ဒေသခံအဏုဇီဝများ စုဆောင်းခြင်း
နည်းလမ်း (၁)
စိုက်ရေးပျိုးရေးလောကမှ တစ်ခါတစ်လေကျတော့ ကိုယ့်ကို ကူမဲ့ကယ်မဲ့သူတွေ ရှိနေတယ်ဆိုရင် အားကိုးရမှာပေါ့။ ဘယ်လိုအားကိုးရမလဲဆိုတာကို အောက်မှာ ဆက်ပြောပြထားပါတယ်နော်။ တစ်ချက်လေး စောင်းငဲ့ကြည့်လိုက်ပါဦး။
IMO ဆိုတာ ဘာလဲ
Indigenous Microorganisms တွေကို ဆိုလိုပါတယ်။ မြန်မာလိုဆိုရင်တော့ ဒေသခံအဏုဇီဝတွေကို ဆိုလိုတာဖြစ်ပါတယ်။ သဘာဝနည်းလမ်းတိုင်းအရ စိုက်မယ်ပျိုးမယ်ဆိုရင် ဒေသခံတွေလည်း ပါရမယ်လေနော်။ ဘယ်လိုပဲ မျိုးသစ်တွေပေါ်ပေါ် ဒေသခံမျိုးတွေက အကောင်းဆုံးဆိုတော့ သီးနှံစိုက်တာပဲဖြစ်ဖြစ် မြေပြင်တာပဲဖြစ်ဖြစ် ဒေသခံအဏုဇီဝတွေကို သုံးလိုက်တာ အကောင်းဆုံးပါပဲ။
အကျိုးပြုတဲ့သက်ရှိတွေဆိုတာ အကောင်ကြီးမှအစွမ်းထက်တာ မဟုတ်ပါဘူးလေ။ ဘယ်လောက်သေးသေး ကိုယ့်ကိုအကျိုးပြုတယ်ဆိုရင် ကိုယ်မလုပ်နိုင်တာတွေ လုပ်ပေးတယ်ဆိုရင် ဒါ...အကျိုးပြုတဲ့ ကျေးဇူးတင်စရာအကောင်လေးတွေပါပဲ။ အဲ့တော့ သူတို့ကိုထုတ်ယူမယ်။ ပွားများလာအောင်လုပ်ပေးမယ်။ ကိုယ့်စိုက်ခင်းထဲမှာ အသုံးပြန်ချမယ်ဆိုရင် သူ့အတွက်လည်းအကျိုးရှိ ကိုယ်လည်း အကျိုးဖြစ်ထွန်းမဲ့ အခြေအနေဆိုတော့ ကောင်းတာလေးတွေလုပ်ကြရအောင်။
ကဲ ကဲ ထုတ်မယ် ထုတ်မယ်.....ဘာတွေလိုအပ်တာလဲဆိုရင်
(၁) သစ်သားသတ္တာ (အမှန်တော့ လေးထောင့်ခွက်ပါပဲ။ သဘာဝကနေ လုပ်ထားတာတော့ဖြစ်ရမယ်နော်။) (အလျား- ၁၂ လက်မ၊ အနံက - ၈ လက်မနဲ့ အမြင့်က - ၄ လက်မ ရှိရမယ်။ သစ်သားပြားအထူက လက်မဝက် ဖြစ်ရင် အိုကေပြီပေါ့)
(၂) ထမင်း (မာမာလေးချက်ထားတာက ပိုပြီးတော့ အကျိုးရှိပါတယ်တဲ့)
(၃) သားရေပြား (ပိုက်တွေစည်းတဲ့ စက်ဘီးတာယာဆိုရင်ရပါတယ်)
(၄) အပေါက်ပါတဲ့စက္ကူ (ပုဝါလည်းရပါတယ်၊ စက္ကူကို အပေါက်လေးတွေဖောက်လိုက်လည်း ရတယ်။ ရာသီဥတုအခြေအနေကိုကြည့်ပြီးတော့ သုံးသင့်တာလေး ချိန်ဆနိုင်ပါတယ်။ သတင်းစာစက္ကူတော့ သုံးလို့မရပါဘူး)
(၅) ထည့်စရာ ခွက်
(၆) သကြားညို
(၇) ဖန်ကရား သို့မဟုတ် မြေအိုး
လိုတာတွေစုပြီးရင် ကွင်းထဲကိုသွားစုကြမယ်လေ.......
အဆင့် (၁)။ ။ သစ်သား သေတ္တာဘောက်ထဲကို ချက်ထားတဲ့ ထမင်းတွေကိုထည့်။ သစ်သားဘောက်က အမြင့်က (၄)လက်မ ဆိုတော့ ထမင်းက (၃) လက်မ လောက်ပဲထည့်ပါ။ တစ်လက်မချန်ထားရမယ်။ ထည့်တဲ့နေရာမှာလည်း တစ်အားကြီး ဖိသိပ်ပြီးမထည့်ရပါဘူး။ လေရအောင် ချန်ထားပေးရမှာပါ။ အဲ့တော့မှ လေလည်းရ စားစရာလည်းရှိတဲ့ သစ်သားခွက်ကလေးက အကျိုးပြုအဏုဇီဝတွေကို ဆွဲဆောင်နေရော..
