အစိမ်းရောင်လမ်း
ဆန်စပါးအသစ်များပေါ်နေသော်လည်း အများကြီးဈေးကျနိုင်ချေမရှိဟု ကုန်သည်များသုံးသပ်

ဆန်စပါးအသစ်များပေါ်နေသော်လည်း အများကြီးဈေးကျနိုင်ချေမရှိဟု ကုန်သည်များသုံးသပ်

ငွေလဲလှယ်နှုန်းဈေး ဆက်တိုက်မြင့်တက်မှုနဲ့အတူ ဝယ်ယူသိုလှောင်မှုများပြားတဲ့တွက် ဆန်စပါးဈေးက သိသိသာသာ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ အခုလထဲမှာတော့ ပြင်ပငွေလဲဈေး အနည်းငယ်ပြန်လည်ကျဆင်းသွားပေမယ့် စက်တင်ဘာ ၂ ရက်ဈေးနှုန်းတွေထိတော့ ဆန်စပါးဈေးတွေ ပြန်ကျသွားတာမျိုး မရှိပါဘူး။ 

စပါးအသစ်တွေ အချို့ဒေသတွေမှာ ထွက်ရှိနေပေမယ့် ဈေးက အများကြီးတော့ ကျဆင်းနိုင်ခြေမရှိဘူးလို့ ကုန်သည်တွေကတော့ သုံးသပ်ပါတယ်။

ဆန်စပါးအသင်းကတော့  လက်ရှိမြင့်တက်နေတဲ့ ဆန်စပါးဈေးကို ထိန်းချုပ်ရန်အတွက် အရန်ဆန်စီမံကိန်း တစ်ခုကို ဆောင်ရွက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အခု ပြီးခဲ့တဲ့တစ်ပတ်အတွင်း ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်က တစ်အိတ်ကို ၃၉၀၀၀ ကနေ ၄၁၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ မြီးဒုံးဆန်က တစ်အိတ်ကို ၅၀၀၀၀ ကနေ ၅၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ ငစိန်ဆန်က တစ်အိတ်ကို ၃၇၀၀၀ ကနေ ၃၉၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ ဆန်သီးထပ်ဆန်ကတော့ တစ်အိတ်ကို ၄၁၀၀၀ ကနေ ၄၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့တာ ဖြစ်ပါတယ်။

ဆန်ချောတွေထဲကတော့ ပေါ်ကျွဲဖျာပုံ(သစ်)က သိသိသာသာ ဈေးတက်ခဲ့ပြီး ၄၅၀၀၀ - ၄၈၀၀၀ ဈေးရှိနေရာကနေ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ၅၃၀၀၀ - ၅၅၀၀၀ ဈေးဖြစ်သွားတာပါ။ ရွှေဘိုပေါ်ဆန်း(သစ်)ကတော့ ၇၈၀၀၀ - ၉၁၀၀၀ ကြား ဈေးရှိနေရာကနေ ၈၃၀၀၀ - ၉၁၀၀၀ ဈေး ဖြစ်သွားခဲ့တာဖြစ်ပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် ဈေးကွက်သုံးသပ်ချက်ကို ဖော်ပြခြင်းဖြစ်ပါသည်။)

နိုင်ငံတစ်ဝန်း စပါး၊ ဆန်၊ ပဲများအပါအဝင် သီးနှံမျိုးစုံဈေးနှုန်းများကို သိလိုပါက အစိမ်းရောင်လမ်း App ရှိ နေ့စဉ်ဈေးနှုန်းများကဏ္ဍထဲတွင် သက်ဆိုင်ရာမြို့နယ်တစ်ခုချင်းစီအလိုက် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
ဦးခင်ရှိန်

ဦးခင်ရှိန်

လွန်ခဲ့သော ၃ နှစ် က

စပါးသစ်ပေါ်၊ ဆန်စျေးထပ်တက်

You

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....