အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
ပြည်တွင်း ရေထွက်ကုန် မွေးမြူရေးကဏ္ဍတွင် အစာဈေး မြင့်တက်မှုကြောင့် ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ လျော့ကျလာနေကြောင်း ငါးမွေးမြူရေး လုပ်ငန်းရှင်များထံမှ သိရသည်။
ငါးမွေးလုပ်ငန်းများအတွက် ဖွဲနု အပါအဝင် အစားအစာ ဈေးနှုန်းများ မြင့်တက်လာခြင်း၊ သယ်ယူပို့ဆောင်ရေး စရိတ်များနှင့် အလုပ်သမား ငှားရမ်းခ နှုန်းထားများ မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
အစာဈေးနှုန်း မြင့်တက်မှုကြောင့် ငါးမွေးမြူရေး လုပ်ကိုင်သူ လျော့နည်းလာသည့်အပြင် ငါးသားပေါက် ရောင်းချသူများလည်း လျော့နည်းလာကြောင်း သိရသည်။
"ငါးမွေးမြူရေး လျော့ကျတယ်လို့ ဘာကြောင့်ပြောနိုင်လဲဆိုရင် ကျွန်တော်တို့က ငါးသားပေါက် ရောင်းတော့ သိတယ်။ ငါးကန်ကြီးတွေက ငါးမထည့်တော့ ငါးသားပေါက်ဈေးတွေလည်း ကျတယ်။ အရင်နှစ် ဈေးလောက်တောင် မရဘူး။ ကန်သမားကြီးတွေက သားပေါက် အဝယ်နည်းတော့ ဈေးကွက်ကျတဲ့ သဘောဖြစ်နေတာ" ဟု ရန်ကုန်မှ ငါးသားပေါက် မွေးမြူရေး လုပ်ကိုင်သူ တစ်ဦးက ပြောသည်။ယခင်နှစ်တွင် ဖွဲနု ပေါင် ၆၀ တစ်အိတ်လျှင် ကျပ် ၂၅,၀၀၀ ဝန်းကျင်သာ ရှိသော်လည်း ယခုနှစ်တွင် ဖွဲနု ပေါင် ၆၀ တစ်အိတ်လျှင် ကျပ် ၄၅,၀၀၀ ဝန်းကျင်အထိ ရှိလာကြောင်း သိရသည်။
ထို့ကြောင့် ယခုနှစ်တွင် ငါးမွေးမြူရေးဧက ကန် ၄၀ ဝန်းကျင်အတွက် ငွေကျပ် သိန်းပေါင်း ၂,၀၀၀ နီးပါး ကုန်ကျနိုင်ပြီး ယခင်နှစ်များ၌မူ သိန်း ၁,၅၀၀ ဝန်းကျင်သာ ကုန်ကျမှု ရှိကြောင်း သိရသည်။

"ဒီနှစ် ကုန်ကျစရိတ်တွေ အကုန်တက်ပြီး ပြန်ရတဲ့ဈေးက မကိုက်ဘူး ဖြစ်နေတာ။ ငါးကြီးမွေးသူတွေကလည်း အဝယ်နည်းတော့ အကုန် ခက်ခဲနေကြတယ်" ဟု သူက ဆက်လက်ပြောသည်။ပြီးခဲ့သည့် ဇွန်လမှစ၍ ဩဂုတ်လကုန်အထိ ကာလသည် ငါးသားပေါက်များ ရောင်းအား အကောင်းဆုံး အချိန်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ငါးသားပေါက် ရောင်းချရမှုနှုန်း သိသိသာသာ လျော့ကျသွားခြင်း ဖြစ်သည်။
သို့ဖြစ်၍ ယခုနှစ်တွင် ငါးသားပေါက် မွေးမြူရေး လုပ်ကိုင်သူများအနေဖြင့် ငါးသားပေါက်များကို ဈေးကွက်တွင် ရောင်းတန်းဝင်သည်အထိ မွေးမြူနေရကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ရေချိုငါး မွေးမြူရေးကန်ပေါင်း ဧရိယာ ၃၃၀,၇၀၆ ဧကကျော် ရှိကြောင်း သိရပြီး ဧရာဝတီတိုင်းတွင် ငါးမွေးမြူရေးကန်အချို့ ရေနစ်မြုပ် ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန စာရင်းများအရ သိရသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
စပါးခင်းထဲကြွက်တွေ မလာအောင် ပိုးသတ်ဆေးဖျန်းကြတယ် အဲ့ပိုးသတ်ဆေးAi သုံးဖူးတဲ့ဆရာကြီးများ ပြောပြပါအူး
စိုင်းထီးခမ်း • ဖြေကြားချက် 0 ခု
စပါးရွက်ဖျားတွေခြောက်လာတာ အကွက်လိုက်သေကုန်တာကို ဘယ်လို ကာကွယ်ကုသလို့ရမလည်းခင်ဗျာ
kyaw swar lay • ဖြေကြားချက် 1 ခု
ဆရာခင်ဗျ အီမာမက်တင် ဘက်ဇိုရိတ် ၁၀% လန်ဒါဆိုဒ်ဟေသရင် ၁၅% အဲ့ AI နှစ်မျိုးအပြင် အခြား AI နဲ့ ဆေးအမည်လေးပြောပေးပါအူး ခရမ်းခေါင်းသီးလုံးဖောက်ပိုးနိုင်ချင်လို့ပါဆရာ အခု AI နှစ်မျိုးက ဆေးဖျန်းတာ ၃ ကြိမ်ရှိနေပီမို့ပါဆရာ
U Yan • ဖြေကြားချက် 5 ခု
ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ
KO Thiha lin • ဖြေကြားချက် 2 ခု
ငရုတ်စုပ်းစားပိုးအမြစ်ပြတ်နိင်ဆေးညွန့်ကြပါအုံး
ကိုဝေယံအောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
More from AMIA
အားလုံး
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စက်တင်ဘာလအစတွင် မတ်ပဲဈေးများ ဆက်တိုက်ကျဆင်းလာ
03/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....