“အရသာထူးတဲ့ ရွှေဖီဦး”
လက်ဖက်ခူးဆွတ်တဲ့ အချိန်ပေါ်မူတည်ပြီး လက်ဖက်ရွက်ကို “ရွှေဖီ၊ ခါးကန့်၊ နှင်းတက်” ဆိုပြီး နာမည်လေးတွေ အမျိုးမျိုးပေးကြပါတယ်။
မြန်မာပြည်မှာ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွေမှာ လက်ဖက်ခူးနားပါတယ်။ အခု မတ်လဆိုရင်တော့ လက်ဖက်ရွက်တွေ စခူးကြပါပြီ။ တချို့နေရာတွေမှာဆို ဖေဖော်ဝါရီလဝက် လောက်မှာ စခူးကြပါတယ်၊၊ နှစ်တနှစ်မှာ ပထမဦးဆုံးခူးတဲ့လက်ဖက်ရွက်ကို “ရွှေဖီ” လို့ သတ်မှတ် ကြ တယ်။ စခူးတဲ့အချိန်ကနေပြီး မိုးမကျခင်ထိ ခူးဆွတ်ရတဲ့ လက်ဖက်ဟာ ရွှေဖီ လက်ဖက်အမျိုးအစား ဖြစ်ပါတယ်။ တချို့ကတော့ ဦးဦးဖျားဖျားခူးထားတဲ့ လက်ဖက်ရွက်မို့ “ရွှေဖီဦး”လို့ တင်စားကြတယ်။ ဂျပန်နိုင်ငံမှာတော့ ပထမဆုံးခူးတဲ့ လက်ဖက်ရွက်ကို ရှင်းချ (နှစ်ဦးလက်ဖက်) လို့ ခေါ်ဝေါ်ကြပါတယ်။
ဆိုတော့ “ရွှေဖီ”ဆိုတာ ဆောင်းတွင်းမှာ ပုန်းနေပြီး အားဖြည့်ထားကြတဲ့ လက်ဖက် အဖူးလေး တွေကနေ ဆောင်းအကုန်၊ နွေဦးမှာ အားမာန်အပြည့်နဲ့ ထိုးထွက်လာကြတဲ့ လက်ဖက်ညွန့်လေးတွေပေါ့။ ဆောင်းတွင်းမှာ ရှိနေတဲ့ မြေကြီး အစိုဓါတ်လေးတွေသောက်သုံး ၊ နေရောင်ခြည်နွေးနွေး ၊ ရာသီဉတုအေးအေးလေးမှာ ဖြည်းဖြည်းလေးထိုးထွက်လာကြတဲ့ လက်ဖက်ရွက်လေးတွေဟာ တခြားလက်ဖက်ရွက်လေးတွေနဲ့မတူ တမူထူးခြားနေတာက “ရွှေဖီ”ရဲ့ သဘာဝလို့ ပြောရမလား။
လက်ဖက်ခြောက်/လက်ဖက်စို စတဲ့ လက်ဖက်ထုတ်ကုန်တွေရဲ့ အရည်အသွေး၊ အရသာတွေဟာ လက်ဖက်ပင်အမျိုးအစား၊ လက်ဖက်ပင်ပေါက်ရောက်တဲ့ တောတောင်ရေမြေ အနေအထား၊ ပင်လယ် ရေမျက်နှာပြင်အမြင့်၊ ထုတ်လုပ်တဲ့ နည်းပညာတွေပေါ် မူတည်ပြီး ကွာခြားသလို လက်ဖက်ရွက် ခူးဆွတ်တဲ့ အချိန်ကလည်း အရည်အသွေး၊ အရသာတွေမတူရတဲ့ အကြောင်းရင်းတခုပါ။
ဂျပန်နိုင်ငံရဲ့ နာမည်ကြီးလက်ဖက် ဖြစ်တဲ့ မတ်ချ (Matcha) လက်ဖက်ဟာ ရွှေဖီလက်ဖက် အမျိုးအစားကို သုံးပြီး ပြုလုပ်ကြတယ်လို့ဆိုပါတယ်။ ရွှေဖီလက်ဖက်ရွက်ကို သုံးပြီးထုတ်လုပ်ထားတဲ့ လက်ဖက်ထုတ်ကုန်တွေဟာ တခြားလက်ဖက်တွေထက် အရည်သွေးလည်းကောင်းတယ်၊ စျေးလည်းသာပါတယ်။
တခြားလက်ဖက်တွေနဲ့မတူ ရွှေဖီလက်ဖက်ရဲ့ ထူးခြားချက်တွေကတော့...
အာဟာရဓါတ်ပါဝင်မှုမြင့်မားခြင်း
တခြားအချိန်မှာ ခူးဆွတ်တဲ့ လက်ဖက်ရွက်တွေထက် “ရွှေဖီ”လက်ဖက်မှာ အာဟာရဓာတ် ပါဝင်မှုမြင့်မားပါတယ်။ အထူးသဖြင့် အန်တီအောက်စီးဒန့် ၊ကဖီးဓါတ် ပါဝင်မှု မြင့်မားပါတယ်၊၊ ဆောင်းတွင်းမှာ ကောင်းကောင်းနားပြီး ဆောင်းကုန်ပိုင်း ရာသီဉတု အေးအေးလေးမှာ ဖြည်းဖြည်းချင်းကြီးထွားရတာမို့ ရွှေဖီလက်ဖက်ညွန့်လေးတွေရဲ့ အာဟာရပါဝင်မှု မြင့်မားတယ်လို့ ဆိုကြပါတယ်။
အနံ့အရသာ ထူးကဲခြင်း
“ရွှေဖီ”လက်ဖက် နဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ခြောက်၊ လက်ဖက်စိုတွေဟာ အနံ့၊ အရသာ ပိုကောင်း ပါတယ်။ အရသာ ချိုမြမြလေးနဲ့ သင်းပျံ့ပျံ့ ရနံ့လေးဟာ “ရွှေဖီ”လက်ဖက် ရဲ့ ဝိသေသ တခု ဖြစ်ပါတယ်။
ဒါ့အပြင် “ရွှေဖီ”လက်ဖက်ရဲ့ ရွက်သားဟာ တခြားလက်ဖက်ရွက်လေးတွေထက် ပိုထူပါတယ်။
ဒီလို အနံ့အရသာထူးကဲပြီး အာဟာရဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ရွှေဖီလက်ဖက်ဟာ လူကြိုက်များပြီး၊ စျေးပိုပေးနေရတာ မဟုတ်ပါလား။
နန်းစုစံ(စိုက်ပျိုးရေး)
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Nan Su San
အားလုံး
ပျားကုထုံး အပန်းဖြေအိမ်..
25/07/2023
လက်ဖက်ခြောက်ကို ရေအေးနဲ့ စိမ်…သောက်လျှင်
13/07/2023
ဂျပန်နိုင်ငံတွင် အစစအရာရာ ဈေးတက်လိုက်ပြီး သက်ပြည့်ပင်စင်အသက်ကိုလည်း ၅ နှစ်တိုး
01/04/2022
ညသိပ်ရေနွေး သောက်သင့်လား
31/03/2022
Black Soldier Fly ကို အသုံးချခြင်း (သို့) “အစားအသောက်အလေအလွင့်” မှ “အပင်အာဟာရ”သို့
29/03/2022