အစိမ်းရောင်လမ်း
ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

(၂၃.၇.၂၀၁၈ မှ ၂၇.၇.၂၀၁၈)ထိ

မတ်ပဲ (FAQ/RC) 

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) 2017 အပြင် 2018 ပါ ရက်ခြား အရောင်းအဝယ်ရှိနေတာကိုလည်း တွေ့ရပါတယ်။အရောင်းအဝယ်ကလည်း ရက်ခြားသာ ရှိတဲ့အတွက် ဈေးကကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။

နယ်ကုန်စည်ဒိုင်တွေမှာလည်း အရောင်းအဝယ်ကောင်းတဲ့ရက် ဈေးပိုရပြီး အရောင်းအေးတဲ့ရက် ဈေးကျဆင်းတဲ့ အခြေအနေရှိတဲ့အတွက်  ဈေးတက်တဲ့ ရက်သတ္တပတ်၊ ဈေးကျတဲ့ ရက်သတ္တပတ်ဆိုပြီး သတ်မှတ်လို့မရတာလည်း တွေ့ရပါတယ်။

ဒီတစ်ပတ်မှာတော့ မုံရွာကုန်စည်ဒိုင်မှာ မတ်ပဲက တစ်တင်းကို ၁၃၅၀၀ နဲ့ ၅၀၀ ကျပ်ဈေးတက်ခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၈၀၀ နဲ့ ၇၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၆၀၀ နဲ့ ၅၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာတော့ တစ်ပတ်အတွင်း တစ်တန်ကို ငွေကျပ်တစ်သောင်းကျော် ဈေးကျဆင်းသွားခဲ့ပြီး လတ်တလောပေါက်ဈေးက တစ်တန်ကို  ၄၁၉၀၀၀ ကနေ ၄၂၅၀၀၀ ကျော်ရှိပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ်တက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာ အရောင်းကျသွားသလို ဈေးကလည်း ကျဆင်းသွားခဲ့ပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာလည်း ဈေးက အေးသွားပါတယ်။ ပြည်ပအဝယ်ရှိပေမယ့် ပြည်တွင်းဝယ်ယူမှုလျော့တဲ့အတွက် အရောင်းကျသွားခဲ့တာပါ။ မုံရွာကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၁၂၇၀၀ နဲ့ ၂၀၀ လောက်ကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၁၀၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၈၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၀၀၀ ကျပ် အသီးသီးဈေးငြိမ်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်တန်ကို ၄၇၀၀၀၀ ကျော် နဲ့ တစ်တန်ကို ၁၀၀၀၀ နီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။ ပဲစင်းငုံနီကတော့ လက်ရှိမှာ ပြည်ပဝယ်ယူမှုက ရှိနေဆဲဖြစ်တဲ့အတွက် ဈေးကအရမ်းကြီးကျသွားဖို့ မရှိသလို တက်နိုင်ခြေလည်း မရှိဘူးလို့လည်း ကုန်သည်တွေက သုံးသပ်ထားပါတယ်။ 

