၂၀၂၂ ခုနှစ်အတွင်း ဆန်စပါးလောက အခြေအနေ
ဆန်စပါးဈေးတွေကတော့ ၂၀၂၂ ခုနှစ်အတွင်း စံချိန်တင်ဈေးမြင့်တက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အလားတူ သွင်းအားစုဈေးတွေအားလုံးကလည်း စံချိန်တင်မြင့်တက်ခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ဆန်ချောတွေဖြစ်တဲ့ ပေါ်ဆန်း(ဖျာပုံ၊ ဒေးဒရဲ၊ မြောင်းမြ၊ ပုသိမ်၊ နယ်စုံ)တို့က တစ်အိတ်ကို ၄၃၀၀၀ ကနေ ၅၀၀၀၀ ကြား ပေါက်ဈေးရှိရာကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာတော့ တစ်အိတ်ကို ၆၀၀၀၀ ကနေ ၆၅၀၀၀ ကြား အရောင်းအဝယ်ရှိခဲ့ပါတယ်။

ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်နဲ့ ၂၅ မှတ်ဆန်တို့ကလည်း ၂၀၂၁ ခုနှစ်က တစ်အိတ်ကို အမြင့်ဆုံးဈေး ၂၃၅၀၀ သာ ရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ တစ်အိတ်ကို အမြင့်ဆုံးဈေး ၄၇၀၀၀ ထိ မြင့်တက်ခဲ့တာ ဖြစ်လို့ ဈေးက နှစ်ဆလောက်ဖြစ်သွားခဲ့တာပါ။
ပထမတန်းစားစပါးတွေ ဖြစ်တဲ့ ပေါ်ဆန်းစပါးတွေကလည်း ၂၀၂၁ က တင်း ၁၀၀ ကို အမြင့်ဆုံးဈေး ၉ သိန်းခွဲအထိသာ ရှိခဲ့ရာကနေ ၂၀၂၂ မှာတော့ ၁၆ သိန်းလောက်အထိ မြင့်တက်ခဲ့ပါတယ်။ ဒုတိယတန်းစား စပါးတွေကလည်း ၂၀၂၁ က အမြင့်ဆုံးဈေး ၆၈၀၀၀၀ ခန့်သာရှိခဲ့ရာကနေ ၂၀၂၂ မှာတော့ တင်း ၁၀၀ ကို ၁၃ သိန်းထိ မြင့်တက်လာခဲ့ပါတယ်။
ဈေးနှုန်းတွေမြင့်တက်ခဲ့ပေမဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် စိုက်ဧကတွေတော့ ပိုလျော့လာခဲ့ပြီး မြေဩဇာဈေးနှုန်းကြီးမြင့်လွန်းပြီး ပြည့်ပြည့်ဝဝ မသုံးစွဲနိုင်ခဲ့တာကြောင့် ထွက်နှုန်းတွေလည်း လျော့ကျ ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၉-၂၀၂၀ ရာသီ မိုးစပါး၊ နွေစပါးစိုက်ပျိုးမှုက စုစုပေါင်း ၁၇ ဒသမ ၃၁ ဧက ထိ ရှိခဲ့ပေမယ့် ၂၀၂၀-၂၀၂၁ ခုနှစ်မှာတော့ မိုးစပါးနွေစပါးစိုက်ပျိုးမှုက ဧက ၁၇ သန်းထိလျော့ကျခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ရာသီမှာတော့ ပိုပြီးတော့တောင် လျော့ကျသွားနိုင်တယ်လို့ ကုန်သည်အများစုက ခန့်မှန်းထားပါတယ်။
ပြည်တွင်းဝယ်ယူစားသုံးသိုလှောင်မှု များပြားလာခြင်းကလည်း ဆန်စပါးဈေးမြင့်တက်လာခြင်းတွေထဲက အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ နေရာအနှံ့အပြား မီးပြတ်မှုတွေကြောင့် ဆန်စက်တွေ ကုန်ကျ စရိတ်မြင့်တက်တာ၊ သယ်ယူပို့ဆောင်စရိတ် မြင့်တက်တာတွေကလည်း စပါးဈေးတွေ မြင့်တက်ခဲ့ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
