတ် နှုတ်ခမ်းတွင်အနာဖြစ်ပြီး ရက်သတ္တပတ် အတော်ကြာသည်အထိ မကျက် ခြင်း။

  • အဖြူကွက် သို့မဟုတ် အနီကွက်များ - လျှာ၊ သွားဖုံး သို့မဟုတ် ပါးစောင်တွင် ပေါ်လာသော ထူထဲသည့် အဖြူကွက် (Leukoplakia) သို့မဟုတ် အနီကွက် (Erythroplakia) များ။

  • အလုံးအကျိတ်များ - ခံတွင်း သို့မဟုတ် လည်ပင်းတွင် အလုံးအကျိတ်များ ထွက်လာခြင်း။

  • ဝါးရန်၊ မျိုချရန် ခက်ခဲခြင်း - အစာစားသည့်အခါ၊ မျိုချသည့်အခါ သို့မဟုတ် လျှာနှင့် မေးရိုးကို လှုပ်ရှား သည့်အခါ နာကျင်ခက်ခဲခြင်း။

ရောဂါဖြစ်ပွားရခြင်း အဓိကအကြောင်းရင်းများ

မြန်မာနိုင်ငံတွင် ခံတွင်းကင်ဆာဖြစ်ပွားရခြင်းမှာ အောက်ပါ လူနေမှုစရိုက်၊ ဓလေ့ထုံးတမ်းများနှင့် တိုက်ရိုက်သက်ဆိုင် နေပါသည်။

  • ကွမ်းယာစားခြင်း - ကွမ်းသီး၊ ထုံးနှင့် ဆေးရွက်ကြီးတို့ ပေါင်းစပ်မှုသည် ခံတွင်းဆဲလ်များကို ပျက်စီးစေ ပြီး ကင်ဆာဖြစ်စေပါသည်။

  • ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲခြင်း - စီကရက်၊ ဆေးပေါ့လိပ် သောက်ခြင်းများ။

  • အရက်သောက်ခြင်း - အရက်နှင့် ဆေးရွက်ကြီးကို တွဲဖက်သုံးစွဲပါက ကင်ဆာဖြစ်နိုင်ခြေ ပိုမိုမြင့်မားသွားစေသည်။

  • HPV ဗိုင်းရပ်စ် ကူးစက်ခံရခြင်း - လိင်မှတစ်ဆင့် ကူးစက်တတ်သော Human Papillomavirus (အထူးသဖြင့် HPV-16) ကြောင့်လည်း ခံတွင်းကင်ဆာ ဖြစ်ပွားနိုင်သည်။

  • ချွန်ထက်သောသွားများ - စိုက်ထားသောသွား သို့မဟုတ် သဘာဝသွားများ ချွန်ထက်နေပြီး ပါးစောင် သို့မဟုတ် လျှာကို အမြဲတစေ ထိခိုက်ပွတ်တိုက်နေခြင်း။

ခံတွင်းကင်ဆာကို မည်သို့ကာကွယ်မလဲ။

ခံတွင်းကင်ဆာသည် နေထိုင်မှုပုံစံကို ပြောင်းလဲခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်သော ရောဂါဖြစ်သည်။

  • ကွမ်း၊ ဆေးလိပ်နှင့် အရက်ကို ဖြတ်ပါ - ၎င်းသည် အထိရောက်ဆုံးသော ကာကွယ်နည်း ဖြစ်သည်။

  • အာဟာရပြည့်ဝစွာ စားသုံးပါ - ဗီတာမင်နှင့် သတ္တုဓာတ် ကြွယ်ဝသော လတ်ဆတ်သည့် ဟင်းသီးဟင်း ရွက်နှင့် သစ်သီးဝလံများကို ပိုမိုစားသုံးပါ။

  • ခံတွင်းသန့်ရှင်းရေး ဂရုစိုက်ပါ - တစ်နေ့ နှစ်ကြိမ် သွားတိုက်ပါ၊ သွားအချွန်များရှိပါက ဆရာဝန်နှင့် ပြသပါ။

  • ပုံမှန်စစ်ဆေးမှု ခံယူပါ - အနည်းဆုံး ခြောက်လတစ်ကြိမ် သွားနှင့်ခံတွင်းဆရာဝန်နှင့် ပြသပြီး ခံတွင်း ကျန်းမာရေးကို စစ်ဆေးပါ။

ခံတွင်းကင်ဆာသည် "စောစောသိ၊ စောစောကု" ရန် အရေးကြီးပါသည်။ မိမိ၏ ခံတွင်းထဲတွင် ထူးခြားသော အနာ သို့မဟုတ် အကွက်များ တွေ့ရှိပါက ကျွမ်းကျင်သည့် ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး ကုသမှုခံယူကြပါရန် တိုက်တွန်းအပ်ပါသည်။


ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဘာရောဂါလဲ ဘာဆေးဖျန်းရမလဲ ရှေ့တစ်ပတ်က hexaconazole mancozeb carberdazin ဖျန်းထားတယ်ဗျ

nay • ဖြေကြားချက် 4 ခု

ကွမ်းကသိပ်အတက်မကောင်းလို့ဗျဘာတွေလိုနေတာလဲပြောပေးပါဦးဆရာတို့

တောသားလေး • ဖြေကြားချက် 2 ခု

မှော်ဘီ၂ဘယ်စျေးပေါက်လဲဗျ

thiha • ဖြေကြားချက် 2 ခု

ရွှေဘိုပေါ်ဆန်းသက်လတ်စပါးသက် 77ရက်ရှိပါပီ။ဒီလ 13/14 ရက်က ဆစ်ပိုးကာကွယ်ဖို့ Profenofos+Lambda cyhalothrin ဆေးတွဲကို ဖြန်းခဲ့ပါတယ် ဒါမဲ့ ခုဆစ်ပိုးက လောက်ကောင်အဆင့်ရောက်ပီး ပင်စည်တွင်းဝင်ရောက်‌ဖျက်စီးနေကြလို့ပါ။ Acetamiprid20%+Fipronil 20% ပါတဲ့ဆေးထပ်ဖြန်းမလို့ပါဗျ။ သင့်တော်လားဗျ။တစ်ပတ်စောင့်ပီးမှဖြန်းရမလားဗျ။ဖြန်းဆေး‌ဖြန်းပီး နဲ့ 3Gနဲ့ပိုတက် ရောပက်သုံးရင်ရော ပိုပီးအာနိသင်ထိနိုင်လားဗျ။

ko naing phyo wai • ဖြေကြားချက် 1 ခု

ယင်ဖြူ အရမ်းများနေပါတယ် ဖြုတ်စိမ်းလဲရှိတယ် Thiamethoxam -20 WDG (10 g) + Lambda Cyhalothrin -5W/ V(15 cc)ဖျန်းပါတယ် ယင်ဖြူ မပျောက်ဘူးဖြစ်နေပါတယ် Abamectin -1.8% W/ V (20cc) လဲဖျန်းပါတယ် ယင်ဖြူ အမြစ်ပျက် နှိပ်နှင်းရန် ဆေးနဲ့ မိုစေ့ ဗိုင်းရပ် ကာကွယ်ဆေးလေးသိချင်ပါတယ်ဗျာ

စည်သူလွင် • ဖြေကြားချက် 6 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။