အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
အမျှင်ထွက်သီးနှံအပင်များထဲမှာမှ စားရေး၊ ဝတ်ရေး၊ နေရေး ၃ မျိုးတွင် ဝတ်ရေးအတွက် အရေးအကြီးဆုံး ဖြစ်သော ဝါပင်အကြောင်း ဆက်လက်ဆွေးနွေးပါမည်။ အပိုင်း (၁) ကို မဖတ်ရသေးပါက အောက်ပါလင့်ခ်ကိုနှိပ်ပါ။
(ဂ) ရေစီမံခန့်ခွဲမှုနှင့် အရွက်မျက်နှာပြင်ရှိ စတိုမာတာအပေါက်ငယ် (Stomata) လုပ်ဆောင်ချက်
ဝါ၏ ဇီဝကမ္မလုပ်ဆောင်မှုများသည် အပင်ရေရရှိမှုအပေါ် အလွန်မူတည်သည်။
မိုးခေါင်ချိန်တွင် စတိုမာတာ ပိတ်သွားသည်။ အလင်းဖွဲ့အစာချက်လုပ်မှု (Photosynthesis) ကျဆင်းသည်။ အရွက်အပူချိန် (Leaf temperature) မြင့်တက်သည်။ အသီးတင်နိုင်မှု လျော့နည်းနိုင်ပါသည်။
ရေများလွန်းချိန်တွင် အမြစ်တွင် အောက်ဆီဂျင်လျော့နည်းခြင်း၊ အာဟာရဓာတ် မညီမျှမှု (Nutrient imbalance) ဖြစ်ခြင်း၊ အပင်ရောဂါများတိုးပွားခြင်းတို့ ဖြစ်ပေါ်ပါသည်။
ယနေ့ခေတ်တွင် ရေသုံးစွဲမှုထိရောက်စေရေး၊ မိုးခေါင်ဒဏ်ခံနိုင်သော မျိုးများ မွေးမြူရေး၊ ရာသီဥတုနှင့်လိုက်လျှောညီညွတ်သောစိုက်ပျိုးရေး (Climate-smart irrigation) တို့ကို အထူးအလေးထားလာကြသည်။
(ဆည်ရေများမှ မြောင်းများ၊ ၎င်းတို့မှ ယာခင်းထဲ သမားရိုးကြ ဖောက်ချရေသွင်းခြင်း (Flood Irrigation) နှင့်မြောင်းစနစ်ဖြင့်ရေသွင်းခြင်း (Furrow Irrigation) စသည့် ရေများစွာကုန် လွန်းလှသောရေသွင်း စနစ်များထက် ဝါသီးနှံတွင် ရေဖြန်းရေသွင်းနည်းစနစ် (Sprikler Irrigation)၊ အစက်ချရေသွင်း နည်းစနစ် (Drip Irrigation) များကို သုတေသနအဆင့်မှသည် တောင်သူပညာပေးလုပ်ငန်းအထိ ဆောင်ရွက်သင့်နေပြီ ဖြစ်ပါကြောင်း၊ ဆောင်ရွက်နေပြီဆိုလျှင်လည်း ဝါတောင်သူများ လိုက်ပါဆောင်ရွက်နိုင်အောင်၊ လက်တွေ့ကျအောင် တစ်စိုက်စိုက်မတ်မတ် ဆက်လက်သုတေသနပြုပေးပါဟူ၍ အကြံပြုလိုပါသည်)
|
|
|
ပုံ - ၁ ခေတ်မှီဝါရေသွင်းနည်းစနစ်များ
(ဃ) ပေးပို့လက်ခံ ဆက်နွှယ်မှုများ (Source–Sink Relationship)
ပေးပို့အစိတ်အပိုင်း - အရွက်
လက်ခံအစိတ်အပိုင်း - အပွင့်၊ အသီး
(အနည်းငယ်တော့ ပညာရပ်ဆန်ပါသည်။ ဝါသီးအစိမ်းရောင်ဖြစ်နေသေးပါက ပေးပို့မှု တစ်ပိုင်းဖြစ်ပြီး အမြစ်နုကလေး၊ အမြစ်သစ်များ ဆိုလျှင်လည်း လက်ခံအစိတ်အပိုင်း ဖြစ်နိုင်ပါသည်။)
ဝါအပင်သည် ပင်ပိုင်းဆိုင်ရာကြီးထွားမှု (Vegetative growth) နှင့် မျိုးပွားမှုဆိုင်ရာ ကြီးထွားမှု (Reproductive growth) အကြား မျှတမှု (Balance) ထိန်းညှိပေးရန် အရေးကြီးပါသည်။
