ဓာတ်မြေဩဇာ အသုံးပြုမှုကို လျှော့ချပေးနိုင်သော အထူးပြုပြင်ထားသည့် ဘက်တီးရီးယားများ
ကမ္ဘာတစ်ဝန်းရှိ သီးနှံစိုက်ခင်းများဟာ အထွက်နှုန်းတိုးစေရန်အတွက် ဓာတုနိုက်ထရိုဂျင် မြေဩဇာများအပေါ် မှာ မှီခိုနေကြတာပဲ ဖြစ်ပါတယ်။ သို့ပေမဲ့ အဆိုပါဓာတုပစ္စည်းများ ထုတ်လုပ်အသုံးပြုခြင်းကြောင့် နှစ်စဉ် ဖန်လုံအိမ်ဓာတ်ငွေ့ တန်ချိန် ဘီလီယံပေါင်းများစွာ ထွက်ရှိနေပါတယ်။ ယခုအခါမှာတော့ သိပ္ပံပညာရှင်တွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးသော အစားထိုးနည်းလမ်းတစ်ခုဖြစ်သည့် ဇီဝနည်းပညာဖြင့် အထူးပြုပြင်ထားသော ဘက်တီးရီးယားများ (Bioengineered bacteria) ကို အောင်မြင်စွာ တီထွင်စမ်းသပ်နိုင်ရန် လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။
အဆိုပါနည်းလမ်းဟာ လေထုထဲမှနိုက်ထရိုဂျင်ကို အပင်များစုပ်ယူနိုင်သော အာဟာရပုံစံအဖြစ် ပြောင်းလဲပေးပြီး အပင်များ (ပဲမျိုးရင်းဝင်အပင်များ) ကို ထောက်ပံ့ပေးနိုင်သည့် သဘာဝဘက်တီးရီးယားများရဲ့ လုပ်ဆောင်ပုံကို အတုယူထားတာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ သဘာဝအကျိုးပြု မိတ်ဖက်ပိုးမွှားမရှိသော ပြောင်းနဲ့ ဂျုံကဲ့သို့ စားနပ်ရိက္ခာအတွက် အရေးပါသော သီးနှံပင်များအတွက် နိုက်ထရိုဂျင် ဖမ်းယူထောက်ပံ့ပေးနိုင်ရန် ဘက်တီးရီးယားများရဲ့ မျိုးဗီဇလက္ခဏာများကို အထူးပြုပြင်ဖန်တီးနေကြတာ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၁၀ ရက်နေ့ထုတ် Nature Biotechnology ဂျာနယ်မှာ ဖော်ပြခဲ့သော သုံးသပ်ချက်အရ ဇီဝနည်းပညာဖြင့် အထူးပြုပြင်ထားသော ဘက်တီးရီးယားများဟာ ဓာတုမြေဩဇာအသုံးပြုမှုရဲ့ တစ်ဝက်ခန့်အထိ အစားထိုးလာနိုင်ခြေရှိကြောင်း သုတေသီများက ခန့်မှန်းထားကြပါတယ်။ အဆိုပါ ဘက်တီးရီးယားများဟာ ဓာတုမြေဩဇာများထက် အပင်ရဲ့အမြစ်များဆီသို့ နိုက်ထရိုဂျင်ဓာတ်ကို ပိုမိုထိရောက်စွာ ပို့ဆောင်ပေးနိုင်တာကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနဲ့ ရေလမ်းကြောင်းများအတွင်း နိုက်ထရိုဂျင်ဓာတ် ညစ်ညမ်းမှုတို့ကို လျှော့ချပေးနိုင်မှာလည်း ဖြစ်ပါတယ်။ သို့ပေမဲ့ အဆိုပါအဆင့်သို့ ရောက်ရှိရန်အတွက် အကျိုးပြုပိုးမွှား မျိုးစိတ်အမျိုးမျိုး အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်စေရန် ဖန်တီးခြင်းမှသည် သီးနှံစိုက်ခင်းအတွင်း