အစိမ်းရောင်လမ်း
ပြင်ပဒေါ်လာလဲနှုန်းကျဆင်းမှုနှင့်အတူ သီးနှံဈေးနှုန်းအချို့ ကျဆင်းလာ

ပြင်ပဒေါ်လာလဲနှုန်းကျဆင်းမှုနှင့်အတူ သီးနှံဈေးနှုန်းအချို့ ကျဆင်းလာ

ပြင်ပဒေါ်လာငွေလဲနှုန်းကျဆင်းလာမှုနဲ့အတူ ပြည်ပပို့ကုန်ပဲတွေအပါအဝင် သီးနှံဈေးနှုန်းအချို့ ပြန်လည်ကျဆင်းလာတယ်လို့ စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာတော့ မတ်ပဲကော ပဲစင်းငုံနီကော ဈေးတွေ ထပ်ကျသလို အာလူး၊ နှမ်းဈေးတွေ လည်း ကျဆင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။ တစ်ပိဿာ ကျပ် ၃၅၀၀ ထိ ဈေးမြင့်သွားခဲ့တဲ့ ကြက်သွန်နီဈေးဟာလည်း ဆက်တိုက်ပြန်လည်ကျဆင်းသွားပြီး ဒီနေ့မှာတော့ အမြင့်ဆုံးဈေး ကျပ် ၃၁၀၀ ထိ ဖြစ်သွားပြီ ဖြစ်ပါတယ်။ 

ငွေလဲလှယ်နှုန်းဈေးကျဆင်းသွားတဲ့အတွက် ဈေးတွေ ပြန်ကျဆင်းသွားတာဖြစ်တယ်လို့ AMIA က ဖော်ပြထားပါတယ်။

ထန်းလျက်ဈေးကတော့ အနည်းငယ်တက်လာပေမယ့် သကြားဈေးကတော့ ကျသွားတယ်လို့လည်း AMIA ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။

စက်တင်ဘာ ၂၂ ရက် သီးနှံဈေးနှုန်းအချို့

*ရန်ကုန်ဘုရင့်နောင်ဈေးကွက်* 

  • မတ်ပဲ (FAQ/RC) တစ်တင်း - ၆၃၁၈၅
  • မတ်ပဲ (SQ/RC) တစ်တင်း - ၇၃၇၉၅
  • ပဲစင်းငုံနီ (တစ်တင်း) - ၆၉၀၅၀
  • ပဲလွန်းဖြူ(မြစ်ဝ) (တစ်ပိဿာ) - ၂၃၀၀ မှ ၂၃၃၅
  • ကြက်သွန်နီ (တစ်ပိဿာ) - ၂၇၀၀ မှ ၃၁၀၀
  • ထန်းလျက် (တစ်ပိဿာ) - ၂၂၅၀ မှ ၃၇၅၀
  • မန်းကျည်းသီး (တစ်ပိဿာ) - ၂၁၀၀ မှ ၄၀၀၀
  • အာလူး (တစ်ပိဿာ) - ၁၄၀၀ မှ ၂၁၅၀
  • သကြား (တစ်ပိဿာ) - ၂၅၃၀

*မန္တလေးဈေးကွက်*

  • နှမ်းနက်(စမုံ) (တစ်အိတ်)   -    ၂၆၀၀၀၀ မှ ၃၃၅၀၀၀
  • နှမ်းညို (တစ်အိတ်) - ၂၅၀၀၀၀ မှ ၂၅၅၀၀၀
  • စီပီပြောင်း (တစ်အိတ်) - ၅၄၀၀၀ မှ ၅၅၀၀၀
  • စားတော်ပဲ (တစ်အိတ်) - ၂၃၀၀၀၀ မှ ၄၀၀၀၀၀
  • စွန်တာပဲ (တစ်အိတ်) - ၁၄၀၀၀၀
  • ပဲပုတ်(ရှမ်း) (တစ်အိတ်) - ၁၆၀၀၀၀ မှ ၁၆၆၀၀၀
  • ပဲလွန်းပြာ (တစ်အိတ်) - ၁၁၅၀၀၀ မှ ၁၂၅၀၀၀
  • ကုလားပဲ(ထိုင်ဝမ်) (တစ်အိတ်)  - ၁၇၇၀၀၀ မှ ၁၇၈၀၀၀

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....