နိုက်ထရိုဂျင်များလွန်းခြင်း သို့မဟုတ် မိုးများလွန်းခြင်းကြောင့် အရွက်နှင့် အကိုင်းများကြီးထွားမှု လွန်ကဲခြင်း၊ အသီးရင့်မှည့်မှုနောက်ကျခြင်း၊ ဖျက်ပိုးမွှားများလာနိုင်ခြင်း၊ ဝါအသီးတင်မှုကျဆင်းနိုင်ခြင်းတို့ဖြစ်တတ်သည်။
ပုံ - ၂ ဝါပင် ပေးပို့ လက်ခံခြင်း ဆက်နွှယ်မှုများ
(င) အပူဒဏ်ခံနိုင်မှု (Heat Stress) ဆိုင်ရာ သုတေသန
ယခုအခါ ဝါပင်တွင် အပူဒဏ်ခံနိုင်မှုဆိုင်ရာဇီဝကမ္မဗေဒ (Heat stress physiology) သည် အရေးအကြီးဆုံး သုတေသနကဏ္ဍတစ်ခု ဖြစ်လာပါသည်။
အပူဒဏ်ကြောင့် ဖြစ်ပေါ်မှုများ - ပရိုတိန်း (Protein) ပျက်စီးခြင်း၊ အပင်ဆဲလ်အကာ (Cell membrane) ထိခိုက်ခြင်း၊ အောက်ဆီဂျင်ပြောင်းလဲမှုခံရမှု (Oxidative stress)၊ ကလိုရိုဖီးလ် (Chlorophyll) လုပ်ဆောင်မှုကျဆင်းခြင်း၊ ဝါဂွမ်းမွေးဖွံ့ဖြိုးတိုးတက်မှု (Fiber development) မကောင်းခြင်း တို့ဖြစ်ပေါ်လာပါသည်၊ ထို့ကြောင့် ယနေ့ခေတ် ဝါပင်မွေးမြူရေးအစီအစဉ် (Cotton Breeding programs) များတွင် အပူဒဏ်ခံနိုင်သော ဝါမျိုးများမွေးမြူခြင်း (Heat tolerant varieties)၊ မိုးခေါင်ရေရှားဒါဏ်ခံနိုင်သောဝါမျိုးများ မွေးမြူခြင်း (Drought resistant varieties)၊ သက်တမ်းတိုသောဝါမျိုးများမွေးမြူခြင်း (Early maturing cotton)၊ ရေအသုံးချမှုအစွမ်းထက်သော (Water-use efficiency) မြင့်မားသော ဝါမျိုးများ ကို ကမ္ဘာတစ်လွား သုတေသနပြု၊ ဖွံ့ဖြိုးတိုးတက် အောင် ပြုလုပ် နေကြပါသည်။
မိုးရေလိုအပ်ချက်
ဝါသည် နှစ်စဉ်မိုးရေချိန် ၈၀၀-မီလီမီတာ မှ ၁၂၀၀-မီလီမီတာ (၃၀-၄၅ လက်မခန့်) လိုအပ်သည်။ သို့သော် မိုးရေချိန်ပမာဏ (Amount) ထက် မိုးရွာကျချိန်ဖြန့်ဝေမှု (Distribution) သည် ပိုအရေးကြီး သည်။
အကောင်းဆုံး မိုးရွာပုံ လိုအပ်ချက်မှာ အပင်ကြီးထွားမှုအဆင့် (Vegetative stage) တွင် မိုးအသင့်အတင့်လိုပြီး၊ ပန်းပွင့်ချိန်တွင် မိုးနည်းရပါမည်၊ သီးပွင့်ချိန်နှင့် ရိတ်သိမ်းချိန်တွင် ခြောက်သွေ့မှုရှိသော ရာသီဥတုကို လိုအပ်ပါသည်၊
မိုးများလွန်းပါက အသီးပုပ် (Boll rot)၊ ဝါဂွမ်းမွေးအရည်အသွေး (Fiber quality) ကျဆင်းခြင်းဖြစ်နိုင်ကာ၊ ရောဂါဖြစ်ပွားမှု (Disease incidence) တိုးလာခြင်း ဖြစ်တတ်ပါသည်။
နေရောင်လိုအပ်ချက်
ဝါပင်သည် နေရောင်ချည်လည်းဘဲ အလွန်လိုအပ်သော သီးနှံဖြစ်သည်။
