သစ်သီးများနှင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ အားလုံးတက်
ရန်ကုန်၊ သီရိမင်္ဂလာဈေးမှာတော့ ပြီးခဲ့တဲ့အပတ်သောကြာနေ့ ဇွန် ၁၀ ရက် နဲ့ယှဉ်ရင် ဒီနေ့ ဇွန် ၁၃ ရက်မှာ ဟင်းသီးဟင်းရွက်တွေကော၊ သစ်သီးတွေကော အားလုံးဟာ ဈေးတက်လာတယ်လို့ စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာတဲ့ ဈေးနှုန်းဖော်ပြချက်တွေအရ သိရပါတယ်။
တစ်မျိုးချင်းစီအလိုက်ဆိုရင် အနိမ့်ဆုံး ၁၀၀ ကျပ်ဈေးတက်လာတာဖြစ်ပြီး ခရမ်းချဉ်သီး ဈေးတွေ ဆိုရင်လည်း ၁ သေတ္တာကို ၁၀၀၀ ကျပ်စီ ဈေးတက်လာပါတယ်။
ဈေးမတက်တာ ဘာတစ်ခုမှမရှိဘဲ အနည်းနဲ့အများပဲ ကွာခြားချက်ရှိနေတာဖြစ်ပါတယ်။
ဒီနေ့ ရန်ကုန်၊ သီရိမင်္ဂလာဈေးရဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ဈေးနှုန်းကတော့ အောက်ပါအတိုင်းပဲဖြစ် ပါတယ်။

ဖရဲသီး ၁ လုံး ၂၅၀၀ မှ ၃၀၀၀ ကျပ်
ကျွဲကောသီး ၁ လုံး ၁၆၀၀ မှ ၂၈၀၀ ကျပ်
ဒူးရင်း ၁ လုံး ၄၀၀၀ မှ ၁၀၀၀၀ ကျပ်
သရက်သီး ၁ လုံး ၃၀၀ မှ ၁၆၀၀ ကျပ်
သင်္ဘောသီး ၁ လုံး ၁၈၀၀ မှ ၂၀၀၀ ကျပ်
နာနတ်သီး ၁ လုံး ၁၄၀၀ မှ ၁၆၀၀ ကျပ်
တောင်ငူငှက်ပျော ၁ ဖီး ၁၈၀၀ မှ ၂၆၀၀ ကျပ်
ရွှေငှက်ပျော ၁ ဖီး ၃၀၀၀ မှ ၃၆၀၀ ကျပ်
ရခိုင်ငှက်ပျော ၁ ဖီး ၂၀၀၀ မှ ၂၈၀၀ ကျပ်
ငှက်ပျောသီး ၁ဖီး ၁၈၀၀ မှ ၂၆၀၀ ကျပ်
ပြောင်းဖူး ၁ ဖူး ၁၄၀ မှ ၁၆၀ ကျပ်
ပန်းသီး ၁ ဖာ ၃၅၀၀၀ မှ ၃၇၀၀၀ ကျပ်
မုန်ညှင်းဖြူ (၁ ပိဿာ) ၂၆၀၀ မှ ၂၇၀၀ ကျပ်
ချဉ်ပေါင်ရွက် (၁၀ စီး) ၁၄၀၀ မှ ၁၇၀၀ကျပ်
ပန်းဂေါ်ဖီ (၁ ပွင့်) ၆၀၀ မှ ၈၀၀ ကျပ်
မျှစ် (၁ ပိဿာ) ၁၇၀၀ မှ ၂၀၀၀ ကျပ်
ကွမ်း (၁ ပိဿာ) ၃၅၀၀ မှ ၈၀၀၀ ကျပ်
နံနံပင် (၁ ပိဿာ) ၇၀၀ မှ ၈၀၀ကျပ်
ဂေါ်ဖီ (၁ ထုပ်) ၅၀၀ မှ ၁၀၀၀ ကျပ်
ကန်စွန်းဖြူ (၁၀ စီး) ၁၇၀၀ မှ ၂၇၀၀ ကျပ်
ကင်မွန်းချဉ်ရွက် (၁၀စီး) ၁၂၀၀ မှ ၁၅၀၀ ကျပ်
ဆူးပုတ် (၁၀စီး) ၁၂၀၀ မှ ၁၅၀၀ ကျပ်
ဟင်းနုနွယ် (၁၀စီး) ၁၂၀၀ မှ ၁၅၀၀ ကျပ်
ဂျင်း (၁ ပိဿာ) ၂၇၀၀ မှ ၃၀၀၀ ကျပ်
မုန်လာဥနီ (၁ ပိဿာ) ၂၈၀၀ မှ ၃၅၀၀ ကျပ်
ဘိုစားပဲသီး (၁ ပိဿာ) ၃၀၀၀ မှ ၃၃၀၀ ကျပ်
ရုံးပတီသီး (၁ တောင်း) ၂၈၀၀ မှ ၃၀၀၀ ကျပ်
ခဝဲသီး (၁၀ လုံး) ၁၆၀၀ မှ ၂၈၀၀ ကျပ်
ခရမ်းသီး (၁၀ လုံး) ၁၆၀၀ မှ ၂၇၀၀ ကျပ်
ကြက်ဟင်းခါးသီး (၁ လုံး) ၃၀၀ မှ ၃၆၀ ကျပ်
ဘူးသီး (၁ လုံး) ၈၀၀ မှ ၁၅၀၀ ကျပ်
ရှောက်သီး (၁၀ လုံး) ၇၀၀၀ မှ ၈၀၀၀ ကျပ်
သခွားသီး (၁၀၀ လုံး) ၇၀၀၀ မှ ၁၃၀၀၀ ကျပ်
သံပုရာသီး (၁၀၀လုံး) ၄၀၀၀ မှ ၈၀၀၀ ကျပ်
ရွှေဖရုံသီး (၁ လုံး) ၁၇၀၀ မှ ၁၈၀၀ ကျပ်
ကျောက်ဖရုံသီး (၁ လုံး) ၁၇၀၀ မှ ၁၈၀၀ကျပ်
ဂေါ်ရခါးသီး (၁ လုံး) ၃၀၀ မှ ၃၆၀ ကျပ်
ငြုပ်သီး (၁ ပိဿာ) ၁၀၀၀ မှ ၁၅၀၀ ကျပ်
ပဲသီး (၁ စီး) ၆၀၀ မှ ၈၀၀ ကျပ်
ခရမ်းချဉ်သီး (၁ သေတ္တာ) ၂၇၀၀၀ မှ ၂၈၀၀၀ ကျပ်
ဗုံလုံသီး (၁ စီး) ၁၀၀၀ မှ ၁၅၀၀ ကျပ်
မုန်လာဥဖြူ (၁ စီး) ၆၀၀ မှ ၈၀၀ ကျပ်
(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)
နိုင်ငံတစ်ဝန်း စပါး၊ ဆန်၊ ပဲများအပါအဝင် သီးနှံမျိုးစုံဈေးနှုန်းများကို သိလိုပါက အစိမ်းရောင်လမ်း App ရှိ နေ့စဉ်ဈေးနှုန်းများကဏ္ဍထဲတွင် သက်ဆိုင်ရာမြို့နယ်တစ်ခုချင်းစီအလိုက် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Kolinn
လွန်ခဲ့သော ၄ နှစ် ကရှမ်းတောင်မှာတော့ရန်ကုန်ဆိုဒ်300ကိုအနိုင်နိုင်ရောင်းနေရ လက်ကားလိုချင်မှာယူနိုင်ပါတယ်
ဆက်စပ်မေးခွန်းများ
ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လားဗျ
ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....