ယူကရိန်းစစ်ပွဲဟာ သင့်မနက်စာအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲ?
ယူကရိန်းနဲ့ အဝေးကြီးမှာ ရှိနေတဲ့ နိုင်ငံတွေတောင် မနက်စာ စားချိန်ရောက်တိုင်း အဲဒီကစစ်ပွဲရဲ့ ရိုက်ခတ် သက်ရောက်မှုကို ခံစားကြရပါလိမ့်မယ်။
ကမ္ဘာ့စားသောက်ကုန်လုပ်ငန်းကြီးတွေဟာ ကပ်ရောဂါကြောင့်ဖြစ်တဲ့ ကုန်စည်ရောင်းချမှုကွင်းဆက် (supply chain) ပြဿနာကို နှစ်နှစ်လောက် ကြုံထားရပြီးပြီ။ ဒါကြောင့် စားသောက်ကုန်ဈေး ထပ်တက်တာမျိုးကို ဈေးဝယ်သူတွေ မကြုံရစေဖို့အတွက် သူ့တို့မှာ လုပ်ပေးစရာနည်းလမ်း သိပ်မကျန်တော့ပါဘူး။
ယခု စစ်ဖြစ်နေတဲ့ ပင်လယ်နက်ဒေသဟာ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားပြီးနောက်ပိုင်း နှစ်ပေါင်း သုံးဆယ်အတွင်း ကောက်ပဲသီးနှံတင်သွင်းသူကနေ တင်ပို့သူ ဖြစ်လာခဲ့ပါတယ်။ ရုရှား၊ ယူကရိန်းတို့ဟာ ကမ္ဘာ့ဂျုံ ကုန်သွယ်မှုရဲ့ သုံးပုံတစ်ပုံကိုလည်းကောင်း၊ မုယောစပါး လေးပုံတစ်ပုံကိုလည်းကောင်း၊ နေကြာဆီ လေးပုံသုံးပုံ နီးပါးကိုလည်းကောင်း တင်ပို့ရောင်းချပေးနေတယ်လို့ နိုင်ငံတကာအစားအသောက်မူဝါဒသုတေသနအဖွဲ့ (IFPRI) က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေကြောင့် ယူကရိန်းနိုင်ငံက ကုန်ပို့ဆိပ်ကမ်းတွေ ထိခိုက်တာမျိုး၊ သီးနှံစိုက်ပျိုးမှုနဲ့ ရိတ်သိမ်းမှုတွေ မလုပ်နိုင်တာမျိုး ဖြစ်လာခဲ့မယ်ဆိုရင် ယူကရိန်းရဲ့ သီးနှံတင်ပို့ရောင်းချမှု အလျင်ပြတ်သွားနိုင်ပါတယ်။ အရှေ့ အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းက နိုင်ငံတွေဟာ ယူကရိန်းဆီက သီးနှံအများအပြား ဝယ်ယူတင်သွင်း နေတာကြောင့် သူတို့အပေါ် သက်ရောက်မှုအများဆုံး ဖြစ်လာနိုင်ပါတယ်။ ဥရောပသမဂ္ဂက စားသောက်ကုန်စည် စုစုပေါင်းတင်သွင်းမှုရဲ့ ၆ ဒသမ ၅ ရာခိုင်နှုန်းကို ယူကရိန်းနဲ့ ရုရှားတို့ဆီကနေ ဝယ်ယူနေတာပါ။ အမေရိကား ကတော့ အဆိုပါနှစ်နိုင်ငံနဲ့ စားသောက်ကုန်စည် တိုက်ရိုက်ကုန်သွယ်မှု နည်းပါးပါတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာ့ ကုန်စည်ဈေးကွက်အပေါ် သက်ရောက်မှုကိုတော့ အမေရိကားလည်း ခံစားရမှာပါပဲ။
သီးနှံရောင်းလိုအား မသေချာမရေရာမှုဟာ ကောက်ပဲသီးနှံကြိုပွိုင့်ဈေးတွေကို မြင့်တက်စေနှင့်ပါပြီ။ ယူကရိန်း ကနေ မနှစ်က စိုက်ပျိုးထုတ်လုပ်ခဲ့တဲ့ ဂျုံ ၈၀ ရာခိုင်နှုန်းဝန်းကျင်ကို တင်ပို့ပြီးဖြစ်ကာ နောက်ထပ် သီးနှံသစ် စိုက်ပျိုးပြီးပြီးလို့ IFPRI က ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ယခု နွေဦးရာသီမှာ စတင်မဲ့ ပြောင်းလိုမျိုး သီးနှံတွေ စိုက်ပျိုးရေးနဲ့ ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းက စိုက်ခဲ့တဲ့ ဂျုံသီးနှံ ရိတ်သိမ်းရေးဟာ စစ်ပွဲကြောင့် ကမောက်ကမ ဖြစ်လာနိုင်ပါတယ်။
