အစိမ်းရောင်လမ်း
ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

(၂.၇.၂၀၁၈ မှ ၆.၇.၂၀၁၈)ထိ

ဆန်၊ စပါး

 ပုသိမ်ဈေးကွက်မှာတော့ တစ်လနီးပါး ငြိမ်နေတဲ့ စပါးဈေးရော ဆန်ဈေးရော ဇွန်လနောက်ဆုံးပတ်ကနေစပြီးဈေးတက်လာခဲ့ပါတယ်။ လက်ရှိက ပထမတန်းစာ;စပါးထက် ဒုတိယတန်းစားစပါးကို အဝယ်များလာပြီး ပြည်ပတင်ပို့မှုကလည်း မြင့်နေတဲ့အတွက်  ဈေးတွေကလည်း ဆက်ပြီး ဈေးတက်နေပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်ကိုလည်း အဝင်နည်းပြီး အရောင်းအဝယ်ကသွက်တဲ့အတွက် ရန်ကုန်ဈေးကွက်မှာလည်း ဈေးကတက်နေပါတယ်။ ပုသိမ်ဈေးကွက်မှာတော့ ပထမတန်းစား စပါးကပြီးခဲ့တဲ့ အပတ်ကအတိုင်းဈေးငြိမ်နေပြီး ဒုတိယတန်းစား စပါးကတော့ ဈေးတက်လာပါတယ်။ဒုတိယတန်းစား စပါးဖြစ်တဲ့ ရွှေသွယ်လေးစပါးက တင်း ၁၀၀ ကို ၈၀၉၀၀၀ ကျော်ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၂၀၀၀ ကျော်ဈေးတက်လာပါတယ်။ ဧရာမင်းစပါးကလည်း တင်း ၁၀၀ ကို ၇၈၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၅၀၀၀၀ ၊မီးကောက်က တင်း ၁၀၀ ကို ၆၉၀၀၀၀ ရှိပြီး ၃၀၀၀၀ ကျော် အသီးသီးဈေးတက်လာပါတယ်။ မနောသုခစပါးကတော့ ၆၄၄၀၀၀ နဲ့ သီးထပ်ရင်တို့ကတော့ တင်း ၁၀၀ ကို ၅၈၀၀၀၀ ကျော်နဲ့ ဈေးငြိမ်နေပါတယ်။စပါးဈေးအပြင် ဆန်ဈေးကလည်း တစ်အိတ်ကို ၅၀၀ ကနေ ၁၀၀၀ နီးပါးဈေးတက်လာပြီးတော့ တစ်ပတ်အတွင်း ရွှေသွယ်လေးက တစ်တင်းခွဲ တစ်အိတ်ကို ၃၃၀၀၀ ကျပ်၊ ဧရာမင်းက တစ်အိတ်ကို ၃၃၀၀၀၊ မနောသုခက တစ်အိတ်ကို ၂၆၀၀၀၊ မီးကောက်က ၂၉၀၀၀ ကျပ်နဲ့သီးထပ်ရင်ကတော့ ၂၃၅၀၀ အသီးသီးရှိပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ဆန်ချော ဈေးရော ဆန်ကြမ်းဈေးပါ တက်နေပါတယ်။ ဖျာပုံပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၉၀၀၀ ကနေ ၄၃၀၀၀၀ ရှိပြီးတစ်အိတ်ကို ၂၀၀၀ ကျပ်၊ဒေးဒရဲပေါ်ဆန်းက တစ်အိတ်ကို ၃၉၀၀၀ ကနေ ၄၃၀၀၀ ရှိပြီးတစ်အိတ်ကို ၂၀၀၀ ကျပ်၊ပေါ်ဆန်း(နယ်စုံ)က တစ်အိတ်ကို ၃၈၀၀၀ ကနေ ၄၀၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ဈေးတက်လာပါတယ်။

ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်က တစ်အိတ်ကို ၂၂၅၀၀ ကနေ ၂၃၀၀၀ ရှိပြီးတ စ်အိတ်ကို ၂၀၀ ကျပ်၊ငစိန်ဆန်က တစ်အိတ်ကို ၂၂၀၀၀ ကနေ ၂၃၀၀၀ ရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်၊မြီးဒုံက တစ်အိတ်ကို ၃၆၀၀၀ ကနေ ၃၇၅၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

ရန်ကုန်ကုန်စည်ဒိုင်ဈေးကွက်မှာ ဆန်ချော က တစ်လအတွင်း တစ်အိတ်ကို ငွေကျပ် ၅၀၀၀ အထိ အမြင့်ဆုံးဈေးတက်ခဲ့ပြီး ဆန်ကြမ်းကတော့ တစ်အိတ်ကို ၂၀၀၀ ကနေ ၃၀၀၀ကြား ဈေးတက်လာပါတယ်။ ဆက်ပြီး ဈေးတက်နိုင်ခြေရှိတယ်လို့လည်း ကုန်သည်တွေက သုံးသပ်ထားပါတယ်။

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ လက်ရှိမှာ ဈေးအနည်းငယ်ပြန်တက်လာတဲ့အခြေအနေပါ။ ဈေးကွက်အတွင်း အနည်းငယ်ပြန်အဝယ်လိုက်ပြီး အရည်အသွေးကောင်းတဲ့ ပဲကတော့ ဈေးအနည်းငယ်ပိုရပြီး အရည်အသွေးမကောင်းပါက အနိမ့်ဈေးပဲ ရရှိနေပါတယ်။ အိန္ဒိယနိုင်ငံကိုလည်း နေ့စဉ် ပုံမှန်တင်ပို့နေပေမယ့် ပြည်တွင်း ဝယ်လက်က အေးနေတဲ့အတွက်ဈေးက ကျဆင်းနေခဲ့ပါတယ်။ တောင်သူတွေကလည်း လက်ရှိမှာ မတ်ပဲအတက်ကိုပဲ မျှော်လင့်ချက်နဲ့စောင့်နေပြီး လက်ကျန်ပဲတွေကိုသာ အပြတ်ဖြတ်နေတဲ့အတွက် ဈေးကတော့ အတက်အကျအနည်းငယ်သာ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာသာ မတ်ပဲဈေးက အနည်းငယ်တက်ခဲ့ပေမယ့် နယ်ကုန်စည်ဒိုင်တွေမှာတော့ ဈေးကကျဆင်းသွားခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မတ်ပဲက တစ်တင်းကို ၁၃၀၀၀ ရှိပြီး ၁၅၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာ ၁၄၅၀၀ ကျပ် ရှိပြီး ၃၀၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၄၀၀၀ ရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာတော့ တစ်တန်ကို ၄၅၀၀၀၀ ကျော် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း တစ်တန်ကို ၂၀၀၀၀ နီးပါးဈေးတက်ခဲ့ပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၀၀၀ ကနေ ၁၆၀၀၀ ရှိပြီး အရည်အသွေးကောင်းရင် ဈေးကောင်းရရှိပါတယ်။ လက်ရှိမှာ မတ်ပဲကတော့ တစ်ခြားပြည်တွင်း ပဲတွေနဲ့နှိုင်းယှဉ်လိုက်ရင်တောင် အနိမ့်ဆုံးဈေးကို ရရှိနေပါတယ်။

ပဲစင်းငုံနီ

 ပဲစင်းငုံနီကတော့ ရန်ကုန်ဈေးကွက်မှာ အတက်အကျအပြောင်းအလဲများနေပေမယ့် နယ်ကုန်စည်ဒိုင်တွေမှာ တော့ အဝယ်နည်းတဲ့အတွက် ဈေးကကျဆင်းသွားခဲ့ပါတယ်။ လှောင်သူတွေကလည်း လက်ရှိ ပြည်ပပို့ကုန် အခြေအနေကို စောင့်ကြည့်နေကြပြီး တောင်သူတွေကလည်း အတက်ဈေးကို စောင့်နေသေးတဲအတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ကငြိမ်နေပြီး ဈေးကလည်း ငြိမ်နေပါတယ်။

မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တစ်တင်းကို ၁၂၅၀၀ ရှိပြီး တစ်တင်းကို ၈၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၈၀၀ ကျပ်ရှိပြီး ၁၂၀၀ ကျပ်၊ပုခက္ကူကုန်စည်ဒိုင်မှာ တစ်တင်းကု ၁၄၄၀၀ ရှိပြီး ၇၀၀ ကျပ်၊အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။  ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနိက တစ်တန်ကို ၄၉၀၀၀၀ နဲ့ ဈေးအမြင့်ဆုံးရရှိနေပြီး အတက်အကျကလည်း ကြမ်းသလို တစ်ချို့ရက်တွေမှာ အရောင်းအဝယ်မရှိပါဘူး။ ကုန်သည်တွေကတော့ ပဲစင်းငုံနီကတော့ ဆက်ပြီး ဈေးကျဆင်းနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ထားပါတယ်။ သြဂုတ်လ အတွင်း အိန္ဒိယနိုင်ငံ ကို အပြီးတင်ပို့ရမှာဖြစ်တဲ့အတွက် ဈေးကတော့ ဆက်ပြီး တက်မလား ကျမလား စောင့်ကြည့်ရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။

ကြက်သွန်ဖြူ

ပြည်တွင်း ကြက်သွန်ဖြူ(တောင်ကြီး၊အောင်ပန်း) ကလည်း ကြက်သွန်နီနည်းတူ ပြီးခဲ့တဲ့ နှစ်နဲ့နှိုင်းယှဉ်လိုက်ရင် ဈေးက ထက်ဝက်ကျော်ကျဆင်းခဲ့ပါတယ်။ တရုတ်ကနေ အဓိကတင်သွင်းတဲ့ ကြက်သွန်ဖြူ (ကြူကုတ်)ကတော့ လက်ရှိမှာ ဈေးကျဆင်းနေပေမယ့် ပြီးခဲ့တဲ့ နှစ်နဲ့နှိုင်းယှဉ်လိုက်ရင် ဈေးအများကြီး ကွာဟမှုမရှိပါဘူး။ ပြည်တွင်းကြက်သွန်ထက် ပြည်ပကနေ တင်သွင်းတဲ့ ကြက်သွန်ဖြူ(ကြူကုတ်)ကို စားသုံးမှုများပြားတဲ့အတွက် ပြည်တွင်း ကြက်သွန်တွေ မထင်မှတ်လောက်ကျဆင်းသွားခဲ့တာလို့လည်းကုန်သည်တွေက သုံးသပ်ပါတယ်။ ထိုပြင် လက်ရှိတရုတ်နိုင်ငံကလည်း ကြက်သွန်ဖြူ(ကြူကုတ်)ကို ဈေးသက်သာစွာနဲ့တင်သွင်းတဲ့အတွက် ပြည်တွင်းမှာ ဈေးသက်သာနေပြီး ပြည်တွင်း ကြက်သွန်က ဈေးများနေတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ 

ပြည်တွင်းကြက်သွန်ဖြူ က တစ်ပိဿာကို အနိမ့်ဆုံးဈေး ၁၀၀၀ ကနေ အမြင့်ဆုံးဈေး ၁၅၀၀ အထိ ပေါက်ဈေးရှိနေပေမယ့် ကြူကုတ် ကတော့ တစ်ပိဿာကို အနိမ့်ဆုံးဈေး ၉၀၀ ကနေ အမြင့်ဆုံးဈေး ၁၁၀၀ သာ ရှိပါတယ်။

 

ဝတ်ရည်မွန်(AMIA)

 

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....