ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၂၄.၉.၂၀၁၈ မှ ၂၈.၉.၂၀၁၈)ထိ
ဆန်၊ စပါး
ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာ ဆန်ကြမ်းရော ဆန်ချောပါ ဈေးတက်လာခဲ့ပြီး ဧရာဝတီတိုင်းမှာတော့ ပထမတန်းစားအမျိုးအစားတွေက ဈေးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းကဈေးတက်နေတာဖြစ်ပြီးတော့ အဝယ်များသလို အဝင်ကလည်း ပုံမှန်အနေအထားရှိနေပါတယ်။ လက်ရှိအချိန်က မိုးစပါးမပေါ်ခင် အချိန်ဖြစ်တဲ့အတွက် ဈေးက ပိုတက်နေခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာတော့ဆန်ဈေး စပါးဈေးက တက်နိုင်ခြေများနေပြီး ပွဲတော်ကာလမကြာခင်ရောက်တော့မှာ ဖြစ်တဲ့အတွက် ဆန်ဈေးကအကျဈေးကို မရောက်ရှိနိုင်ပါဘူး။
ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ တက်လာတာကတော့ ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၆၁၀၀၀ ကနေ ၆၂၀၀၀ ပေါက်ဈေးရှိပြီး စတ်အိတ်ကို ၅၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းကတော့ တစ်အိတ်ကို ၅၀၀၀၀ ကနေ ၅၃၀၀၀ ရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ်၊ ရက် ၉၀ ဆန်ကတော့ တစ်အိတ်ကို ၂၅၄၀၀ ကနေ ၂၅၈၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀ ကျပ်၊သီးထပ်ရှယ်ကတော့ တစ်အိတ်ကို ၂၄၅၀၀ ကနေ ၂၄၈၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀ ကျပ်၊ ဧည့်မထဆန်ကတော့ တစ်အိတ်ကို ၂၂၅၀၀ ကနေ ၂၂၈၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၈၀၀ ကျပ် စသဖြင့် အသီးသီးဈေးတက်လာပါတယ်။
ဧရာဝတီတိုင်း ပုသိမ်ကုန်စည်ဒိုင်မှာတော့ ပထမတန်းစားဖြစ်တဲ့ ဧရာဝတီပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၃၁၄၀၀၀ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၅၀၀၀ ကျော် ဈေးတက်လာပါတယ်။ ပေါ်ဆန်းရင်ကတော့ တင်း ၁၀၀ ကို ၁၂၂၆၀၀၀ ကျော်ရှိပြီး တင်း ၁၀၀ ကို ၅၀၀၀၀ ကျော်၊ ဖျာပုံပေါ်ဆန်းကတော့ တင်း ၁၀၀ ကို ၁၂၃၈၀၀၀ ကျော်ရှိပြီး တင်း ၁၀၀ ကို ၅၃၀၀၀ ကျော် ဈေးတက်လာပါတယ်။ စပါးက ဈေးတက်ခဲ့ပေမယ့် ဆန် (ထိပ်စ)ကတော့ ဈေးငြိမ်နေခဲ့ပါတယ်။
ဒုတိယတန်းစား စပါးဖြစ်တဲ့ ရွှေသွယ်လေးကတော့ တင်း ၁၀၀ ကို ၈၂၈၀၀၀ ၊ ဧရာမင်း စပါးကတော့ တင်း ၁၀၀ ကို ၈၀၉၆၀၀ ကျပ်၊ မနောသုခစပါးက တင်း ၁၀၀ ကို ၆၈၀၀၀၀ ကျပ်၊ မီးကောက်စပါးကတော့ တင်း ၁၀၀ ကို ၇၀၈၀၀၀ ကျပ်၊ သီးထပ်ရင်ကတော့ တင်း ၁၀၀ ကို ၆၀၇၀၀၀ ကျပ် နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ တစ်ပတ်လုံး ဈေးအတက်အကျအနည်းငယ်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ နယ်ကုန်စည်ဒိုင်အချို့မှာတော့ ဈေးအနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယကအဓိက ဝယ်ယူတဲ့ ပဲဖြစ်ပေမယ့် အိန္ဒိယတင်ပို့မှုက နည်းသွားပြီးအခြား ပြည်ပနိုင်ငံတွေက ဝယ်ယူနေတဲ့အတွက်ကြောင့် မတ်ပဲက ဈေးအနည်းငယ် ပိုတက်လာခဲ့ပါတယ်။ ထို့ပြင် ပြည်တွင်း ဝယ်ယူမှုကလည်း ရှိနေပါတယ်။ မတ်ပဲကတော့ ဈေးကျဆင်းနိုင်ခြေ ရှိမရှိက လတ်တလောမှာ ခန့်မှန်းဖို့ ခက်ခဲနေပါတယ်။ ပြည်ပဝယ်ယူမှုများရင် ဈေးအနည်းငယ်များလာပြီး ပြည်ပဝယ်ယူမှုနည်းရင် ဈေးက မထင်မှတ်လောက်အောင် ကျဆင်းသွားတဲ့အတွက် ဈေးကောင်းတဲ့အချိန်သာ ထုတ်ရောင်းဖို့ ကုန်သည်တွေက အကြံပြုထား ပါတယ်။
