ငွေရေးကြေး ရေးကဏ္ဍဖြင့် စိုက်ပျိုးရေးတန်ဖိုးကွင်း ဆက်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
ငွေရေးကြေး ရေးကဏ္ဍဖြင့် စိုက်ပျိုးရေးတန်ဖိုးကွင်း ဆက်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
UKaid မှ ရန်ပုံငွေ ပံ့ပိုးထားသော DaNa Facility နှင့် မြန်မာနိုင်ငံ ဘောဂဗေဒအသင်းတို့ ပူးပေါင်းကျင်းပသည့် ငွေရေးကြေးရေးကဏ္ဍဖြင့် စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်မြှင့်တင်ခြင်း (မူဝါဒ၊ လက်တွေ့ဆောင်ရွက်မှုနှင့် အများပါဝင်နိုင်မှု) အလုပ်ရုံဆွေးနွေးပွဲကို နိုဝင် ဘာလ ၈ ရက်က ရန်ကုန်မြို့ရှိ Chatrium Hotel တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
"ဒီနေ့ပွဲက အစိုးရက အဖွဲ့အစည်းတွေ၊ NGO အဖွဲ့အစ ည်းတွေ၊ အလှူရှင်အဖွဲ့အစည်းတွေ၊ ဘဏ်အဖွဲ့အစည်းတွေ၊ ဖွံ့ဖြိုးရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ စိုက်ပျိုးရေးကဏ္ဍကို ငွေရေးကြေးရေးဘက်ကနေ ဘယ်လိုမျိုး ပံ့ပိုးကြမလဲဆိုတာ ဆွေးနွေးတဲ့ပွဲဖြစ်ပါတယ်။ လက်ရှိမှာလည်း မကွေးတိုင်းကတိုင်းတောင်သူ ဖွံ့ဖြိုးရေးအဖွဲ့ (RFDA) ကတဆင့် လယ်သမားဦးရေ တစ်သောင်းကို ချေးငွေရရှိအောင် ပံ့ပိုးပေးနေတဲ့ အပိုင်းရှိပါတယ်။" ဟု DaNa Facility မှ Senior Access to Finance Advisor ဖြစ်သူ Mr. Tom Moyes က ပြောသည်။
ယင်းအပြင်း ဘဏ်များအပြင် ငွေရေးကြေးရေးအဖွဲ့အစည်းများမှတဆင့် တောင်သူများ၏ ဘဝပိုမိုမြှင့်မားလာအောင် မည်ကဲ့သို့ လုပ်ဆောင်ရန် လိုအပ်သ ည်ဆိုတာကိုလည်း ညှိနှိုင်းဆောင်ရွက်နေကြောင်း သိ ရသည်။
စိုက်ပျိုးရေးတန်ဖိုးကွင်းဆက် (ကုန်ပစ္စည်းထုတ်လုပ်ရာတွင် သွင်းအားစု လိုအပ်သည့်အဆင့်မှ စားသုံးသူများထံ ရောက်သည်အထိ) တွင် ငွေရေးကြေးရေးဆိုင် ရာ ပံ့ပိုးမှုများရရှိခြင်းသည် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို တိုးတက်လာစေပြီး ကွင်းဆက် တစ်လျှောက် ကြီးထွားမှုနှင့် ယှဉ်ပြိုင်မှုအားကောင်းစေ၍ ပါဝင်ကြသူများ၏ ဝင်ငွေလည်း မြှင့်မားစေမည်ဖြစ်သည်။
"စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်အပိုင်းကို သုတေသန တွေ တိုးမြှင့်လုပ်ဆောင်လာပြီဖြစ်ပေမယ့် သုတေသနကနေတဆင့် သင်ယူလေ့လာစရာတွေ ဆက်လက်လုပ်ဆောင်စရာတွေ အများကြီးကျန်ပါသေးတယ်။ သုတေသနဆိုင်ရာ လေ့လာတွေ့ရှိချက်တွေက မူဝါဒ ပိုင်း၊ ဖွံ့ဖြိုးရေးစီမံကိန်းနဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုက ဏ္ဍတွေအတွက် မူဝါဒချမှတ်သူတွေနဲ့ လက်တွေ့လုပ် ဆောင်နေသူတွေကို တိကျသေချာတဲ့ သက်သေအထောက်အထားတွေ ပေးစွမ်းနိုင်ပါတယ်။" ဟု ဩစ တြေးလျအပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသန ဌာန (ACIAR) မှ ဒေသဆိုင်ရာ မန်နေဂျာ Ms.Dulce Simmanivong က ပြောသည်။
မြန်မာ့စီးပွားရေး၏ သုံးပုံတစ်ပုံကို စိုက်ပျိုးရေးကဏ္ဍက ကိုယ်စားပြုသလို ယင်းကဏ္ဍက ပြည်သူသုံးပုံနှစ်ပုံကျော်ကို အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်ပံ့ပိုးပေးလျက်ရှိပြီး စိုက်ပျိုးရေးကွင်းဆက်တစ်လျှောက်တွင် အများပါဝင်နိုင်၍ ကုန်ကျစရိတ် လျော့ချနိုင်ပြီး ဆုံးရှုံးမှုနည်းပါးသည့် ငွေကြေးထောက်ပံ့မှု ပုံစံများသည် ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း သိရသည်။
"မြန်မာ့စီးပွားရေးကဏ္ဍအတွက် စိုက်ပျိုးရေး ကုန်ထုတ်စွမ်းအားမြှင့်တင်ခြင်းနဲ့ စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်တစ်လျှောက် အများပါဝင်လာအောင် ဆောင်ရွက်ခြင်းက အလွန်အရေးပါ အရာရောက်ပါတယ်။" ဟု မြန်မာနိုင်ငံ ဘောဂဗေဒအသင်း ဥက္ကဌ ဦးကျော်မင်းထွန်းက ပြောသည်။
လက်ရှိတွင် အစိုးရအနေဖြင့် တောင်သူများအား စိုက်ပျိုးရေးစရိတ်ချေးငွေ ထုတ်ချေးခြင်းကို တိုးမြှင့်လုပ်ဆောင်နေသလို ချေးငွေပမာဏကိုလည်း နှစ်စဉ်တိုးမြှင့်ပေးလျက်ရှိပြီး ဂျပန်နိုင်ငံမှ Two-Step Loan ချေး ငွေရယူ၍ တောင်သူများအတွက် လိုအပ်သော သွင်းအားစုစက်ပစ္စည်းများအပြင် သယ်ယူပို့ဆောင်ရေးအတွက် ကားများ ဝယ်ယူနိုင်ရန်အထိ အတိုးနှုန်းသက် သက်သက်သာသာဖြင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
အေးအေးမြင့်(ABM)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....