အစိမ်းရောင်လမ်း
တစ်နှစ်အတွင်း ပဲတီစိမ်းဈေးကွက်၊ ဥရောပတင်ပို့မှုနဲ့ ရှေ့အလားအလာ

တစ်နှစ်အတွင်း ပဲတီစိမ်းဈေးကွက်၊ ဥရောပတင်ပို့မှုနဲ့ ရှေ့အလားအလာ

အခု ၂၀၂၂ ခုနှစ်အတွင်းမှာတော့ ပဲတီစိမ်းဈေးတွေ မြင့်တက်ခဲ့တယ်ဆိုပေမဲ့ တရုတ်နယ်စပ် ပိတ်ထားတဲ့အတွက် ပြီးခဲ့တဲ့နှစ်တွေနဲ့ နှိုင်းယှဉ်ရင်တော့ ဈေးကောင်းရရှိခဲ့တယ်လို့ သတ်မှတ်လို့ မရခဲ့ပါဘူး။

စီးပွားကူးသန်းစာရင်းအရတော့ ပဲတီစိမ်းပြည်ပတင်ပို့မှုဟာ တန်ချိန် ၄ သိန်းနီးပါးအထိ ရှိခဲ့တယ်လို့  သိရပါတယ်။

ပဲတီစိမ်းကို ဥရောပနိုင်ငံတွေဆီလည်း သတ်မှတ်ထားတဲ့ အရည်အသွေးနဲ့အညီ တင်ပို့မှုတွေ ရှိခဲ့ပြီး လာမဲ့ ၂၀၂၃ မှာလည်း ပဲတီစိမ်းတန်ချိန် ၁ သောင်းကျော်ကို ဥရောပကို တင်ပို့သွားဖို့ ရှိတယ်လို့ သိရပါတယ်။

နယ်စပ်ကနေတဆင့်ဝယ်ယူမှုတွေမှာတော့ တရုတ်နိုင်ငံက အများဆုံးဖြစ်ခဲ့ပြီး ပဲတွေထဲမှာ ဈေးအမြင့်ဆုံးရရှိခဲ့တဲ့ပဲလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ တရုတ်နယ်စပ်တွေ ပြန်ဖွင့်နေပြီဖြစ်တဲ့အတွက် ပဲတီစိမ်းဈေးကွက်ဟာ ကောင်းမွန်နိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။ အခုဆောင်းသီးနှံစစိုက်ချိန် အောက်ပိုင်းဒေသတွေမှာ နေရာကွက်မိုးကြီးသွားမှုတချို့ကြောင့် ပဲတီစိမ်းစိုက်ခင်းအချို့ ပျက်စီးထားတာကလည်း အထွက်နှုန်းကို လျော့ကျစေနိုင်ချေ ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက  ပဲတီစိမ်းက တစ်တင်းကို အမြင့်ဆုံးဈေး ကျပ် ၅၀၀၀၀ လောက်ပေါက်ဈေးရှိခဲ့ပြီး ယခုနှစ် ၂၀၂၂ ခုနှစ်မှာတော့ပဲတီစိမ်းက တစ်တင်းကို အမြင့်ဆုံး ၆၀၀၀၀ လောက်ထိပေါက်ဈေးရှိနေပါတယ်။

ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် အထွေထွေထုတ်လုပ်ကုန်ကျစရိတ်တွေ မြင့်တက်လာတာနဲ့ယှဉ်ရင်တော့ ဒီလောက်ဈေးမြင့်တက်ခြင်းဟာ တောင်သူတွေအတွက် အကျိုးပိုများလာတယ်လို့တော့ မဆိုနိုင်ပါဘူး။

(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA) က ပေးပို့လာသည့် တစ်နှစ်တာ အတွင်း ဈေးကွက်သုံးသပ်ချက်ကို ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....