စနစ်တကျလက်တွေ့စမ်းသပ်ခြင်းများအထိ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုများစွာ လိုအပ်နေသေးကြောင်းလည်း ဖော်ပြထားပါတယ်။အဆိုပါ "ဇီဝမြေဩဇာ" (Biofertilizers) အချို့မှာ ဗိုင်းရပ်စ် သို့မဟုတ် အခြားဘက်တီးရီးယား မျိုးစိတ်များမှ မျိုးဗီဇအပိုင်းအစများကို ထည့်သွင်းပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဆိုလိုတာက ထိုကဲ့သို့ အထူးပြုပြင်ထားသော အကျိုးပြုပိုးမွှားများဟာ အခြားမျိုးစိတ်များရဲ့ မျိုးရိုးဗီဇ (DNA) ကို ထည့်သွင်းပြောင်းလဲထားသော မျိုးဗီဇပြုပြင်ထားသောသက်ရှိများ (Transgenic) အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါ ဘက်တီးရီးယားများကို အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းဒေသရှိ ပြောင်းစိုက်ခင်းအချို့မှာ စမ်းသပ်အသုံးပြုလျက် ရှိပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ကားလို့စ်မြို့ရှိ Switch Bioworks ကုမ္ပဏီမှ တီထွင်ထုတ်လုပ်ထားသော အဆိုပါ ဘက်တီးရီးယားများဟာ နိုင်ငံအတွင်းရှိ စိုက်ခင်းများမှာ လက်တွေ့စမ်းသပ်ရန် တရားဝင်ခွင့်ပြုချက် ရရှိထားသည့် ပထမဆုံးသော မျိုးဗီဇပြုပြင်ထားသည့် ဇီဝမြေဩဇာနမူနာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာပဲ Switch Bioworks ကုမ္ပဏီဟာ ဘရာဇီးနိုင်ငံ ဇီဝလုံခြုံရေးဆိုင်ရာ အမျိုးသားနည်းပညာကော်မရှင် (CNTBio) ထံမှ ၎င်းတို့ရဲ့ ဘက်တီးရီးယား မျိုးကွဲများကို ဘရာဇီးနိုင်ငံမှာ စမ်းသပ်ဖို့ရာ ခွင့်ပြုချက်ရရှိခဲ့ပါတယ်။ Campinas မြို့ရှိ CNTBio ရဲ့ ဥက္ကဋ္ဌဖြစ်သူ မော်လီကျူး ဇီဝဗေဒပညာရှင် Mario Murakami က ယခုကဲ့သို့ မျိုးဗီဇပြုပြင်ထားသော ဘက်တီးရီးယား (Transgenic bacterium) တစ်မျိုးကို ဘရာဇီးနိုင်ငံအတွင်းရှိ စိုက်ခင်းမှာ စမ်းသပ်ခွင့်ပြုလိုက်ခြင်းဟာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မျိုးဗီဇပြုပြင်ထားသော အဏုဇီဝပိုးမွှားများကို ဖန်တီးခြင်းထက် ဘက်တီးရီးယား မျိုးဗီဇများကို တိုက်ရိုက်ပြုပြင်ခြင်း (gene editing) အပေါ် အဓိကထားလုပ်ဆောင်နေသော ကုမ္ပဏီများဟာ အတော်လေး ခရီးရောက်ရှိနေပြီ ဖြစ်ပါတယ်။ မင်နီဆိုးတားပြည်နယ်၊ မင်နီပိုလစ်စစ်မြို့ရှိ Pivot Bio ကုမ္ပဏီဟာ ၎င်းတို့ရဲ့ မျိုးဗီဇပြုပြင်ထားသော ဇီဝမြေဩဇာများကို လွန်ခဲ့သောဆယ်စုနှစ်အတွင်းကပင် အမေရိကန်နိုင်ငံရှိ စိုက်ပျိုးမြေ ဟက်တာ သန်းပေါင်းများစွာအပေါ် မှာ အသုံးပြုခဲ့ပြီးဖြစ်ကြောင်း ကုမ္ပဏီရဲ့ နည်းပညာအရာရှိချုပ် Travis Frey က ပြောကြားခဲ့ပါတယ်။ ထို့အပြင် Pivot Bio ကုမ္ပဏီရဲ့ ထုတ်ကုန်အချို့ကို ကနေဒါ၊ အာဂျင်တီးနား၊ ကင်ညာနဲ့ ဘရာဇီးနိုင်ငံတို့မှာလည်း စမ်းသပ်အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။

အာဟာရဓာတ်လိုချင်သော အဏုဇီဝပိုးမွှားများ (Greedy microbes)
အပင်အများစုဟာ လေထုထဲမှာရှိနေသော နိုက်ထရိုဂျင်ပုံစံကို တိုက်ရိုက် အသုံးမပြုနိုင်ကြပါဘူး။ သို့ပေမဲ့ ပဲပုပ်နဲ့ မြေပဲကဲ့သို့ ပဲမျိုးရင်းဝင်အပင်များကတော့ လေထုထဲမှနိုက်ထရိုဂျင်ကို အပင်အသုံးပြုနိုင်သော ပုံစံသို့ ပြောင်းလဲပေးနိုင်သည့် ဘက်တီးရီးယားများနဲ့အတူ တွဲဖက်နေထိုင်ကြတာ ဖြစ်ပါတယ်။ အပင်ဟာ ဘက်တီးရီးယားများ ဖမ်းယူပေးသော နိုက်ထရိုဂျင်ကို စုပ်ယူစားသုံးပြီး ဘက်တီးရီးယားများ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးသော ကာဗွန်ဓာတ်ကို (Carbon) ကို ပြန်လည်ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ သို့ပေမဲ့ စားနပ်ရိက္ခာအတွက် အရေးပါသော သီးနှံအများစုမှာတော့ ထိုကဲ့သို့ အကျိုးပြု အဏုဇီဝမိတ်ဖက်တွေ မရှိကြပါဘူး။ ထို့ကြောင့် တောင်သူများဟာ ဓာတုနိုက်ထရိုဂျင် ဓာတ်မြေဩဇာများကို အဓိက မှီခိုအားထားနေကြရတာ ဖြစ်ပါတယ်။ အဆိုပါ ဓာတုမြေဩဇာများဟာ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၅ ရာခိုင်နှုန်းအထိ သက်ရောက်မှုရှိနေပြီး ရေလမ်းကြောင်းများအတွင်း အန္တရာယ်ရှိသော အာဟာရဓာတ် ညစ်ညမ်းမှုများကိုလည်း ဖြစ်ပွားစေပါတယ်။
သုတေသီများဟာ အဓိကကျသော စားနပ်ရိက္ခာသီးနှံများအတွက် နိုက်ထရိုဂျင်ဖမ်းယူပေးနိုင်သော ဘက်တီးရီးယားများ ဖန်တီးဖို့ရာ ဆယ်စုနှစ်များစွာကြာအောင် ကြိုးပမ်းခဲ့ကြရတာ ဖြစ်ပါတယ်။ မကြာသေးမီ အချိန်များအထိ အသုံးပြုခဲ့ကြသော နည်းလမ်းတွေကတော့ မြေဆီလွှာမှ သဘာဝနိုက်ထရိုဂျင်ဖမ်းယူပေးသော ဘက်တီးရီးယားမျိုးကွဲများကို စုဆောင်းပြီးနောက် မျိုးစေ့များတွင် လိမ်းကျံပေးခြင်း (သို့မဟုတ်) အပင်များပေါ်သို့ ဖျန်းပေးခြင်းတို့ ဖြစ်ပါတယ်။ ဝစ္စကွန်စင်-မက်ဒီဆင် တက္ကသိုလ် (University of Wisconsin–Madison) မှ အဏုဇီဝမြေဩဇာများကို လေ့လာစမ်းသပ်နေသော ဇီဝအင်ဂျင်နီယာ Jean-Michel Ané က "အဆိုပါနည်းလမ်းတွေက အလုပ်မဖြစ်ပါဘူး" လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သဘာဝအလျောက် ရှိနေသော အဏုဇီဝပိုးမွှားများဟာ ၎င်းတို့အား ကာဗွန်ဓာတ် ပြန်လည်မထောက်ပံ့နိုင်သော သီးနှံပင်များပေါ်မှာ အသုံးပြုလိုက်တဲ့အခါ ကောင်းစွာ ရှင်သန်ပွားများနိုင်ခြင်း မရှိကြတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုးကားလင့်ခ်>>> https://www.nature.com/articles/d41586-026-03641-8
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသတင်း
ဆက်စပ်ဆောင်းပါးများ
ရေငတ်သီးနှံ မရှိစေရ - ၁၆ နှစ်အရွယ် တောင်အာဖရိက ကျောင်းသူလေးရဲ့တီထွင်မှု
ဂျပန်နိုင်ငံ၏ တန်ဖိုးအကြီးဆုံး သီးနှံမျိုးများ ခိုးယူစိုက်ပျိုးခံနေရ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
ဆက်စပ်မေးခွန်းများ
ပုံပါဆေးသုံးမျိုးရောဖြန်းလို့ ရလား ဆရာတို့ အပင်တွေ အမြစ်ပုပ်ပုပ်ပြီး အကွက်လိုက်သေနေလို့ ပိုးတွေလဲကျနေလို့
Hlaing Min Tun • ဖြေကြားချက် 1 ခု
လယ်ပဲခုအချိန်မှကြဲရင်နောက်ကြနေပြီလားခင်ဗျကျောက်မှုန့်ထည့်ရင်အဆင်ပြေလားခင်ဗျဝါးခယ်မနဲ့မတ်ပဲကဲမှာပါ
ဦးဇာနည် • ဖြေကြားချက် 1 ခု
ပဲပုတ်ကိုလယ်ထဲပန့စိုက်လို့အဆင်ပြေလားခင်ဗျဘယ်မျိုးတွေစိုက်သင့်လည်းပြောပြပေးပါခင်ဗျ
ဦးဇာနည် • ဖြေကြားချက် 1 ခု
မတ်ပဲအပွင့်လိုက်တဲ့အချိန်မှာငါးအမိုင်နိုဖျန်းရင်ဘယ်လိုအကျိုးကျေးဇူးရနိုင်လည်းခဗျ ဆိုးကျိုးရောရှိနိုင်လားခဗျ🙏🙏🙏
Nay Min Htet • ဖြေကြားချက် 2 ခု
ထောပတ်ခြံအတွက်ပိုးဆေးတွေညွန်းပေးပါအုံးဆရာခင်ဗျ
ခင်ဇော်ဝင်း • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
နိုဝင်ဘာ ၁၈ မှ ၂၄ ရက်အတွင်း ဖြစ်ပေါ်နိုင်သော မိုးလေဝသအခြေအနေ
17/11/2026
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၇)
17/11/2026
ဗီဒီယို
ကုန်ကျစရိတ်သက်သက်သာနဲ့ နှစ်ပတ်အကြာမှာ စတင်အသုံးပြုနိုင်တဲ့ စူပါဘိုကာရှီ
16/11/2026
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (9-13.10.2026)
16/11/2026
ကြက်သွန်နီဈေး ဆက်တိုက်တက်နေ
15/11/2026
More from ဇင်ထူးနိုင်
အားလုံး
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
အစိုပုပ်ရောဂါ၏ လက္ခဏာများနှင့် သတိပြုဖွယ်ရာများ
22/10/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026