ဓာတ်မြေဩဇာဈေးကလည်း ၂၀၂၁ ခုနှစ်ကတည်းက မြင့်တက်နေခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်းမှာတော့ ပုလဲ ၁ အိတ်ကို ၁၃၀၀၀၀ အထက်ထိတောင် ဈေးမြင့်တက်ခဲ့ပါတယ်။ (လက်ရှိမှာတော့ ပုလဲ မြေဩဇာဈေးတွေဟာ ကျပ် ၄၀၀၀၀ လောက် ဈေးပြန်ကျသွားပြီလို့ သိရပါတယ်။ ဒါပေမဲ့ ကွန်ပေါင်း မြေဩဇာတွေကတော့ ထူးထူးခြားခြားဈေးပြန်မကျဘဲ ၁၃၀၀၀၀ နဲ့ ၁၄၀၀၀၀ ကြားမှာပဲရှိနေကာ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေလည်း သိသိသာသာ ဈေးပြန်မကျဘူးလို့ သိရပါတယ်) ထွန်စက်ခ၊ ရိတ်သိမ်းခြွေလှေ့စက်ခတွေလည်း ဈေးတွေမြင့်တက်ခဲ့လို့ ထုတ်လုပ်ကုန်ကျစရိတ်ဟာလည်း နှစ်ဆ နီးပါးဈေးမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမြန်မာ့ဆန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရုတ်၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊ ဖိလစ်ပိုင်နိုင်ငံတို့ကို တင်ပို့ နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အများဆုံးတင်ပို့နေတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး စာရင်း များအရသိရပါတယ်။ တင်ပို့မှုကလည်း ၂၀၂၁ ခုနှစ်နဲ့ယှဉ်ရင် ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုက တန်ချိန် ၁ သိန်း ၂ သောင်းကျော် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။
အချုပ်အားဖြင့်ဆိုရင်တော့ ၂၀၂၂ ခုနှစ်အတွင်းမှာ ၂၀၂၁ နဲ့ယှဉ်ရင် ဆန်စပါးဈေးတွေ မြင့်တက်ခဲ့တယ် ဆိုပေမဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်လွန်းတာ၊ အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာတာတွေနဲ့ ယှဉ် ရင်တော့ သိသာတဲ့အကျိုးအမြတ်မျိုး မရှိခဲ့ဘူးလို့ လယ်သမားတွေထံက သိရပါတယ်။
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA) က ပေးပို့လာသည့် တစ်နှစ်တာ အတွင်း ဈေးကွက်သုံးသပ်ချက်ကို ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Aung Myo Kyaw
လွန်ခဲ့သော ၃ နှစ် ကမြေသြဇာစျေးနှုန်းလေးတွေလဲတင်ပေးပါ
ဆက်စပ်မေးခွန်းများ
မင်းဧရာစပါးအစေ့ကအညိုရောင်လေးတွေဖြစ်ပြီးအပိန်လေးတွေဖြစ်နေလို့ဆရာ
Zaw Than Oo • ဖြေကြားချက် 0 ခု
ပိုးလားမှိုလားခင်ဗျ ပိုးဆေးကအာဘာမက်တင် ပရိုဖီနိုဖော့ဖြန်းထားပါတယ်ခင်ဗျမှိုဆေးကတော့ကော့ပါး +ကာဇူကာမိုင်ဇင်သုံးထားပါတယ် အမိုင်နိုပါတဲ့အားဆေးကိုပိုးဆေးးနဲ့တွဲပြီးဖြန်းထားပါတယ်ခင်ဗျ အဆင်ပြေမဲ့ဆေးနဲ့လိုအပ်ချက်တွေညွန်းပေးပါအုံးခင်ဗျ
ခင်ဇော်ဝင်း • ဖြေကြားချက် 1 ခု
မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့
Win Min • ဖြေကြားချက် 0 ခု
trichoderma အသုံးပြုနည်း သိပါရစေဆရာတို့ လူးနယ်ဆေး မြေခံထည့် ရွတ်ဖြန်း တို့ပြုလုပ်ရာမှာ သုံးရမယ့် ထရိုင်ကိုဒါးမားအမှုန့် ပမာဏကို တိတိကျကျ မသိဘူး ဖြစ်နေလို့ပါ
Khing Hein • ဖြေကြားချက် 0 ခု
ဧရာပဒေသာ၆၃ရက်သားအပေါ်အရွက်၃ရွက်အောက်ကအရွက်ရင့်တွေပုံပါအတိုင်းဖြစ်နေလို့ရောဂါလားအဟာရတောင်းတာလားခဗျပိုးတော့ရှင်းပါတယ်ခဗျာ
kyaw zin • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....