Nestle နဲ့ Kellogg's တို့လိုမျိုး စားသောက်ကုန်ထုတ်လုပ်ငန်းကြီးတွေအနေနဲ့ လိုအပ်တဲ့ ဂျုံကို အခြားနေရာကနေ ရှာလို့ရနိုင်လောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာတစ်ဝန်းက လယ်သမားတွေဟာ ဂျုံဈေးကောင်းနေ တာကြောင့် ဂျုံကို ပိုစိုက်ထားကြလို့ပါ။ အမေရိကားမှာဆိုရင် ဆောင်းဂျုံစိုက်ပျိုးမှု ဧကဟာ ခြောက်နှစ်အတွင်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကောက်ပဲသီးနှံရောင်းလိုအားဟာ လျော့နည်းနေဆဲပါပဲ။ ကမ္ဘာ့နှံစားသီးနှံ ကုန်လက်ကျန်စာရင်းနဲ့ တစ်နှစ်တာလိုအပ်ချက် အချိုးဟာ ယခုနှစ်မှာ ၂၈ ဒသမ ၇ ရာခိုင်နှုန်း ရှိနိုင်မယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ခန့်မှန်းထားပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်အကြာ တုန်းက ၃၁ ဒသမ ၉ ရာခိုင်နှုန်း ရှိရာကနေ ကျဆင်းလာတာပါ။ နောက်ပြီး ယူကရိန်းက အများအပြား ထုတ်လုပ် နေတဲ့ ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းဟာ ရုရှားကျူးကျော်မှု မစတင်မီကတည်းက စံချိန်တင်နှုန်းအထိ မြင့်တက်နှင့်ပြီးဖြစ်ပါတယ်။
ကောက်ပဲသီးနှံကနေ ထုတ်လုပ်ရတဲ့ ပေါင်မုန့်တို့၊ ကွေကာအုပ်တို့ဟာ စူပါမားကတ်တွေပေါ်မှာ ဈေးပိုကြီးလာ နိုင်ပါတယ်။ သီးနှံဈေး တက်လာတာဟာ တိရစ္ဆာန်စာစရိတ် ပိုမြင့်လာစေမှာ ဖြစ်တာကြောင့် အသားဈေး အပေါ်မှာပါ သက်ရောက်လာပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အမဲသားလက်ကားဈေးနှုန်းဟာ ၂၀၂၂ ခုနှစ်အတွင်း ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်တယ်လို့ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနက ကျူးကျော်စစ် မစတင်ခင်ကတည်းက ခန့်မှန်းထားပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများစွာမှာရှိတဲ့ စားသုံးသူတွေဟာလည်း ယခုနှစ်အတွင်း စားသောက်ကုန်ဈေး မြင့်တက်မှုနှုန်းကို ရာခိုင်နှုန်း ဆယ်ဂဏန်းအထိ ရင်ဆိုင်ထားရပြီး ဖြစ်ပါတယ်။
လက်ရှိအချိန်အထိတော့ အနောက်နိုင်ငံတွေဟာ ရုရှားရဲ့ စွမ်းအင်ကဏ္ဍအပေါ် ပိတ်ဆို့မှု မလုပ်သေးဘဲ လက်ရှောင်ထားပါတယ်။ တကယ်လို့ အဲဒီမူဝါဒသာ ပြောင်းသွားခဲ့ရင် ဓာတ်မြေသြဇာ ထုတ်လုပ်ရာမှာ အဓိကသွင်းအားစု ဖြစ်တဲ့ သဘာဝဓာတ်ငွေ့ဈေးတွေ ကြီးမြင့်လာမယ်။ ဒီကတစ်ဆင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုနဲ့ ကောက်ပဲသီးနှံ ဝယ်ယူမှုစရိတ်စကတွေ ပိုကြီးမြင့်လာနိုင်ပါတယ်။
စားသောက်ကုန် ကုမ္ပဏီကြီးတွေဟာ လွန်ခဲ့တဲ့နှစ်နှစ်အကြာကစပြီး ကပ်ရောဂါကြောင့်ဖြစ်တဲ့ ကုန်စည်ရောင်းချမှု ကွင်းဆက်ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။ ဒီအတွေ့အကြုံတွေ ရှိထားတာကြောင့် နောက်ထပ် အဟန့်အတားသစ်တစ်ခု ဖြစ်လာခဲ့ရင်တောင် သူတို့ ဖြေရှင်းနိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ လုပ်သားစရိတ်၊ သယ်ယူ ပို့ဆောင်ရေးစရိတ်၊ ထုပ်ပိုးစရိတ် စတာတွေ မြင့်တက်မှုကို သုံးလပတ်ပေါင်း များစွာ ကြုံလာခဲ့ရတဲ့အတွက် ကုမ္ပဏီကြီးတွေအနေနဲ့ ဝယ်ယူသူတွေ ဈေးအတက် ထပ်မကြုံရအောင် လုပ်ပေးနိုင်စွမ်းကတော့ နည်းနေပြီ ဖြစ်ပါတယ်။ ယူကရိန်းမှာ ဖြစ်နေတဲ့ ပဋိပက္ခ အလျင်အမြန် အကင်းမသေဘူးဆိုရင် စူပါမားကတ်တွေမှာ ဈေးလာဝယ်သူတွေဟာ သြချယူရလောက်တဲ့ ဈေးနှုန်းတွေကို နောက်ထပ်တစ်ချီ ထပ်မံ ကြုံကြရဖို့ ရှိပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: How War in Ukraine Could Feed Through to Breakfast – WSJ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023