ကမ္ဘာ့ဒေသအချို့တွင် အင်းဆက်ပိုးမွှားများ ထက်ဝက်နီးပါး လျော့နည်းလာ
ရာသီဥတုပြောင်းလဲလာမှုနဲ့ စိုက်ပျိုးရေး အကြီးစားလုပ်ကိုင်မှုတွေကြောင့် ကမ္ဘာ့အချို့ဒေသတွေမှာ အင်းဆက်ပိုးမွှားကောင်ရေ ထက်ဝက်နီးပါး လျော့နည်းသွားခဲ့ရတယ်လို့ လေ့လာမှုသစ်တစ်ခုက ဖော်ပြလိုက်ပါတယ်။

အင်းဆက်တွေဟာ ဂေဟစနစ်မှာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပြီး ဝတ်မှုန်ကူးတာနဲ့ ဖျက်ပိုးထိန်းချုပ်ရာမှာ အသုံးဝင်ပါတယ်။
လယ်ယာစိုက်ပျိုးရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်တဲ့ဒေသတွေနဲ့ ရာသီဥတုပူနွေးမှု မြင့်မားတဲ့နေရာတွေဟာ ရာသီဥတုပူနွေးမှု မှတ်တမ်းမရှိသေးတဲ့ သဘာဝတောတောင်အဖုံးလွှမ်းဆုံးဒေသတွေနဲ့ယှဉ်ရင် အင်းဆက်ကောင်ရေ ၄၉ ရာခိုင်နှုန်း ပိုမိုလျော့နည်းနေပြီး အင်းဆက်အမျိုးစုံလင်မှုကလည်း ၂၉ ရာခိုင်နှုန်း လျော့နည်းနေတယ်လို့ သုတေသနက တွေ့ရှိခဲ့ပါတယ်။
မြေယာအသုံးချမှု၊ ရာသီဥတုပြောင်းလဲမှုတို့နဲ့ ဆက်စပ်ပြီး အပူပိုင်းဒေသတွေမှာ အင်းဆက်အမျိုးအစားတွေအများဆုံး လျော့နည်းလာတာ တွေ့ရတယ်လို့ လေ့လာမှုက ဆိုပါတယ်။
"အင်းဆက်များစွာဟာ လူတွေပေးတဲ့ ဖိအားဒဏ်ကို အလွန်ပဲ ခံနိုင်ရည် နည်းပါးကြပါတယ်။ ဒါဟာ ရာသီဥတု ပိုမိုပြောင်းလဲလာတာနဲ့ စိုက်ပျိုးရေးဧရိယာတွေ ဆက်လက်ချဲ့ထွင်လာတာတို့နဲ့ သက်ဆိုင်နေပါတယ်" လို့ သုတေသနကို ဦးဆောင်ရေးသားခဲ့သူ UCL ဇီဝမျိုးကွဲစုံလင်မှုနှင့် သဘာဝပတ်ဝန်းကျင်သုတေသနစင်တာမှ ဒေါက်တာ ချာလီအော့ဝိတ်က ပြောပါတယ်။
"ကျွန်တော်တို့ရဲ့ တွေ့ရှိချက်တွေက သဘာဝတောတောင်အသိုက်အမြုံတွေကို ထိန်းသိမ်းဖို့၊ အကြီးစားလယ်ယာလုပ်ငန်း ချဲ့ထွင်တာတွေကို နှေးကွေးစေဖို့နဲ့ ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်ဖို့ အလျင်အမြန် လုပ်ဆောင်သင့်နေပြီဆိုတာကို မီးမောင်းထိုးပြနေပါတယ်"
"ကျွန်တော်တို့ရဲ့ တွေ့ရှိချက်ဟာ တိမ်မြုပ်နေတဲ့ ရေခဲတောင်ကြီးရဲ့ ထိပ်ဖျားစွန်းလောက်သာ ဖြစ်နိုင်ပါတယ်။ တချို့ဒေသတွေမှာက သက်သေအထောက်အထား ရနိုင်မှု နည်းပါတယ်။ အထူးသဖြင့် အပူပိုင်းမှာဆိုရင် အဝေးလံဆုံးဒေသတွေမှာ အင်းဆက်အမျိုးအစား ကျဆင်းနှုန်း အမြင့်ဆုံးကို တွေ့ရှိခဲ့ရပါတယ်" လို့ ၎င်းက ပြောပါတယ်။
အင်းဆက်တွေ လျော့နည်းလာတာဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အပြင် ပိုးတောင်မာ၊ ယင်ကောင်၊ ပျား၊ လိပ်ပြာနဲ့ ဓားခုတ်ကောင်တွေ ပျက်စီးကုန်တာက လူသားတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်လို့ ပညာရှင်တွေက ထောက်ပြပါတယ်။
