ရန်ကုန် ဝါးတန်းဈေးကွက် ဆန်ဈေးများတက်
ရန်ကုန်၊ ဝါးတန်းဈေးကွက်မှာတော့ ဆန်ချောအမျိုးအစားအတော်များများ ဈေးတွေ တက်လာတာ ဖြစ်ပါတယ်။
ဆန်ကြမ်းဈေးတွေကတော့ ထူးထူးခြားခြား ဈေးတက်တာမျိုး မရှိပါဘူး။
သိသိသာသာဈေးတက်တာက ရွှေဘိုပေါ်ဆန်း(သစ်) ဆန်ပါ။ ဟိုအရင်က တစ်အိတ်(၁.၅ တင်း) ကို ပုံမှန်အားဖြင့် ၅၄၀၀၀ - ၆၆၀၀၀ ကြား ရှိရာကနေ ဇူလိုင် ၂၁ ကစလို့ ၆၀၀၀၀-၇၀၀၀၀ ထိ ဈေးတက်သွားတဲ့ ရွှေဘိုပေါ်ဆန်း(သစ်)ဟာ ဒီနေ့မှာတော့ တစ်အိတ်ကို ကျပ် ၁၀၀၀၀ ခန့် ဈေးတက်လာပြီး ၇၀၀၀၀-၇၆၀၀၀ ဈေးရှိနေတာ ဖြစ်ပါတယ်။
ဖျာပုံပေါ်ဆန်းမွှေးနဲ့ ဒေးဒရဲပေါ်ဆန်းမွှေးတွေလည်း တစ်အိတ်ကို ကျပ် ၄၀၀၀ ကနေ ၅၀၀၀ ခန့်ထိ ဈေးတွေတက်လာပါတယ်။
မြောင်းမြပုသိမ်ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းနယ်စုံသစ်၊ ကျားပျံရှယ်(သစ်)၊ ဖျာပုံတောင်ပျံ(သစ်)၊ ပေါ်ဆန်းရှယ်(သ) တို့လည်း တစ်အိတ်ကို ၂၀၀၀ ကနေ ၅၀၀၀ ကြား ဈေးတွေအသီးသီးတက်လာပါတယ်။

ဇူလိုင် ၂၆ ရက် ရန်ကုန်ဝါးတန်းဈေးကွက်ဆန်ဈေးနှုန်း(၁.၅ တင်း) တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ဆန် (ဖျာပုံပေါ်ဆန်းမွှေး)(သ) - ၅၃၀၀၀ မှ ၅၅၀၀၀ ကျပ်
ဆန်(ဒေးဒရဲပေါ်ဆန်းမွှေး) (သ) - ၅၂၀၀၀ မှ ၅၅၀၀၀ ကျပ်
ဆန်(မြောင်းမြ၊ပုသိမ်ပေါ်ဆန်းမွှေး)(သ) - ၅၃၀၀၀ မှ ၅၅၀၀၀ ကျပ်
ဆန်(ပေါ်ဆန်းနယ်စုံသစ်) (သ) - ၅၀၀၀၀ မှ ၅၂၀၀၀ ကျပ်
ဆန်(ဧည့်မထ)(သ) - ၃၁၀၀၀ မှ ၃၂၀၀၀ ကျပ်
ဆန်(ငစိန်)(သစ်) - ၃၃၀၀၀ မှ ၃၅၀၀၀ ကျပ်
ဆန်(မြီးဒုံး)(သစ်) - ၄၀၀၀၀ မှ ၄၂၀၀၀ ကျပ်
ဆန်(ရွှေဘိုပေါ်ဆန်း) (သစ်) - ၇၀၀၀၀ မှ ၇၆၀၀၀ ကျပ်
ဆန်(ဧည့်မထ ၂၅%)(သစ်) - ၃၀၅၀၀ မှ ၃၁၀၀၀ ကျပ်
ဆန်(ရက် ၉၀ သစ်ရှယ်) - ၃၄၅၀၀ မှ ၃၆၅၀၀ ကျပ်
ဆန်(သီးထပ်)(သ) - ၃၁၂၀၀ မှ ၃၃၀၀၀ ကျပ်
ကြားပျံရှယ်(သစ်) - ၅၅၀၀၀ မှ ၆၀၀၀၀ ကျပ်
ပေါ်ဆန်းရှယ်(သ) - ၅၀၀၀၀ မှ ၅၃၀၀၀ ကျပ်
တောင်ပျံ(ဖျာပုံ)(သစ်) - ၅၅၀၀၀ မှ ၅၈၀၀၀ ကျပ်
ပေါ်ကျွဲ(ဖျာပုံ)(သစ်) - ၄၁၀၀၀ မှ ၄၄၀၀၀ ကျပ်
တောင်ပျံ(မော်ကျွန်း)(သစ်) - ၅၁၀၀၀ မှ ၅၃၀၀၀ ကျပ်
ပေါ်ကျွဲ(မော်ကျွန်း)(သ) - ၄၀၀၀၀ မှ ၄၂၀၀၀ ကျပ်
ကြက်သွန်နီဈေးတွေလည်း ထပ်တက်လာပြီး အမျိုးအစားအလိုက် တစ်ပိဿာကို ၁၃၅၀ ကနေ ၁၉၅၀ ကျပ်ထိ ပေါက်ဈေးအသီးသီးရှိနေတာဖြစ်ပါတယ်။
(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လားဗျ
ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....