အစိမ်းရောင်လမ်း
လှည်ကူးစက်မှုဥယျာဉ်စီမံကိန်းတွင် Agri- Food ဇုန် ထည့်သွင်းဖော်ဆောင်မည်

လှည်ကူးစက်မှုဥယျာဉ်စီမံကိန်းတွင် Agri- Food ဇုန် ထည့်သွင်းဖော်ဆောင်မည်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် အကောင်အထည်ဖော်တည်ဆောက်မည့် လှည်ကူးစက်မှုဥယျာဉ်စီမံကိန်းတွင် Agri-Food ဇုန်တစ်ခုကို ဦးစားပေးအနေဖြင့် ထည့်သွင်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမီတက် (MAPCO) မှသိရသည်။ 

လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ စက်မှုဇုန်များတွင် Agri-Food ဇုန်အဖြစ် သီးသန့်ဖော်ဆောင်ထားခြင်းမဟုတ်ဘဲ လုပ်ငန်းကဏ္ဍနယ်ပယ်စုံကို ရင်းနှီးမြှုပ်နှံထားခြင်းကြောင့် ယခုကဲ့သို့ Agri-Food ဇုန်ကို ဖော်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။ 

"အဲ့ဒီထဲမှာလည်း လယ်ယာစိုက်ပျိုးရေးကိုအခြေခံတဲ့ စား‌သောက်ကုန်ထုတ်တဲ့ Agri-Food ဇုန်တစ်ခုကိုလည်း ထည့်ပြီးတော့ ဆောင်ရွက်ဖို့ရှိပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ စက်မှုဇုန်တွေဟာ Agri-Food ဇုန်ဆိုပြီး ပြဖို့ခက်တယ်။ လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေလင်ပန်း စတဲ့ စက်မှုဇုန်တွေမှာ လုပ်ငန်းကဏ္ဍနယ်ပယ်က အကုန်ရောနေတယ်။ စားသောက်ကုန်ထုတ်တဲ့လုပ်ငန်းမှာ သီးခြားဖြစ်ဖို့ပေါ့။" ဟု မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမီတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင်က ပြောသည်။ 

လှည်ကူးစက်မှုဥယျာဉ်စီမံကိန်းကို အမှတ်(၁)နှင့် အမှ တ်(၂)လမ်းမကြီး ကြားမှာရှိတဲ့ မြေဧက ၁၄၀၀ ကျော်တွင် အမေရိကန်ဒေါ်လာ သန်း ၂၃၀ ဝန်းကျင် ရင်းနှီးမြှုပ်နှံ၍ ၂၀၂၀ ခုနှစ်ဆန်းပိုင်း၌ စတ်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

အဆိုပါစီမံကိန်းကို စင်္ကာပူနိုင်ငံအ‌ခြေစိုက် Sembcorp CSSD Myanmar Co., Ltd၊ Phahtama Group Co., Ltd နှင့် Myanmar Agribusiness Public Co., Ltd တို့ ပူးပေါင်းပါဝင်သော Myanmar Singapore (Hlegu) Industrial Park JV ကုမ္ပဏီကို ၂၀၁၉ ခုနှစ်၊ ဩဂုတ် လ ၈ ရက်က မှတ်ပုံတင်ပြီးဖြစ်သည်။ 

အေးအေးမြင့်(ABM)

 

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....