"ကျွန်တော်တို့အနေနဲ့ လူသားကျန်းမာရေးနဲ့ သုခချမ်းသာအပြင် ပတ်ဝန်းကျင်တစ်ခုလုံးအတွက် အင်းဆက်တွေ အရေးပါတယ်ဆိုတာကို အသိအမှတ်ပြု လက်ခံကြရပါမယ်။ ကျွန်ုပ်တို့က သူတို့အပေါ် ဖြစ်ပေါ်စေတဲ့ ခြိမ်းခြောက်မှုတွေကို မျိုးစိတ်များစွာ ထာဝရ ပျောက်ဆုံးမသွားခင် ဖြေရှင်းကြရပါမယ်" လို့ လေ့လာမှုကို ပူးတွဲရေးသားခဲ့သူ မဟာကျောင်းသား ပီတာမက်ကန်းက ပြောပါတယ်။
သဘာဝတောတောင်တွေ ၇၅ ရာခိုင်နှုန်းလောက်အထိ ဖုံးလွှမ်းနေတဲ့ ဒေသတွေမှာ အင်းဆက်ကောင်ရေ လျော့ကျနှုန်း ၇ ရာခိုင်နှုန်းသာ ရှိပြီး သဘာဝတောတောင်ရိပ်မြုံ ၂၅ ရာခိုင်နှုန်းသာ ဖုံးလွှမ်းနေတဲ့ ဒေသတွေမှာတော့ ကောင်ရေလျော့နှုန်း ၆၃ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ နှိုင်းယှဉ်သိရှိရပါတယ်။
လူတွေကြောင့် အင်းဆက်ပိုးကောင်တွေ ဆုံးရှုံးရမှုဟာ ယခုလေ့လာတွေ့ရှိချက်ထက်တောင် ပိုများနိုင်ကြောင်း သုတေသနပညာရှင်တွေက သတိပေးပါတယ်။ သူတို့ရဲ့ လေ့လာမှုကာလမတိုင်ခင်ကတည်းက လူသားဒဏ်ခံရမှုများတဲ့ နေရာဒေသတွေမှာ အင်းဆက်မျိုးကွဲ လျော့ကျမှုတွေ ကြုံခဲ့ရပြီးဖြစ်နိုင်ကြောင်း ၎င်းတို့က ထောက်ပြပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Climate change and intensive agriculture have halved number of insects in worst-hit areas
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်မေးခွန်းများ
ငါးခူမွေးချင်တယ် တာပေါ်လင်ကန်နဲ့ပါ မွေးမြူရေးနည်းပညာနဲ့ စနစ်တကျမွေးမြူပြီး ရေအနေအထားတွေဘယ်လိုပြင်ဆင်ရမလဲ သိချင်ပါတယ်။
Aung Lay • ဖြေကြားချက် 0 ခု
တစ်ပိုင်တစ်နိုင် ငါးခူမွေးချင်လို့ပါ။ အခုမှစမွေးမှာမို့ တာပေါ်လင်ကန်ဖြင့်မွေးချင်ပါတယ်။ ငါးခူသားပေါက် အစာ ဆေး အစရှိတာတွေကို ဘယ်မှာဝယ်ယူရရှိနိုင်ပါသလဲခင်ဗျာ့။ ပုသိမ်မြို့နှင့်အနီးတဝိုက်ဆိုပိုအဆင်ပြေပါတယ်ခင်ဗျာ့။
wai lwin oo • ဖြေကြားချက် 0 ခု
မိုးဖရဲက ဘယ်နှရက်သားဆိုခူးလို့ရပီလည်း
စိုင်းအိုက်လှိုင် • ဖြေကြားချက် 1 ခု
ဘူးပင်ကိုဘယ် ရာသီတွေမှာစိုက်တာအကောင်းဆုံးလဲဗျ
ko htike • ဖြေကြားချက် 2 ခု
သင်္ဘောခေါင်းကြားရောဂါဟာ စုပ်စားပိုးကြောင့်ပဲ ကျရောက်တာလား၊ ရာသီဥတုအခြေအနေ၊မျိုးစေ့က ဒေသရာသီဥတု ကိုက်ညီမှုရှိမရှိတို့နဲ့ရော သက်ဆိုင်လားဆရာ ကျနော်တို့ဘက်က သင်ဘောခင်းတိုင်း ခေါင်းကြားကျကျနေတာ ရှင်းပြပေးစေချင်ပ့တယ်ခင်ဗျာ
ကိုလတ် • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023