ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၁၉.၂.၂၀၁၈မွ၂၃.၂.၂၀၁၈) ထိ
ဒီတစ်ပတ်မှာတော့ ပုသိမ်စျေးကွက်မှာ ဆန်ရောစပါးစျေးပါတက်နေပါတယ်။နှစ်ပတ်ဆက်တိုက် စျေးတက်ခဲ့တဲ့ ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ စျေးကျဆင်းသွားပြီး မတ်ပဲကလည်းစျေးကျဆင်းသွားပါတယ်။
ဆန်၊စပါး
ပြီးခဲ့တဲ့အပတ်က ဆန်စျေးတွေတက်ခဲ့ပြီး စပါးစျေးက ငြိမ်နေခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဆန်စျေးရောစပါးစျေးပါ မြင့်တက်လာခဲ့ပါတယ်။ ပုသိမ်မှာတော့ ဒေသတွင်းစားသုံးမှုများပြားလားပြီး ဆန်စက်ကုန်သည်တွေရဲ့စျေးပေးဝယ်တဲ့အတွက်ကြောင့် စျေးတက်လာခဲ့ပါတယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာတော့ ဆန်အဝင်နည်းလာတဲ့အတွက် စျေးတက်လာတယ်လို့သိရပါတယ်။ ဧရာဝတီပေါ်ဆန်း(စပါး)က တင်း၁၀၀ကို ၆၀၀၀၀ကျော်စျေးတက်ခဲ့ပြီး တင်း၁၀၀ကို ၉၃၇၅၀၀ပေါက်စျေးရှိပါတယ်။ ပေါ်ဆန်းရင်(စပါး)ကတော့ တင်း၁၀၀ကို ၉၀၀၀၀နီးပါးစျေးတက်ခဲ့ပြီး ၈၇၆၀၀၀စျေးရရှိပါတယ်။ ဖျာပုံပေါ်ဆန်း(စပါး)ကလည်း တင်း၁၀၀ကို ၈၈၄၆၀၀ပေါက်စျေးရှိပြီး ၇၀၀၀၀ကျော် စျေးတက်ခဲ့ပါတယ်။ ဆန်စျေးကတော့ တစ်တင်းခွဲကို ၃၇၀၀၀ကနေ၃၈၀၀၀ပေါက်စျေးရှိပြီး တစ်တင်းခွဲကို ၄၀၀၀ကျော်စျေးတက်ခဲ့ပါတယ်။
ဆန်ကြမ်းအမျိုးအစားတွေဖြစ်တဲ့ ရွှေသွယ်လေး(စပါး)နဲ့ဧရာမင်း(စပါး)က တင်း၁၀၀ကို ၆၉၀၀၀၀ရှိပြီး ၅၀၀၀၀နီးပါး၊ မနောသုခ(စပါး)က တင်း၁၀၀ကို ၅၉၈၀၀၀ရှိပြီး ၆၅၀၀၀၊ မီးကောက်(စပါး)က ၆၁၆၄၀၀ရှိပြီး ၂၀၀၀၀နီးပါး စျေးတက်ခဲ့ပါတယ်။ ဆန်စျေးကတော့ အမြင့်ဆုံး ၂၆၀၀၀ကနေ အနိမ့်ဆုံး၂၄၀၀၀ရှိပြီး တစ်တင်းခွွဲကို ငွေကျပ်၂၀၀၀နီးပါး စျေးတက်ခဲ့ပါတယ်။
ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာတော့ ရွှေဘိုပေါ်ဆန်းသစ် တစ်အိတ်ကို ၅၃၀၀၀ကနေ၅၅၀၀၀ပေါက်စျေးရှိပြီး တစ်အိတ်ကို ၃၀၀၀ကျပ်၊ ပေါ်ဆန်း(နယ်စုံ၊ဖျာပုံ၊ဒေးဒရဲ၊မြောင်းမြနဲ့ပုသိမ်)ကလည်း တစ်အိတ်ကို ၃၀၀၀၀ကနေ၄၃၀၀၀ကျပ်၊ ဆန်ကြမ်းဖြစ်တဲ့ဧည့်မထဆန်၊ ၂၅မှတ်တန်၊ ငစိန်၊မြီးဒုံ၊ မိုးသုခ၊ ရက်၉၀နဲ့နွေသီးထပ်ဆန်တို့က တစ်အိတကို၁၉၅၀၀ကနေ ၂၆၅၀၀ပေါက်စျေးရှိပြီး တစ်အိတ်ကို ၁၀၀၀ကျော်စျေးတက်လာပါတယ်။ နယ်ကုန်စည်ဒိုင်ဖြစ်တဲ့ မူဆယ်ကုန်စည်ဒိုင်မှာတော့ တရုတ်နှစ်ကူးဖြစ်တဲ့အတွက် အရောင်းအဝယ်တွေနားထားပြီး စျေးကတော့မပြောင်းလဲပဲရှိနေတယ်လို့သိရပါတယ်။
မတ္ပဲ(FAQ/RC)
ပြီးခဲ့တဲ့အပတ်က စျေးအနည်းငယ်ပြန်တက်ခဲ့တဲ့မတ်ပဲက ဒီတစ်ပတ်မှာတော့ စျေးပြန်ကျဆင်းသွားပါတယ်။ ဒေသတွင်းဝယ်လိုအားလျော့နည်းခဲ့ပြီး ပဲအဝင်တွေလည်းများလာတဲ့အတွက် စျေးကအနည်းငယ်ပြန်ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ပြည်တွင်းလက်ကျန်ပဲတွေ ကျန်ရှိနေသေးတဲ့အတွက် မြန်မာမတ်ပဲက စျေးမာနေတဲ့အခြေအနေမှာ ရှိနေပါတယ်။ ပွဲတော်ကာလဖြစ်တဲ့အတွက်ကြောင့် အနိမ့်စျေးရရှိနေတဲ့မတ်ပဲက ဆက်ပြီးစျေးကျနိုင်ဖွယ်လည်းနည်းနေတယ်လို့ Agriwatch ကနေသိရပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ မြန်မာမတ်ပဲကတစ်တန်ကို ၄၆၅ဒေါ်လာရှိပြီးစျေးငြိမ်နေပါတယ်။ ရန်ကုန်စျေးကွက်မှာတော့ မတ်ပဲက လက်ရှိပေါက်စျေး ၅၄၀၀၀၀ကျော်ရှိပြီး တစ်ပတ်အတွင်း၂၀၀၀၀ကျော် စျေးပြန်လည်ကျဆင်းခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၇၀၀၀ရှိပြီး ၂၀၀ကျပ်စျေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ၁၈၃၀၀နဲ့နှစ်ပတ်ဆက်တိုက်စျေးငြိမ်နေပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၆၆၀၀နဲ့တစ်တင်းကို ၁၃၀၀စျေးတက်လာခဲ့ပါတယ်။
ပဲစင်းငုံနီ
ဇန်နဝါရီလနောက်ဆုံးအပတ်ကနေစပြီး တစ်ဖြေးဖြေးစျေးတက်လာခဲ့တဲ့ ပဲစင်းငုံနီက တောင်သူတွေကို မျှော်လင့်ချက်အမြောက်အမြားပေးခဲ့ပါတယ်။ တစ်တန်ကို ၅သိန်းနီးပါးအထိ ရောက်ရှိတော့မယ့်အနေအထားတစ်ခုက ဖေဖော်ဝါရီတတိယအပတ်ကနေစပြီး စျေးပြန်ကျသွားတာ တစ်ပတ်အတွင်း ငွေကျပ်၆၀၀၀၀အထိ စျေးကကျဆင်းသွားခဲ့ပါတယ်။ စျေးတက်တဲ့အချိန် တောင်သူတွေလက်ထဲမှာ ပဲမရှိတော့တဲ့အတွက် စျေးအတက်အကျရိုက်ခတ်မှုက တောင်သူတွေအပေါ်တော့ အများကြီးမသက်ရောက်ပါဘူး။ အနယ်နယ်အရပ်ရပ်က ပဲအသစ်တွေအများကြီးဝင်လာပြီး နယ်ကုန်စည်ဒိုင်တွေမှာလည်း စျေးကအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကို အဓိကတင်ပို့နေတာဖြစ်တဲ့အတွက် အိန္ဒိယဝယ်ယူမှုအပေါ် စျေးအတက်အကျအပြောင်းအလဲကရှိနေဆဲပါ။ပြီးခဲ့တဲ့အပတ်က သုံးသပ်ထားသလို အိန္ဒိယအစိုးရက ပဲစင်းငုံနီတွေကို လက်ရှိအချိန်အထိ ဝယ်ယူပေးနေတဲ့အတွက် ပဲစင်းငုံကတော့ လက်ရှိပေါက်စျေးထက် ထပ်ပြီးကျဆင်းနိုင်ဖွယ်နည်းတယ်လို့ Agriwatch ကတော့သုံးသပ်ပေးထားပါတယ်။