ပဲတီစိမ်း

ပဲတီစိမ်းကတော့ လက်ရှိနယ်ကုန်စည်ဒိုင်အချို့မှာ အသစ်တွေ ဝင်လာပြီလို့သိရပါတယ်။ အသစ်တွေ စတင်ဝင်ရောက်နေပြီး ဈေးကလည်း အမြင့်ဈေးနဲ့ဝင်ရောက်ကာ တစ်ခြားပဲတွေနဲ့နှိုင်းယှဉ်ရင် အမြင့်ဆုံးဈေးရရှိနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်နဲ့နှိုင်းယှဉ်လိုက်ရင်တော့ ဈေးကျဆင်းနေတဲ့အခြေအနေပါ။ ပြီးခဲ့တဲ့နှစ်က အသစ် တစ်တင်းကို ၃၀၀၀၀ ကျော်နဲ့ ဝင်လာပေမယ့် ဒီနှစ်မှာတော့ တစ်တင်းကို ၂၈၀၀၀ နဲ့ စတင်ဈေးဖွင့်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်နဲ့နှိုင်းယှဉ်လို့ ဈေးက ကျဆင်းပေမယ့် အရောင်းအဝယ်ကတော့ ပဲတီစိမ်းက သွက်နေတဲ့ အခြေအနေပါ။မုံရွာကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်း (အဟောင်း)က တစ်တင်းကို ၂၀၀၀၀ ကနေ၂၄၅၀၀ ပေါက်ဈေးရှိပြီး ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃၇၀၀ ကျော်ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ လောက်ဈေးတက်လာပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၈၃၀၀ နဲ့ ၃၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာ တစ်တင်းကို ၃၀၀၀၀ နဲ့ ၃၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၃၆၆၀၀ နဲ့ အသီးသီးဈေးတက်လာပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်းခရမ်းရွှေဝါက ဈေးအမြင့်ဆုံးနဲ့ တစ်တင်းကို ၄၃၀၀၀ အထိ ဈေးရရှိနေခဲ့ပါတယ်။ တောင်သူအချို့ကတော့ လက်ရှိအချိန်ထိ ထုတ်မရောင်းသေးပဲ လှောင်ထားတဲ့အခြေအနေရှိနေပါတယ်။

ကုလားပဲ

ပြီးခဲ့တဲ့အပတ်က အိန္ဒိယဝယ်ယူမှု မြင့်လာတဲ့အတွက် မထင်မှတ်လောက်အောင် ဈေးတက်လာခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးကအနည်းငယ်ပြန်ကျဆင်းသွားခဲ့ပါတယ်။ ဈေးကျဆင်းခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇွန်လ ဈေးကို ရောက်ရှိသွားတဲ့အခြေအနေတော့ မဟုတ်ပါဘူး။ ကုလားပဲကို တရုတ်က အဓိကဝယ်ယူပြီး အိန္ဒိယက အနည်းငယ်ဝယ်ယူပေမယ့် ယခုလအတွင်း အများအပြားဝယ်ယူမှုပြုလုပ်ခဲ့တဲ့အတွက် ဈေးကောင်းရခဲ့တာလည်း ဖြစ်ပါတယ်။

ဒီတစ်ပတ်ကတော့ အဝယ်ပြန်အေးပြီး ဈေးကပါးပါးလေး ပြန်ကျသွားခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲလုံး (ဖြူ၊ဝါ)ကြီးက တစ်တင်းကို ၂၁၀၀၀ ကနေ ၂၃၂၀၀ ရှိပြီး ၈၀၀ နီးပါး ဈေးကျဆင်းခဲ့ပါတယ်။ (ဖြူ၊ဝါ) သေးကတော့ တစ်တင်းကို ၂၃၂၀၀ ကနေ ၂၃၅၀၀ ရှိပြီး တစ်တင်းကို ၅၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ်လည်း ကုလားပဲ(ဖြူ၊ဝါ)ကြီးက တစ်တင်းကို ၂၁၅၀၀ ကနေ ၂၂၅၀၀ ရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း ကုလားပဲ (ဖြူ၊ဝါ)ကြီးက တစ်တင်းကို ၂၂၅၀၀ ကနေ ၂၃၀၀၀ ရှိပြီး ၅၀၀ ကျပ်၊ မန္တလေးကုန်စည်ဒိုင်မှာလည်း ကုလားပဲဖြူက တစ်တင်းကို ၂၂၆၀၀ ရှိပြီး တစ်တင်းကို ၇၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။ ကုန်သည်တွေကတော့ ကုလားပဲဈေးက လက်တလော ဈေးတက်နိုင်ခြေရှိတယ်လို့ သုံးသပ်ထားပါတယ်။

ဝတ်ရည်မွန်((AMIA)

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....