လိုအပ်ချက်များမှာ တောက်ပသောနေရောင်ချည် (Bright sunshine)၊ စိုက်ကွင်းထဲ ရက်ရှည်နေရောင်ချည်ရနေခြင်း၊ တိမ်ထူထပ်မှု (Cloud cover) နည်းခြင်း တို့လိုအပ်ပါသည်၊
နေရောင်ခြည်နည်းပါက ပန်းပွင့်နောက်ကျခြင်း၊ ပန်းပွင့်ကြွေကျခြင်း၊ ဝါသီးဖွံ့ဖြိုးမှု မကောင်းခြင်းတို့ ဖြစ်နိုင်ပါသည်။
အခြားဝါ ဇီဝကမ္မဗေဒသုတေသနများ
(က) ဝါခင်းပတ်ပတ်လည်တွင် ပိုက်များဖြင့် လေထဲကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ဓာတ်ငွေ့လွတ်ပေးခြင်းဖြင့် အပင်အစာချက်မှုတိုးတက်လာစေခြင်း
(အမေရိကန်နှင့်ဩစတေလျှမှာ လေထဲက CO2 ကို ၃၃၀ (330 µmol mol-1) မှ ၅၀၀-၇၀၀ (500-700 µmol mol-1) လောက် လေထဲတိုးပေးခြင်းဖြင့် အထွက် ၁၅-၇၈ ရာခိုင်နှုန်းခန့် အထိတိုးတက် ထွက်ရှိသည်ကို သုတေသနစမ်းသပ်ချက်များ အရတွေ့ရှိရပါသည်)
ပုံ - ၃ ဝါပင်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်သုတေသန
(ခ) သုတေသနတွေ့ရှိချက်များအရ ဝါပင်အတွက် အကောင်းဆုံး နေ့/ည အပူချိန်မှာ ၃၀/၂၅ ဒီဂရီဆဲစီယပ်စ် ဖြစ်ပါသည်၊ ပြင်ပအပူချိန် ၃၅ ဒီဂရီဆဲစီယပ်စ် (35 *C) ကျော်လာ ပါက ဝါပင်အရွက်ဧရိယာ ကြီးမားကြယ်ပြန့်မှု နည်းပါးလာပါသည်၊ သို့သော် သုတေသန ပြုချက်အရ ထိုထက်ပူသော၊ အပူဒါဏ်ခံနိုင်သော ဝါမျိုးများထွက်ရှိနေပါပြီ၊
(ဂ) ရာသီဥတုပြောင်းလဲမှု (Climate Change) ဒဏ်ကြောင့် ဝါခင်းထဲတွင်လည်း မိုးကြီး ရေဝပ်မှုဒဏ် (Flooding/Water Logging) ကိုလည်းခံရနိုင်ပါသည်။ ဝါခင်းထဲ ၂ ရက်ကျော်ကျော် ရေဝပ်ပါက အရွက်ဧရိယာ ကျယ်ပြန့်မှု စတင်ကျဆင်းလာပါပြီ၊ ထို့အတွက် ကောင်း မွန်သောရေထုတ်စနစ် (Proper drainage system research) ကို ကြိုတင် သုတေသနပြု ဆောင်ရွက်ထားရန်လည်း လိုအပ်လျက်ရှိနေပါပြီ၊ ဝါပင် အမြစ်များ၏ သဘဝအရ ရေဝတ် လျှင် အမြစ်ပုတ်တတ်သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နည်း အမျိုးမျိုးဖြင့် ရေထုတ်နည်း သုတေသနများစွာ ရှိပါသည်။ လေ့လာစရာများစွာ လိုပါ သေးသည်။
(ဆက်ပါဦးမည်)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Bange, M.P. et. al. (2016) Climate Change and Cotton production in Modern Farming Systems. CABI. 61p.
Bhatt, J.G. (1996) Cotton Physiology. Indian Society for Cotton Improvement, Mumbai. 259p.
Steward, J.M.; Oosterhuis, D.M.; Heitholt, J.J. and Mauney, J.R. (2010) Physiology of Cotton. Springer. 573p.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....