ရန်ကုန်စျေးကွက်မှာပြီးခဲတဲ့အပတ်က တစ်တန်ကို ၄၇၀၀၀၀အထိ အမြင့်ဆုံးရရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၄၂၇၀၀၀ထိ စျေးကကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၅၀၀ရှိပြီး ၁၅၀၀ကျပ်စျေးကျဆင်းသွားပါတယ်။မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၂၄၀ရှိပြီး ၁၆၀ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၅၀၀ရှိပြီး ၅၀၀ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၈၀၀ကျပ်ရှိပြီး ၂၀၀ကျပ်အသီးအသီးစျေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
အကျစျေးနဲ့စျေးငြိမ်နေတဲ့ပဲတီစိမ်းက ဒီတစ်ပတ်မှာလည်း နယ်အချို့မှာသာ အနည်းငယ်စျေးကျဆင်းသွားခဲ့ပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ရှိပြီးနေ့စဉ်အရောင်းအဝယ်ကလည်း ရှိနေပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ အရန်ပဲတီစိမ်းတွေကို ထုတ်ရောင်းနေတဲ့အတွက် စျေးဆက်တက်ဖို့ အဟန့်အတားဖြစ်နေတယ်လို့ သိရပါတယ်။ ပဲတီစိမ်းကတော့ အိန္ဒိယဆိပ်ကမ်းအရောက် ဒေါ်လာရ၀၀နဲ့နှစ်ပတ်ဆက်တိုက်စျေးငြိမ်နေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၀၀၀၀ကနေ၂၁၀၀၀ပေါက်စျေးရှိပြီး တစ်တင်းကို ၁၇၅၀စျေးကျဆင်းသွားပါတယ်။ မြင်းခြံမှာတော့ တစ်တင်းကို ၂၀၉၀၀၊နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၄၀၀၀နဲ့ စျေးငြိမ်နေတာနှစ်ပတ်ဆက်တိုက်ရှိနေပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃၀၀၀နဲ့တစ်တင်းကို ၁၀၀၀ကျပ်စျေးကျဆင်းသွားခဲ့ပါတယ်။
ပဲပုတ်
ပဲပုတ်ကတော့ အသစ်တွေဆက်တိုက်ဝင်ရောက်နေပြီး ဒေသဝယ်လက်များနေတဲ့အတွက် နယ်အချို့မှာစျေးတက်နေပြီး နယ်အချို့မှာတော့ စျေးအေးနေတာကိုတွေ့ရပါတယ်။ ပဲပုတ်ကတော့ တစ်ခြားပဲတွေလိုစျေးအပြောင်းအလဲသိပ်မရှိပဲ အတက်အကျလည်း အနည်းငယ်သာရှိနေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတစ်တင်းကို၂၂၅၀၀နဲ့၅၀၀ကျပ်၊မြင်းခြံကုန်စည်ဒိုင်မှာ၂၅၅၀၀နဲ့၁၅၀၀၊စျေးတက်လာပါတယ်။ပြည်ကုန်စည်ဒိုင်မှာတော့တစ်တင်းကို၂၁၀၀၀နဲ့နှစ်ပတ်ဆက်တိုက်စျေးငြိမ်နေတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်လိုက်ရင်စျေးကအတူတူပဲဖြစ်နေပါတယ်။
ဝတ်ရည်မွန်(AMIA)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....