အဆင့်(၂)။ ။ နောက်ပြီးတော့ စက္ကူနဲ့ အပေါ်ကိုပိတ်ပြီး သားရေကွင်းနဲ့ စည်းပေးလိုက်ပါ။
အဆင့် (၃)။ ။ မြေနေရာရွေးမယ်ဆိုရင် သစ်တောမြေလိုမျိုး အဏုဇီဝတွေများတဲ့မြေကြီးကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အရွက်ကနေ မှိုလေးတွေထွက်နေတဲ့နေရာကို ကြည့်ပြီးတော ရွေးလိုက်လို့ရပါတယ်။ အဲ့မြေနေရာကို ရောက်အောင်သွား ပြီးတော့ မြေကြီးကို သစ်သားခွက်အတိုင်းအတာနဲ့ (၁၂)လက်မ၊ (၈)လက်မ အတိုင်း အနက်ကိုတော့ (၂) လက်မပဲ တူးပေးရမယ်။
အဆင့် (၄)။ ။ တူးပြီးရင် အဲ့အကွက်လေးထဲမှာ ထမင်းခွက်ကိုထည့်ပြီးတော့ သစ်ရွက်လေးတွေနဲ့ပါ ပြန်ဖုံးပေးခဲ့လိုက်ပါ။ မိုးကြီးတတ်တယ်ဆိုရင် ပလတ်စတစ်ဖုံးပေးလည်းရပါတယ်။
အဆင့် (၅)။ ။ (၃) ရက်လောက် ကြာပြီးတဲ့နောက်မှာတော့ ထည့်ထားတဲ့ထမင်းတွေမှာ အကျိုးပြုအဏုဇီဝသက်ရှိတွေ ကပ်တွယ်နေပြီဖြစ်ပါတယ်။ အဲ့ဒါတွေကို ယူပြီးတော့ မြေအိုး ဒါမှမဟုတ် ဖန်ကရားထဲကို ပြောင်းပြီးတော့ ထည့်ပေးလိုက်လို့ရပါတယ်။ အဲ့ဒါကို အမှတ်စဉ်လိုက် တပ်ခေါ်ရင်တော့ ဒေသခံအဏုဇီဝ သက်ရှိ (၁) လို့ခေါ်ပါတယ်။
အဆင့်(၆)။ ။ အဲ့ အမှတ်စဉ် (၁) ကို သကြားညိုနဲ့ ဆတူရောပေးလိုက်ရင် (ဒေသခံအဏုဇီဝ သက်ရှိ (၁) – (၅၀)သားကို သကြား (၅၀) သား နဲ့ရောတာကိုဆိုလိုပါတယ်) ဒေသခံအဏုဇီဝ သက်ရှိ (၂) ဖြစ်သွားပါတယ်။
အဆင့် (၇)။ ။ ရောတာတွေအကုန်က မြေအိုးထဲမှာလုပ်ပါနော်။ ပြီးရင် စက္ကူနဲ့ သားရေကွင်း/ကြိုးတို့ကိုသုံးပြီးတော့ ပိတ်သိမ်းထားနိုင်ပါတယ်နော်။
နောက်တစ်ဆင့်အနေနဲ့ ဆက်ပြီးတော့ လုပ်ကြတာပေါ့။ လိုအပ်တဲ့ပစ္စည်းတွေကို တစ်ချက်စုကြရအောင်
(၁) ရေ
(၂) ဖွဲ
(၃) ကောက်ရိုး
(၄) ဒေသခံအနုဇီဝ သက်ရှိ (၂)
အကုန်လုံးကို နေရောင်ခြည် တိုက်ရိုက်မရနိုင်တဲ့နေရာမှာ လုပ်ပေးပါ။
(၁) ရေအဆ (၁၀၀၀) နဲ့ ဒေသခံအဏုဇီဝ သက်ရှိ (၂)ကို ရောစပ်လိုက်ပါ။ ဖွဲနု နဲ့လည်း တူတူပါပဲ။ အဆ (၁၀၀၀) ရောပါနော်။
(၂) ရောပြီး စပ်ပြီးရင်တော့ မြေကြီးပေါ်မှာ ပုံပေးရမှာပါ။ အမြင့်က (၃၀) စင်တီမီတာ (၁ပေ) ကနေ (၄၀) စင်တီမီတာ ((၁)ပေနဲ့ (၄)လက်မ) လောက်ကို ပုံပေးရပါမယ်။
(၃) ကောက်ရိုးနဲ့ ဖုံးထားပြီးတော့ အပူချိန်ကို (၅၀) ဒီဂရီစင်တီဂရိတ် လောက် ထိန်းထားပေးပါ။ အဲ့လိုထိန်းဖို့ဆိုရင် (၂) ရက်ကို တစ်ခါလောက် ဖွင့်ပေးရမှာဖြစ်ပါတယ်။
(၄) (၅) ရက်ကနေ (၇) ရက်လောက်ကြာတဲ့အခါ သူတို့ မျက်နှာပြင်လေးတွေမှာ အဖြူဖတ်တွေဖြစ်လာမှာကို တွေ့ရပါတယ်။ အဲ့အဆင့်ကိုတော့ ဒေသခံအဏုဇီဝ သက်ရှိ (၃) လို့ခေါ်ပါတယ်။