မုံရွာကုန်စည်ဒိုင်မှာ မတ်ပဲက တစ်တင်းကို ၁၆၅၀၀ နဲ့ တစ်တင်းကို ၅၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၅၃၀၀ ရှိပြီး တစ်တင်းကို ၇၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၇၅၀၀ နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးဖွင့်တဲ့ ရက်ကအနည်းငယ်ပဲ ရှိပြီး ဈေးဖွင့်ပါကလည်း ပြည်ပတင်ပို့တဲ့ ကွန်တင်နာကအရမ်းနည်းပါတယ်။ လက်ရှိမှာတော့ တစ်တန်ကို ၄ သိန်းခွဲနဲ့ အတက်အကျအနည်းငယ် ရှိနေခဲ့ပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာတော့ ဈေးက ကျဆင်းနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်ကတည်းက ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ ကုန်စည်ဒိုင်တွေမှာလည်း အဝင်ရှိသလောက် အရောင်းအဝယ်မဖြစ်တဲ့အတွက် ဈေးကကျဆင်းနေခဲ့သလို ပြည်ပဝယ်ယူမှုကလည်း နည်းနေပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၅၀၀ နဲ့ ၂၅၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၇၀၀ ကနေ ၁၄၁၀၀ နဲ့ တစ်ပတ်အတွင်း တစ်တင်းကို ၅၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၀၀၀ နဲ့ ၅၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာ အဝင်နည်းပေမယ့် ဈေးကအနည်းငယ်ပြန်ကျဆင်းသွားခဲ့ပါတယ်။ ပြည်ပကနေ တင်သွင်းတဲ့ တရုတ်ကြက်သွန်တွေကလည်း ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့အတွက် ပြည်တွင်း ကြက်သွန်က အနည်းငယ်ဈေးကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှာတော့ ဒီတစ်ပတ်ပေါက်ဈေးက ၁၀၀၀ ကနေ ၁၁၇၅ ကျပ် ရှိပြီး ၂၅ ကျပ်လောက်ဈေး ကျဆင်းသွားခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၉၀၀ ကနေ ၁၁၅၀ ရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်ဖြူ(ဆိပ်ဖြူ)က တစ်ပိဿာကို ၉၀၀ ကနေ ၁၃၀၀ ရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။
နေ့စဉ် ပခုက္ကူကုန်စည်ဒိုင်ကို ပိဿာချိန် ၃၀၀၀၀ ကနေ ၅၀၀၀၀ ကြားအဝင်ရှိနေပါတယ်။ လက်ရှိအချိန်က ကြက်သွန်တွေ စစိုက်နေတာဖြစ်တဲ့အတွက် မျိုးကြက်သွန်တွေကလည်း ဈေးကောင်းရရှိနေပါတယ်။
ကြက်သွန်ဖြူ
ရက်အတော်ကြာ ဈေးငြိမ်နေခဲ့တဲ့ ကြက်သွန်ဖြူ(ရှမ်း)က ရန်ကုန်ဈေးကွက်မှာတော့ ဈေးကျဆင်းသွားခဲ့ပေမယ့် နယ်ကုန်စည်ဒိုင် အချို့မှာတော့ ဈေးတက်လာတာကိုတွေ့ရပါတယ်။ကြူကုတ်ကလည်း လတ်တလောမှာ ဈေးငြိမ်နေတာကိုလည်း တွေ့ရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ရှမ်းကြက်သွန်ဖြူက တစ်ပိဿာကို ၆၅၀ ကနေ ၁၃၀၀ ရှိပြီး တစ်ပတ်အတွင်း တစ်ပိဿာကို ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကြူကုတ်ကတော့ တစ်ပိဿာကို ၁၀၀၀ ကနေ ၁၁၅၀ ရှိပြီး ဈေးငြိမ်နေပါတယ်။
နေပြည်တော်ကုန်စည်ဒိုင်မှာ ရှမ်းကြက်သွန်က တစ်ပိဿာကို ၂၇၀၀ နဲ့ တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ပြည်ကုန်စည်ဒိုင်မှာလည်း တစ်ပိသ`ာကို ၁၀၀၀ နဲ့ ၅၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။
မအိသန္တာအောင်(AMIA)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လားဗျ
ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026