စိုက်ပျိုးစရိတ်ချေးငွေ နှစ်စဉ် ရာနှုန်းပြည့်ပြန်ဆပ်ခြင်းမရှိဟု စီမံဘဏ္ဍာဒုဝန်ကြီးဆို
တောင်သူလယ်သမားများအနေဖြင့် နိုင်ငံတော်သို့ စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် နှစ်စဉ် ရာနှုန်းပြည့်ပြန်ဆပ်နိုင်ခြင်းမရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြော သည်။
နိုဝင်ဘာလ ၈ ရက်က ရန်ကုန်မြို့ရှိ Chatrium Hotel တွင် DaNa Facility နှင့် မြန်မာနိုင်ငံ ဘောဂဗေဒအသင်းတို့ ပူးပေါင်းကျင်းပသည့် ငွေရေးကြေးရေးကဏ္ဍဖြင့် စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်မြှင့်တင်ခြင်း (မူဝါဒ၊ လက်တွေ့ဆောင်ရွက်မှုနှင့် အများပါဝင်နိုင်မှု) အလုပ် ရုံဆွေးနွေးပွဲ၌ ဒုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည် ။
"ဒါက နှစ်စဉ်၊ နှစ်စဉ် သွားနေတာဆိုတော့ အမြဲတမ်းရှိပါတယ်။ ဒီနှစ်အတွက်ကတော့ ဘယ်လောက်ကျန်တယ်ဆိုတာ စာရင်းဇယား အချက်အလက်တွေကတော့ ရှိတာပေါ့။ နှစ်တိုင်း၊ နှစ်တိုင်းကတော့ ရာနှုန်းပြည့်အကုန်လုံး ပြန်ဆပ်သွားပြီဆိုတာတော့မရှိဘူး။ နည်းနည်းပါးပါး ကျန်တာရှိမယ်။ အများစုက ပြန်ဆပ်ပြီးသွားပြီ။ ပြီးရင် နည်းနည်းပါးပါး ကျန်တာရှိမယ်။ ရှေ့နှစ်ထပ်ခါအတွက် ဆက်သွားတယ်။ အဲ့လိုပဲ သွားနေကြတာပေါ့။" ဟု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
လက်ရှိတွင် အစိုးရအနေဖြင့် တောင်သူများအား စိုက်ပျိုးရေးစရိတ်ချေးငွေ ထုတ်ချေးခြင်းကို တိုးမြှင့်လုပ်ဆောင်နေသလို ချေးငွေပမာဏကိုလည်း နှစ်စဉ်တိုးမြှင့်ပေးလျက်ရှိကြောင်း သိရသည်။
"သီးနှံဈေးမကောင်းတဲ့အခါမှာ သူလည်း ပြန်ဆပ်ရခက်သွားတယ်။ ဘဏ်တွေလည်း သူကို ပြန်ချေးဖို့က ဘဏ်ဆိုတာကလည်း ဒီချေးငွေ ပြန်ရတဲ့အခါမှ နောက်လူကို ပြန်ချေးရမယ်။ အဲ့လိုမျိုးနဲ့ လည်ပတ်နေတာပေါ့။ ဈေးမကောင်းလို့ ပြန်မဆပ်ဘူးဆိုရင် အားလုံးခ က်ကုန်မှာပေါ့။ ဒါကြောင့် ပြန်ဆပ်နိုင်တဲ့သူကလည်း ပြန်ဆပ်ရမယ်။ ဆပ်တဲ့သူတွေရဲ့ ငွေတွေကို ကျန်တဲ့သူတွေကိုလည်း ဘဏ်တွေက ထပ်ချေးပေးရမယ်။ မဆပ်နိုင်တဲ့သူတွေကလည်း ဆပ်နိုင်အောင် ကြိုးစားရမယ်။ နိုင်ငံတော်ကလည်း သီးနှံဈေးကို ထိန်းနိုင်အောင် အခြားသော အစီအစဉ်တွေနဲ့ ပံ့ပိုးပေးရပါမယ်။" ဟု ဦးမောင်မောင်ဝင်းက ပြောသည်။
ယင်းအပြင် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)မှ Two-Step Loan ချေးငွေရယူ၍ တောင်သူများအတွက်လိုအပ်သော သွင်းအားစု စက်ပစ္စည်းများအပြင် သယ်ယူပို့ဆောင်ရေးယာဉ်များ ဝယ်ယူနိုင်ရန်အထိ အတိုးနှုန်းသက်သက်သာသာဖြင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ ကြောင်း သိရသည်။
ယခုနောက်ပိုင်းကာလတွင် ဆန်စပါးအပြင် အခြားသီးနှံများအတွက်ကိုလည်း စိုက်ပျိုးစရိတ်များ တိုးမြှင့်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အေးအေးမြင့်(ABM)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....