အဲ့ ဒေသခံအဏုဇီဝ သက်ရှိ (၃) ကို မြေကြီး ဆတူ( စိုက်ခင်းမြေတစ်ဝက်၊ မြေနီ တစ်ဝက်) နဲ့ ပေါင်းပြီးတော့ မြေကြီးပေါ်မှာ ၂၀ စင်တီမီတာလောက် ပုံပြီးတော့ (၂) ရက်လောက်ထားပြီး စိုက်ခင်းထဲ ထည့်လို့ရပါ့ပီ။ ဒါကတော့ ဒေသခံအဏုဇီဝ သက်ရှိ (၄) ပါ။ ဒေသခံအဏုဇီဝ သက်ရှိ (၁)၊ ဒေသခံအဏုဇီဝ သက်ရှိ (၂)၊ ဒေသခံအဏုဇီဝ သက်ရှိ (၃) နဲ့ ဒေသခံအဏုဇီဝ သက်ရှိ (၄) တွေကို အဆင့်တိုင်းမှာ မြေထဲကိုထည့်ပေးလို့ရပါတယ်။ ပိုမိုပွားလာအောင်လုပ်ပေးတဲ့ အဆင့်ကိုပဲ ပြောပြပေးတာပါ။ သတိထားရမှာကတော့ သဘာဝကျကျ စိုက်ပျိးမွေးမြူရေးနည်းလမ်းမှာ လုပ်တဲ့နည်းလမ်းတွေမှာ အဆ (၁၀၀၀) ပဲ ရောရပါတယ်။ အကုန်လုံး အဆင်ပြေကြပါစေ။
ထွန်းဝင်းကျော်
Reference: Cho’s Global Natural Farming Pdf
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ဒေသခံအဏုဇီဝ (IMO)
Mg aung pu
လွန်ခဲ့သော ၇ လ ကကျတော်တွက်ဖို့မလွယ်ဘူးဖြစ်နေတယ်ဗျာ
ဒေါ်သက်သက်ခိုင်
လွန်ခဲ့သော ၅ နှစ် ကအဆ၁၀၀၀ဆိုတာဘယ်လိုတွက်ရပါ့မလဲ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 0 ခု
မဂ်လာပါEM ၁လီတာဗူးကို ၁ဧက အတွက်အကုန်သုံးရမှာလာ ဆေးပုံးတစ်ပုံးကိုဘယ်လောက်ဖျန်းရမလဲဖြေကြားပေးပါ။
bominthu • ဖြေကြားချက် 1 ခု
အိမ်စားဖို့ ဆလပ်ရွက် ၊ ပူစီနံ ၊ ကိုက်လန်၊ ကန်စွန်း၊နံနံ ၊ အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်လေးတွေ ပျိုးထားပါတယ်။ စိုက်ပျိုးဖို့မြေက အဆင်ပြေရဲ့လား ဘာထည့်ပေးရဦးမလဲ သိချင်လို့ပါဆရာ။ မြေကြီးစမ်းသပ်ကြည့်တာကတော့ - အောက်ဆုံးအလွှာ 1.5cm အလယ်အလွှာ 1.4cm အပေါ်ဆုံးအလွှာ 0.6cm စုစုပေါင်းအမြင့် 3.5cm ရှိပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ။
ကို ငယ် • ဖြေကြားချက် 2 ခု
မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ
Hmai OoSwe • ဖြေကြားချက် 2 ခု
ဆရာများအားလုံးမဂ်လာပါ🙏 စပါးပီးရင် မတ်ပဲကိုခုတ်ဖုံးလုပ်ပီးရိုးပြက်တွေကိုEMဖျန်းမယ် တစ်ဧက ကိုဘယ်နှစ်ပုံးဖျန်းရမလဲ အပင်ဖြစ်လာရင် အမိုင်နိုဖျန်းချင်တယ် အပင်ဘယ်အရွယ်မှာဖျန်းရမလဲ ခုလို အသုံးပြုတာအဆင်ပြေမလာ ဖြေကြားပေးပါ။ 🌱
bominthu • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Htunn Winn Kyaw
အားလုံး
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026