အစိမ်းရောင်လမ်း
ပဲဆီဈေးအနည်းငယ် ပြန်ကျ၊ ကြက်သွန်နီဈေး ဆက်တက်

ပဲဆီဈေးအနည်းငယ် ပြန်ကျ၊ ကြက်သွန်နီဈေး ဆက်တက်

တောက်လျှောက်အတက်ဈေးမှာ ငြိမ်နေခဲ့တဲ့ ပြည်တွင်းမြေပဲဆီဈေးကတော့ ဒီနေ့ အနည်းငယ်ပြန်ကျသွားတာ ဖြစ်ပါတယ်။

မန္တလေးဈေးကွက်မှာ တစ်ပိဿာ ၁၃၀၀၀ ကနေ ၁၅၀၀၀ ကြား ပေါက်ဈေးရှိနေတာကနေ ဒီနေ့မှာတော့ ၁၂၅၀၀ ကနေ ၁၃၅၀၀ ကြား ဈေးပြန်ဖြစ်သွားတာပါ။

ပြည်ဈေးကွက်မှာလည်း တစ်ပိဿာ ၁၃၀၀၀ နဲ့ ဈေးတောက်လျှောက်ဖြစ်နေရာကနေ ဒီနေ့မှာတော့ ၁၂၀၀၀ ဖြစ်သွားတယ်လို့ သိရပါတယ်။

မြေပဲအသစ်တွေ ဈေးကွက်ထဲဝင်နေပြီး ဈေးတွေ ပြန်ကျဆင်းသွားတာကြောင့် ပဲဆီဈေးတွေလည်း ပြန်ကျသွားတာဖြစ်တယ်လို့ AMIA ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ ပြီးခဲ့တဲ့အပတ်က တစ်ပိဿာ ၂၅၀၀ ဈေးအမြင့်ဆုံးသာရှိနေခဲ့ပေမယ့် မနေ့ကတော့ ၂၈၀၀ ထိ ဈေးဖြစ်သွားတဲ့ ကြက်သွန်နီဈေးကတော့ ဒီနေ့မှာ ထပ်တက်လာပြီး ၂၉၀၀ ကျပ် ဖြစ်သွားပါပြီ။ အနိမ့်ဆုံးအမျိုးအစားကတော့ တစ်ပိဿာ ၂၃၀၀ ကျပ်ပါ။

*ယနေ့ မြေပဲဆီဈေးနှုန်းများ 

  • တစ်ပိဿာ - ၁၂၅၀၀ - ၁၃၅၀၀ ကျပ် (မန္တလေးဈေးကွက်)
  • တစ်ပိဿာ - ၁၂၀၀၀ ကျပ် (ပြည်ဈေးကွက်)

*ယနေ့ ကြက်သွန်နီဈေးနှုန်းများ (၁ ပိဿာ) (ဘုရင့်နောင်ဈေးကွက်)

  • ကြက်သွန်နီ (ဆိပ်ဖြူရှယ် - သစ်) - ၂၉၀၀ ကျပ်
  • ကြက်သွန်နီ (ဆိပ်ဖြူလတ်ကြီး)   - ၂၈၅၀ ကျပ်
  • ကြက်သွန်နီ (ဆိပ်ဖြူလတ်သန့်)   - ၂၇၅၀ ကျပ်
  • ကြက်သွန်နီ (ဆိပ်ဖြူလတ်ချော)  - ၂၃၀၀ ကျပ်

 (စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)

 (အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

1
နံပတ်2

နံပတ်2

လွန်ခဲ့သော ၃ နှစ် က

မြေပဲလုံးဆံ ဈေးလေး သိရင် အလင်းပြပါ

You

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....