အစိမ်းရောင်လမ်း
ဆန်ဈေးများ ထပ်တက်လာပြန်

ဆန်ဈေးများ ထပ်တက်လာပြန်

ရန်ကုန်၊ ဝါးတန်းဆန်ဈေးကွက်မှာ ပြီးခဲ့တဲ့တစ်ပတ်နဲ့ယှဉ်ရင် ဆန်အမျိုးအစားအားလုံးနီးပါး ဈေးတွေ ထပ်တက်လာပါတယ်။

မတ်လ ၁၄ ရက်က ဆန်ကြမ်းအများစုသာ ဈေးတက်ခဲ့ပြီး ငြိမ်သွားရာကနေ ဒီတစ်ပတ်ဈေးကွက်အဖွင့် မတ် ၂၀ ရက် ဒီနေ့မှာတော့ ဆန်ချောကော၊ ဆန်ကြမ်းတွေပါ အားလုံးနီးပါး ဈေးတွေတက်လာတာဖြစ်ပါတယ်။

မတ် ၁၄ ရက် ဈေးတက်တုန်းကတော့ သိပ်မသိသာခဲ့ဘဲ အနည်းငယ်သာတက်ခဲ့တာဖြစ်ပေမဲ့ ဒီနေ့ ဈေးတက်မှုမှာတော့ တချို့အမျိုးအစားတွေဆိုရင် သိသိသာသာ ဈေးတက်သွားတာဖြစ်ပါတယ်။

ဘယ်ဆန်အမျိုးအစားတွေ ဈေးအပြောင်းအလဲဖြစ်သွားလဲဆိုတာကိုတော့ အောက်ပါဇယားကွက်မှာ ကြည့်နိုင်ပါတယ်။ အပြောင်းအလဲဖြစ်သွားတဲ့အမျိုးအစားတွေကို အနီရောင်နဲ့ ဖော်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဆန်ဈေးကွက်နဲ့ပတ်သက်လို့ လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက် အလက်အဖွဲ့ (AMIA) ရဲ့  ဈေးကွက်သုံးသပ်ချက်မှာတော့ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ၆၅ - ၃၅ ရာခိုင်နှုန်းကြောင့် နစ်နာမှုတွေ ရှိနေလို့ ဆန်တင်ပို့မှုကို ခဏရပ်ဆိုင်းထားပေမဲ့ ဆန်အဝယ်ကတော့ သွက်နေလို့ ဈေးက ပြန်တက်လာတာဖြစ်ပြီး အသစ်တွေ ဈေးကွက်ထဲ မဝင်ခင် ထပ်ပြီး တက်နိုင်ဦးမယ်လို့ ဆန်ကုန်သည်တွေက သုံးသပ်ထားကြောင်း ဖော်ပြထားပါတယ်။ ပို့ကုန်ရငွေနိုင်ငံခြားငွေရဲ့ ၆၅ ရာခိုင်နှုန်းကို တရားဝင်သတ်မှတ်ထားတဲ့ ငွေလဲနှုန်းနဲ့လဲလှယ်ရမယ်လို့ ဗဟိုဘဏ်က သတ်မှတ်ထားတာဖြစ်ပါတယ်။

(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
Min Moe Oo

Min Moe Oo

လွန်ခဲ့သော ၃ နှစ် က

မြန်မာပြည်မှာလူလာဖြစ်ရတာကျတယ်ဆိုတာစိတ်ဓာတ်ပဲရှိတော့တယ်ဗျာ 😭😭

You

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....