ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၁၂.၂.၂၀၁၈မွ၁၆.၂.၂၀၁၈)ထိ
ဒီတစ်ပတ်မှာ အရောင်းအဝယ်ကောင်းတဲ့အတွက် ဆန်ချောရောဆန်ကြမ်းပါစျေးတက်လာခဲ့ပါတယ်. မတ်ပဲနဲ့ပဲစင်းငုံနီကတော့ စျေးတက်နေတာနှစ်ပတ်ဆက်တိုက်ရှိနေပါပြီး။
ဆန်
ပြီးခဲ့တဲ့အပတ်က ပုသိမ်စျေးကွက်မှာ ဆန်ကြမ်းရော ဆန်ချောစျေးတွေတက်လာခဲ့ပေမယ့် ဒိတစ်ပတ်မှာတော့ ပုသိမ်စျေးကွက်မှာစျေးငြိမ်နေပါတယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်စျေးကွက်မှာတော့ ဆန်ပုံမှန်ဝင်နေပြီး အရောင်းအဝယ်ကောင်းတဲ့အတွက် စျေးကတက်လာပါတယ်။ ရွှေဘိုပေါ်ဆန်းသစ်က တစ်အိတ်ကို ၆၀၀၀အထိအမြင့်ဆုံးစျေးတက်ခဲ့ပြီး အနိမ့်ဆုံးစျေးကတစ်အိတ် ကို၅၀၀၀၀ ကနေ၅၂၀၀၀ပေါက်စျေးရှိပါတယ်။ ပေါ်ဆန်းမွှေးသစ်ကတော့ တစ်အိတ်ကို ၂၀၀၀တက်သွားပြီး တစ်အိတ်ကို ၃၁၀၀၀ကနေ၃၄၀၀၀ ပေါက်စျေးရှိပါတယ်။ ဆန်ကြမ်းအမျိုးအစားတွေဖြစ်တဲ့ မြီးဒုံး၊နွေသီးထပ်ဆန်၊ဧည့်မထဆန်၂၅%၊ကြမ်းသစ်ရှယ်နဲ့ ရက်၉၀သစ်ရှယ်တို့ကလည်းတစ်အိတ်ကို ၂၀၅၀၀ကနေ၃၄၀၀၀ အထိပေါက်စျေးရှိပြီး တစ်အိတ်ကိုအနိမ့်ဆုံး ၅၀၀ကနေအမြင့်ဆုံး ၂၀၀၀အထိစျေးတက်လာပါတယ်။ ပုသိမ်စျေးကွက်မှာတော့ ဧရာဝတီပေါ်ဆန်းစပါးကတင်း၁၀၀ကို ၈၇၆၁၉၀၊ပေါ်ဆန်းရင်ကရ၈၈၅၇၁၊ ဖျာပုံပေါ်ဆန်းက ၈၁၃၈၄၆၊ မနောသုခက ၅၃၃၆၀၀၊ မီးကောက်က၅၉၈၀၀၀၊နဲ့သီးထပ်ရင်ကတော့ ၅၇၉၆၀၀ရှိပြးြပြီးခဲ့တဲ့အပတ်ကအတိုင်း စျေးငြိမ်နေခဲ့ပါတယ်။
မတ္ပဲ(FAQ/RC)
ပြီးခဲ့တဲ့အပတ်က အတက်အကျအနည်းငယ်ဖြစ်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ စျေးတက်လာခဲ့ပါတယ်။ လက်ရှိမှာ အဟောင်းစျေးထက်အသစ်စျေးတွေက အမြင့်စျေးရရှိနေပါတယ်။တောင်သူတွေလက်ထဲမှာတော့မတ်ပဲအဟောင်းရောအသစ်ပါမရှိတော့တဲ့အနေအထားမှာလည်းရှိနေပါတယ်။ ရန်ကုန်ဝယ်လက်တွေက အဝယ်များတဲ့အတွက်ကြောင့် နယ်ကုန်စည်ဒိုင်အချို့မှာလည်း အတက်စျေးနဲ့ရှိနေပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ မြန်မာမတ်ပဲFAQ ရောင်းစျေးက ၄၆၅ဒေါ်လာရှိပြီးပြီးခဲ့တဲ့အပတ်ထက် ဒေါ်လာ၁၅၀လောက်စျေးတက်ခဲ့ပါတယ်။ လက်ရှိအချိန်အထိမြန်မာမတ်ပဲ ပဲစျေးကွက်အတွင်းစျေးနှုန်းနည်းနေတဲ့အတွက် အိန္ဒိယကုန်သည်တွေ မြန်မာမတ်ပဲကိုသာအဝယ်လိုက်နေကြပါတယ်။ ရန်ကုန်စျေးကွက်မှာတော့ မတ်ပဲကတစ်တန်ကို ၅၆၀၀၀၀ရှိပြီး တစ်တန်ကို၁၅၀၀၀လောက်စျေးတက်လာခဲ့ပါတယ်။ မုံရွာစျေးကွက်မှာတော့ တစ်တင်းကို ၁၇၂၀၀ရှိပြီး၂၀၀စျေးတက်လာပါတယ်။ ပြည်စျေးကွက်မှာတော့ တစ်တင်းကို ၁၈၃၀၀နဲ့စျေးအပြောင်းအလဲမရှိပေမယ့် နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၅၃၀၀ရှိပြီး ၇၀၀လောက်စျေးကျဆင်းသွားခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်နဲ့ဆိုစျေးတက်လာကာ တတိယအပတ်မြောက်ရှိလာပြီ။ ပြည်တွင်းထက် ပြည်ပအဝယ်လိုက်တဲ့အတွက်ကြောင့် စျေးကတက်လာတာလည်းဖြစ်ပါတယ်။ အိန္ဒိယအစိုးရကပဲစင်းငုံနီတွေကို လက်ရှိအချိန်အထိဝယ်ယူပေးနေတဲ့အတွက် ပဲစင်းငုံကတော့ လက်ရှိပေါက်စျေးထက် ထပ်ပြီးကျဆင်းနိုင်ဖွယ်နည်းတယ်လို့Agriwatch ကတော့သုံးသပ်ပေးထားပါတယ်။ အိန္ဒိယမှာမြန်မာပဲစင်းငုံပေါက်စျေးက ပြီးခဲ့တဲ့အပတ်နဲ့စျေးကွာခြားမှုမရှိပေမယ့် အိန္ဒိယပေါက်စျေးထက် လျော့နည်းနေလို့အဝယ်တွေကတော့များဆဲအခြေအနေမှာရှိနေပါတယ်။ ရန်ကုန်စျေးကွက်မှာတော့ ပဲစင်းငုံပေါက်စျေးကတစ်တန်ကို ၄၇၀၀၀၀အထိအမြင့်ဆုံးစျေးရရှိနေပြီး တစ်ပတ်အတွင်း တစ်တန်ကို ၃၀၀၀၀နီးပါးစျေးတက်လာခဲ့ပါတယ်။ မုံရွာစျေးကွက်မှာတော့ တစ်တင်းကို ၁၄၀၀၀ကျပ်ရှိပြီးတစ်တင်းကို၅၀၀ကျပ် စျေးတက်လာပါတယ်။ပည်ကုန်စည်ဒိုင်မှာလည်းတစ်တင်းကို၁၄၀၀၀ပေါက်စျေးရှိပြီးတစ်တင်းကို၁၃၀၀စျေးတက်လာပါတယ်။ကျန်ကုန်စည်ဒိုင်တွေမှာတော့တစ်တန်ကို၁၂၅၀၀ကျော်ရှိပြီးစျေးအပြောင်းအလဲမရှိပါဘူး.
ၾကက္သြန္နီ
ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာထပ်ပြီးစျေးကကျဆင်းသွားခဲ့ပါတယ်။ အရည်အသွေးအလိုက်စျေးကောင်းရနေပေမယ့် ပစ္စည်းအဝင်များတဲ့အတွက် စျေးကကျဆင်းသွားပါတယ်။ပြီးခဲ့တဲ့အပတ်ကနေပြည်တော်ကုန်စည်ဒိုင်မှာ တစ်ပိဿာကို ၄၀၀လောက်အထိ စျေးကျဆင်းသွားခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ တစ်ပိဿာကို ၁၆၀၀ကနေ ၂၀၀၀ပေါက်စျေးရှိပြီး တစ်ပိဿာကို၄၀၀လောက်စျေးတက်လာခဲ့ပါတယ်။ ကြက်သွန်အဓိကထွက်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၈၅၀ကနေ၁၅၅၀ ပေါက်စျေးရှိပြီး တစ်ပိဿာကို ၂၅၀လောက်စျေးကျဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း ၁၂၀၀ကနေ ၁၇၅၀ပေါက်စျေးရှိကာတစ်ပိဿာကို၁၀၀ကျော်စျေးကျဆင်းသွားပါတယ်။
စားအုန်းဆီ
အကျစျေးနဲ့ရှိနေတဲ့စားအုန်းဆီက ဒီတစ်ပတ်မှာတော့ မုံရွာကုန်စည်ဒိုင်မှာစျေးတက်လာခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ ရင်းဂစ်တန်ဖိုးတက်လာတာနဲ့အမျှဝယ်လိုအားကျဆင်းသွားပြိး စျေးကကျဆင်းသွားခဲ့တာလည်းဖြစ်ပါတယ်။မုံရွာကုန်စည်ဒိုင်မှာ တစ်ပိဿာကို၅ကျပ်စျေးတက်ခဲ့ပြီး တစ်ပိဿာကို၁၇၀၀ရှိပါတယ်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာလည်း တစ်ပိဿာကို ၁၇၀၀နဲ့၂၀ကျပ်စျေးတက်လာခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ၁၇၃၅ကျပ်၊နေပြည်တော်ကုန်စည်ဒိုင်မှာ၁၈၀၀ကျပ်၊ပခုက္ကူကုန်စည်ဒိုင်မှာ၁၇၃၀ကျပ်နဲ့ပြည်ကုန်စည်ဒိုင်မှာတော့ ၁၆၆၀ရှိပြီး ၁၀ကျပ်စျေးကျဆင်းသွားပါတယ်။
မဝတ်ရည်မွန်(AMIA)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....