ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
ရှမ်းပြည်နယ်တောင်ပိုင်း ကုန်စိမ်းသီးနှံ ဈေးကွက်တွင် ခရမ်းချဉ်သီးဈေး ပြန်လည်မြင့်တက်လာပြီး အရောင်းအဝယ် ကောင်းနေကြောင်း ပွဲရုံများထံမှ သိရသည်။
ယခု စက်တင်ဘာလ ဒုတိယပတ်မှစ၍ ခရမ်းချဉ်သီးဈေးကွက် မြင့်တက်လာခြင်းဖြစ်ပြီး ခရမ်းချဉ်သီးကို ပြည်မဒေသများမှ ဝယ်လိုအား ကောင်းလာသည့်အတွက် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ပြည်မဘက်မှ ဝယ်လိုအား ကောင်းလာသည့်အပြင် ရှမ်းတောင်သို့ ခရမ်းချဉ်သီး ဝင်ရောက်မှုလည်း သိပ်မများသဖြင့် ရောင်းလိုအားနှင့် ဝယ်လိုအား မမျှသောကြောင့် ဈေးတက်လာခြင်းဖြစ်ကြောင်း သိရသည်။
"ပြည်မက ခရမ်းချဉ်သီးဆွဲလို့ ဈေးကွက်တက်လာတာပါ။ ခရမ်းချဉ်ကလည်း အဝင် အရင်လောက် မများတော့ဘူးလေ။ ဈေးက ထပ်တက်ဦးမယ်" ဟု ရှမ်းတောင် ကုန်စိမ်းပွဲရုံပိုင်ရှင် တစ်ဦးက ပြောသည်။စက်တင်ဘာ ၁၆ ရက် အောင်ပန်းကုန်စိမ်းဈေးကွက်တွင် ခရမ်းချဉ်သီး (ဂွတ်သီး) တစ်ပိဿာလျှင် ကျပ် ၂,၇၀၀ ရှိပြီး ခရမ်းချဉ်သီး (ရှယ်သီး) တစ်ပိဿာလျှင် ကျပ် ၂,၅၀၀၊ ခရမ်းချဉ်သီး (အသေးသီး) တစ်ပိဿာလျှင် ကျပ် ၁,၈၀၀ အထိ ဈေးရှိလာကြောင်း သိရသည်။
စက်တင်ဘာ ၁၀ ရက်တွင် ခရမ်းချဉ်သီး (ဂွတ်သီး) တစ်ပိဿာလျှင် ကျပ် ၁,၄၀၀ ရှိခဲ့ပြီး ခရမ်းချဉ်သီး (ရှယ်သီး) တစ်ပိဿာလျှင် ကျပ် ၁,၂၀၀၊ ခရမ်းချဉ်သီး (အသေးသီး) တစ်ပိဿာလျှင် ကျပ် ၈၀၀ ဈေးသာရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရှမ်းတောင် ကုန်စိမ်းဈေးကွက်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် တစ်ပတ်အတွင်း ကျပ် ၁,၀၀၀ မှ ကျပ် ၁,၃၀၀ အတွင်း မြင့်တက်လာကြောင်း သိရသည်။

"ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ခရမ်းချဉ်သီးဈေးတက်လာတာ။ အထားခံတဲ့ အစိမ်းသီးကတော့ ဈေးအမြင့်ဆုံးပေါ့။ အမှည့်၊ သံယောင်က ကြာရှည်အထားမခံဘူးလေ။ ခရမ်းချဉ်သီးအသေးတောင် အခုက ပွဲရုံရောင်းဈေး ၁,၈၀၀ ရှိတယ်" ဟု ခရမ်းချဉ်သီး ရောင်းချသူတစ်ဦးက ပြောသည်။ရှမ်းတောင် ခရမ်းချဉ်ဈေးကွက်သည် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ဈေးကွက် ပိုမိုမြင့်တက်လာနိုင်ကြောင်း ကုန်သည်များက သုံးသပ်ထားသည်။
ယခုဖြစ်ပေါ်နေသည့် ခရမ်းချဉ်သီးဈေးကွက်အရ တောင်သူများသည် ခရမ်းချဉ်သီး အကြီးအသေး အရောအနှော တစ်ပိဿာလျှင် ကျပ် ၁,၅၀၀ ဝန်းကျင် ရောင်းချရကြောင်း သိရသည်။
ရှမ်းတောင်ဒေသရှိ ခရမ်းချဉ်သီးဈေးကွက်သည် ကုန်ပစ္စည်းအဝင်နည်းပြီး ပြည်မမှ ဝယ်လိုအား ကောင်းလျှင် ဈေးတက်လေ့ရှိသော်လည်း နှစ်စဉ် မိုးတွင်းကာလရောက်တိုင်း ဈေးနှုန်းကျလေ့ရှိသဖြင့် တောင်သူများအနေဖြင့် ဈေးကွက်ဝယ်လိုအား ရှိချိန်တွင် ခရမ်းသီး ခူးဆွတ်နိုင်ရန် အချိန်ပြောင်းလဲ စိုက်ပျိုးသင့်ကြောင်း သိရသည်။
ယခင် ဩဂုတ်လပိုင်းကမူ ရှမ်းတောင်ရှိ ကုန်စိမ်းပွဲရုံများသို့ ခရမ်းချဉ်သီး ဝင်ရောက်မှုများပြီး ဝယ်လိုအား လျော့နည်းသည့် အခြေအနေများကြောင့် ခရမ်းချဉ်သီးဈေးကွက် ကျဆင်းကာ တောင်သူများအနေဖြင့် လွှင့်ပစ်ရသည်အထိ ရှိခဲ့သည်။
အလားတူ ဇွန်လအတွင်းကလည်း ရှမ်းတောင် ပင်လောင်းနှင့် နောင်တရားဒေသများရှိ ကျေးရွာများတွင် ပွဲစားများက ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၈၀ ကျပ်မှ ၁၀၀ ကျပ်အတွင်းသာ ဈေးပေးပြီး ဝယ်ယူမှုနည်းသည့် အခြေအနေများကြောင့် ခရမ်းချဉ်သီးများကို လွှင့်ပစ်ခဲ့ရကြောင်း သိရသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မတ်ပဲ ၁၅ .၂၀ရက်သားမှာ ဆာလ်ဖာ၈၀%ပါတဲ့ရွက်ဖျန်းဆေးဖျန်းလို့ရပြီလား ဆာလ်ဖာကို အလူမီနီယမ်မှိုသတ်ဆေးနဲ.ရောဖျန်းလို့ရလား
Sawsamson • ဖြေကြားချက် 2 ခု
စပါးရွက်မာ အမဲစက်များ ရှိနေတာဘာဖစ်လို့လဲ ဘယ်လိုကုသရမလဲဗျ
kyaw khaing oo • ဖြေကြားချက် 1 ခု
မြစ်ကြီးနားမှာမိုးရာသီက မိုးအရမ်းများလို့ ခရမ်စိုက်မယ်ဆိုရင် ဘယ်မျိုးကို စိုက်သင့်လဲ
Wai Linn • ဖြေကြားချက် 1 ခု
စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ
KO Thiha lin • ဖြေကြားချက် 2 ခု
မိုးများပီးပန်းအောက်အရွက်တေမှာဒီလိုဖစ်လာလို့ပါ
ကိုချမ်း • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
More from AMIA
အားလုံး
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026